မြောင်မှာ ရွာမီးရှိ့ပြီး ပြန်လာတဲ့ စစ်အုပ်စု မိုင်းကွင်းပေါ် တည့်တည့် လာရပ်လို့ ဖောက်ခွဲရာ စကစ ခြောက်ယောက်သေ၊
MFP ၊ ဒီဇင်ဘာ – ၇
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေဘုံသာကျေးရွာကို လုယက် မီးရှို့ပြီး ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ကျောက်ရစ် ရဲစခန်းဘက် ပြန်ဆုတ်လာတဲ့ စစ်အုပ်စုကို မနေ့က မနက်ပိုင်း မိုင်းကွင်းပေါ် တည့်တည့်ရောက်ချိန် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစတွေ လေပေါ် ပျံတက်သွားပြီး ခြောက်ယောက် သေတယ်လို့ 11 Brothers Revolution Forces (11BRF) က သတင်း ထုတ်ပြန်ပါတယ်။
“ရှေ့ပွိုင့်ထွက်တဲ့ ခွေး(၁၀)ကောင်က မိုင်းကွင်းထဲ ဝင်လာပြီး နောက်က စစ်ကြောင်းကို ဘေးပတ်ဝန်းကျင် ကင်းထောက် ပေးတဲ့သဘောဗျ။ အဲ့တာကို အပိုင် ဖောက်ခွဲခဲ့တာပါ” လို့ 11 Brothers Revolution Forces (11BRF) တပ်ဖွဲ့က MFP ကို ပြောပါတယ်။
ဒီဇင်ဘာ(၆)ရက် မနက်(၁၀)နာရီကျော်က မြောင်မြို့နယ် ရွှေဘုံသာကျေးရွာကို လုယက် မီးရှို့ပြီး ကျောက်ရစ်ရဲစခန်းဘက် ပြန်လာတဲ့ အင်အား (၅၀)ခန့်ပါ စစ်အုပ်စုကို 11 Brothers Revolution Forces (11BRF)၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်နှင့် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရွှေဘုံသာကျေးရွာကို မီးရှို့ ဖျက်ဆီး၍ ကျောက်ရစ်စခန်းသို့ ပြန်ဝင်လာသော စခများကို ပိတောက်ချောင်ရိုး အရောက်တွင် ကျွန်တော်တို့ 11BRF ပွိုင့်ကွင်းထဲသို့ ရဲရဲကြီး တိုးဝင်၍ နောက်ချန် စခများကို ရိုးဘေး ခြုံကွယ်၍ ကင်းထောက်ပေးရန် စခ(၁၀)ကောင်သည် ပွိုင့်ပေါ်တွင် ကင်းဝပ်နေချိန် ကျွန်တော်တို့ 11BRF မှ အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲလိုက်ရာ စခ(၁၀)ကောင်အနက် ခြောက်ကောင်မှာ နေရာတွင် ငရဲသို့ ရောက်ရှိသွားပြီး နေ့လည် (၂)နာရီအချိန်ခန့်တွင် အလောင်းကောက်၍ သင်္ဂြိုလ်ပြီး ကျန်ခွေးများ ဒဏ်ရာများဖြင့် ဆေးကုသနေသည်ဟု မျက်မြင် သတင်းပေးပို့မူ့အရ သိရပါသည်” လို့ 11 Brothers Revolution Forces (11BRF) က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ မြောင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူ၊ လုယက်မီးရှို့ပြီး ခိုးရာပါ ပစ္စည်းတွေကို မြောင်မြို့ပေါ်နှင့် ကျောက်ရစ်ရဲစခန်းဘက် သယ်ထုတ်နေတာ ဖြစ်ပါတယ်။
မြောင်နယ် ရွှေဘုံသာရွာကို မနေ့က မနက်ပိုင်း စစ်အုပ်စုက လုယက် မီးရှို့ ဖျက်ဆီးခဲ့ရာ ပြည်သူ့ရဲဘော်တွေ ဝိုင်းဝန်း မီးငြှိမ်းသတ်လို့ ရွာလုံးကျွတ် မီးမလောင်ပေမယ့် အိမ်ထောင်စု ကိုးစုရဲ့ နေအိမ်အဆောက်အဦး (၁၇)လုံး မီးလောင် ပြာကျခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
ခရက်ဒစ်ဗီဒီယို