မြင်းခြံမြို့ပေါ် ရွှေဆိုင်တစ်ဆိုင် လုယက်ခံရ
စန္ဒီ/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် လုယက်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ဩဂုတ်လ၂၈ရက်၊ နံနက် ၁၁နာရီခွဲခန့်က မြင်းခြံမြို့၊စည်ပင်သာယာဈေးတောင်ဖက်ရှိ ဝိန့်ဆန်းရွှေဆိုင်အား လက်နက်များဖြင့် ဝင်ရောက်ခြိမ်းခြောက်ကာ လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
“မြင်းခြံမြို့ပေါ်မှာ အခြေချနေတဲ့ပြောက်ကျားအဖွဲ့တွေ မရှိတာမို့ လက်နက်ကိုင်ပျူတွေဖြစ်နိုင်တယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထင်မြင်ချက်ပေးသည်။
လုယက်ခံရမှုတွင် ရွှေဆိုင်၏ ပစ္စည်းဆုံးရှုံးမှုအခြေအနေအား မသိရသေးပေ။
စစ်ကောင်စီသည် တွေ့ရာလူစွပ်စွဲဖမ်းဆီးမှုများရှိလာနိုင်သည့်အတွက် မြင်းခြံမြို့နေပြည်သူများ အသွားအလာသတိရှိကြရန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေတ္တာရပ်ခံထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မြင်းခြံဒေသခံတစ်ဦးက”ပျူတွေကြီးစိုးတဲ့ မြို့ဆိုတာ အကုန်သိနေတာ အခုလုပ်တာလဲ ပျူနဲ့ စခတွေပါပဲ။ မြို့ခံသူဌေးတွေက စစ်ကောင်စီကို လာဘ်ထိုးထားတော့ ဝိန့်ဆန်းလို့ တခြားမြို့က စီးပွားလာလုပ် တဲ့ သူ့ဆိုင်ပဲ တိုက်ရဲတာ။ နေသာသလို နေနေကြတဲ့ သူဌေးတွေကို သွားတိုက်တဲ့ အသံပါ ကြားချင်တာ။”ဟု ပြောသည်။
မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း စစ်ကောင် စီအား ခုခံတော်လှန်တိုက်ခိုက်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခြင်းကိုပင် ခံထားရသည်။
Zawgyi(version)
ျမင္းၿခံၿမိဳ႕ေပၚ ေ႐ႊဆိုင္တစ္ဆိုင္ လုယက္ခံရ
စႏၵီ/People’s Spring
မႏၱေလးတိုင္း၊ ျမင္းၿခံၿမိဳ႕ေပၚတြင္ ယေန႕နံနက္ပိုင္းက ေ႐ႊဆိုင္တစ္ဆိုင္ လုယက္ခံရေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ယေန႕ဩဂုတ္လ၂၈ရက္၊ နံနက္ ၁၁နာရီခြဲခန႔္က ျမင္းၿခံၿမိဳ႕၊စည္ပင္သာယာေဈးေတာင္ဖက္ရွိ ဝိန႔္ဆန္းေ႐ႊဆိုင္အား လက္နက္မ်ားျဖင့္ ဝင္ေရာက္ၿခိမ္းေျခာက္ကာ လုယက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမင္းၿခံလူထုလႈပ္ရွားမႈေကာ္မတီက အသိေပးသည္။
“ျမင္းၿခံၿမိဳ႕ေပၚမွာ အေျခခ်ေနတဲ့ေျပာက္က်ားအဖြဲ႕ေတြ မရွိတာမို႔ လက္နက္ကိုင္ပ်ဴေတြျဖစ္နိုင္တယ္။”ဟု ျမင္းၿခံလူထုလႈပ္ရွားမႈေကာ္မတီက ထင္ျမင္ခ်က္ေပးသည္။
လုယက္ခံရမႈတြင္ ေ႐ႊဆိုင္၏ ပစၥည္းဆုံးရႈံးမႈအေျခအေနအား မသိရေသးေပ။
စစ္ေကာင္စီသည္ ေတြ႕ရာလူစြပ္စြဲဖမ္းဆီးမႈမ်ားရွိလာနိုင္သည့္အတြက္ ျမင္းၿခံၿမိဳ႕ေနျပည္သူမ်ား အသြားအလာသတိရွိၾကရန္ ျမင္းၿခံလူထုလႈပ္ရွားမႈေကာ္မတီက ေမတၱာရပ္ခံထားသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမင္းၿခံေဒသခံတစ္ဦးက”ပ်ဴေတြႀကီးစိုးတဲ့ ၿမိဳ႕ဆိုတာ အကုန္သိေနတာ အခုလုပ္တာလဲ ပ်ဴနဲ႕ စခေတြပါပဲ။ ၿမိဳ႕ခံသူေဌးေတြက စစ္ေကာင္စီကို လာဘ္ထိုးထားေတာ့ ဝိန႔္ဆန္းလို႔ တျခားၿမိဳ႕က စီးပြားလာလုပ္ တဲ့ သူ႕ဆိုင္ပဲ တိုက္ရဲတာ။ ေနသာသလို ေနေနၾကတဲ့ သူေဌးေတြကို သြားတိုက္တဲ့ အသံပါ ၾကားခ်င္တာ။”ဟု ေျပာသည္။
ျမင္းၿခံၿမိဳ႕သည္ မႏၱေလးတိုင္းအတြင္း စစ္ေကာင္ စီအား ခုခံေတာ္လွန္တိုက္ခိုက္မႈ အားေကာင္းရာေဒသတစ္ခုျဖစ္ၿပီး မိုဘိုင္းအင္တာနက္ျဖတ္ေတာက္ျခင္းကိုပင္ ခံထားရသည္။