ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ် တပ်စခန်း ၃ ခုထက်မနည်းကို KNU တပ်မဟာ(၅) တိုက်ခိုက်သိ-မ်းနိုင်ပြီ

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ် တပ်စခန်း ၃ ခုထက်မနည်းကို KNU တပ်မဟာ(၅) တိုက်ခိုက်သိ-မ်းနိုင်ပြီ

▪︎ညာတခိုကျိုးတပ်စခန်းအပါအဝင်စခန်းအချို့ကိုသိမ်းပိုက်

သက်ဝေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုထက်မနည်းကို ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ ညာတခိုကျိုး စစ်ကောင်စီတပ်စခန်း အပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိခဲ့ကြောင်း KNUသတင်းရင်းမြစ်ကပြောသည်။

ယနေ့မနက်တွင်ညာတခိုကျိုးတပ်စခန်း၊ လယ်တိုးတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းသုံးခုထက်မနည်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ညာတခိုကျိုးတပ်စခန်း သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး KNU ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟုKNU သတင်းရင်းမြစ်က​ပြောသည်။

“သူတို့ ဘက်က ၆ယောက်လောက်သေတယ်။ထိခိုက်တာက သူတို့ ပြေးတာဆိုတော့ အတိအကျမသိဘူး။ တက်သိမ်းတာ သွေးတွေဘာတွေတွေ့တာပဲ။ လက်နက်ခဲယမ်းရတယ်။ ကျနော်တို့ဆီမှာရဲဘော် ၂ဦးကျသွားတယ်။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရရှိသည့် လက်နက်များအနက် ၆၀ မမ လက်နက်ကြီး ပါဝင်ကြောင်း ၎င်းကဆက်​ပြောသည်။အဆိုပါ ညာတခိုကျိုး စစ်ကောင်စီတပ်စခန်းသည် အရေးပါတဲ့စခန်းတစ်ခုဖြစ်ပြီး စခန်းသိမ်းပြီး​နောက် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ထိုအပြင်သံလွင်မြစ်ကမ်းတွင်စစ်​တပ်၏ သက်တမ်းအရှည်ဆုံးစခန်းတစ်ခုဖြစ်​သော သီးရိုထာစခန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်​ကောင်စီတပ် ​သေဆုံးထိ့ခိုက်မှုများပြီး စခန်းကိုသိမ်းဆည်းနိုင်ခဲ့​ကြောင်း ​ဒေသတွင်းသတင်းဌာနဖြစ်​သော Salween Press ကလည်း​ဖော်ပြသည်။

သို့​သော်လယ်တိုးစခန်းနှင့်အခြားစခန်းသိမ်းတိုက်ပွဲအ​ခြေအ​​နေကိုမူ အ​သေးစိပ်မသိရ​သေး​ပေ။ ယခင်က KNU တပ်မဟာ(၅)အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို ပြောက်ကျားတိုက်ခိုက်ခိုက်နေရာမှ ယနေ့တွင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလာခြင်းဖြစ်သည်။

“အရှိန်မြှင့်တာပေါ့။ကိုယ်နယ်မြေကိုယ်ပြန်ထိန်းဖို့ တစ်ဖက်တစ်လမ်းက တိုက်ပွဲအရှိန်မြှင့်လာမှာပဲ။ ပြည်တွင်းမှာလည်းမြင့်လာသလို ကိုယ့်နယ်မြေမှာလည်းကိုယ်ထိန်းသိမ်းဖို့ ပြန်လည်ထိန်းသိမ်းတာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ကို ဖြုတ်ချနိုင်ရန် နိုင်ငံရေးအရ စစ်ရေးအရ သံတမန်ရေးအရ တပြိုင်တည်းအရှိန်မြှင့်ရမည်ဟု KNU သတင်းရင်းမြစ်က​ပြောသည်။ ပြည်တွင်းရှိ ပြည်သူလူထုများကလည်း သူ့နည်းသူ့ဟန်နှင့်လုပ်ဆောင်နေကြကြောင်း KNU သတင်းရင်းမြစ်က ဆက်ပြောသည်။KNU တပ်မဟာ(၅)နယ်မြေတွင် နိုဝင်ဘာလအတွင်းကလည်း တိုက်ပွဲ ၁၁၆ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

(၂၀၂၂ ဧပြီ လတွင် KNU/KNLAက သိမ်းပိုက်ခဲ့​သော ​သော်လဲထာစခန်းကို စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ)

Zawgyi(version)

ဖာပြန္ခရိုင္ရွိ စစ္ေကာင္စီတပ္ တပ္စခန္း ၃ ခုထက္မနည္းကို KNU တပ္မဟာ(၅) တိုက္ခိုက္သိ-မ္းနိုင္ၿပီ

▪︎ညာတခိုက်ိဳးတပ္စခန္းအပါအဝင္စခန္းအခ်ိဳ႕ကိုသိမ္းပိုက္

သက္ေဝ/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)တပ္မဟာ(၅)နယ္ေၿမ ဖာပြန္ခရိုင္ရွိ စစ္ေကာင္စီ တပ္စခန္း ၃ ခုထက္မနည္းကို ယေန႔ (ဒီဇင္ဘာ ၆ရက္)တြင္ စခန္းသိမ္းတိုက္ခိုက္ခဲ့ရာ ညာတခိုက်ိဳး စစ္ေကာင္စီတပ္စခန္း အပါအဝင္ တပ္စခန္းအခ်ိဳ႕သိမ္းပိုက္ရရွိခဲ့ေၾကာင္း KNUသတင္းရင္းျမစ္ကေျပာသည္။

ယေန႔မနက္တြင္ညာတခိုက်ိဳးတပ္စခန္း၊ လယ္တိုးတပ္စခန္း အပါအဝင္ စစ္ေကာင္စီတပ္စခန္းသုံးခုထက္မနည္းကို တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ညာတခိုက်ိဳးတပ္စခန္း သိမ္းတိုက္ပြဲတြင္စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈမ်ားၿပီး KNU ရဲေဘာ္ႏွစ္ဦးက်ဆုံးခဲ့သည္ဟုKNU သတင္းရင္းျမစ္က​ေျပာသည္။

“သူတို႔ ဘက္က ၆ေယာက္ေလာက္ေသတယ္။ထိခိုက္တာက သူတို႔ ေျပးတာဆိုေတာ့ အတိအက်မသိဘူး။ တက္သိမ္းတာ ေသြးေတြဘာေတြေတြ႕တာပဲ။ လက္နက္ခဲယမ္းရတယ္။ က်ေနာ္တို႔ဆီမွာရဲေဘာ္ ၂ဦးက်သြားတယ္။” ဟု KNU သတင္းရင္းျမစ္က ေျပာသည္။

သိမ္းဆည္းရရွိသည့္ လက္နက္မ်ားအနက္ ၆၀ မမ လက္နက္ႀကီး ပါဝင္ေၾကာင္း ၎ကဆက္​ေျပာသည္။အဆိုပါ ညာတခိုက်ိဳး စစ္ေကာင္စီတပ္စခန္းသည္ အေရးပါတဲ့စခန္းတစ္ခုျဖစ္ၿပီး စခန္းသိမ္းၿပီး​ေနာက္ စစ္ေကာင္စီတပ္က ေလေၾကာင္း ပစ္ကူေပး တိုက္ခိုက္မႈရွိခဲ့ေၾကာင္း KNU သတင္းရင္းျမစ္က ေျပာသည္။

ထိုအျပင္သံလြင္ျမစ္ကမ္းတြင္စစ္​တပ္၏ သက္တမ္းအရွည္ဆုံးစခန္းတစ္ခုျဖစ္​ေသာ သီးရိုထာစခန္းကိုလည္းတိုက္ခိုက္သိမ္းပိုက္ရာ စစ္​ေကာင္စီတပ္ ​ေသဆုံးထိ့ခိုက္မႈမ်ားၿပီး စခန္းကိုသိမ္းဆည္းနိုင္ခဲ့​ေၾကာင္း ​ေဒသတြင္းသတင္းဌာနျဖစ္​ေသာ Salween Press ကလည္း​ေဖာ္ျပသည္။

သို႔​ေသာ္လယ္တိုးစခန္းႏွင့္အျခားစခန္းသိမ္းတိုက္ပြဲအ​ေျခအ​​ေနကိုမူ အ​ေသးစိပ္မသိရ​ေသး​ေပ။ ယခင္က KNU တပ္မဟာ(၅)အေနျဖင့္ စစ္ေကာင္စီတပ္စခန္းမ်ားကို ေျပာက္က်ားတိုက္ခိုက္ခိုက္ေနရာမွ ယေန႔တြင္ စခန္းသိမ္းတိုက္ပြဲ ဆင္ႏႊဲလာျခင္းျဖစ္သည္။

“အရွိန္ျမႇင့္တာေပါ့။ကိုယ္နယ္ေျမကိုယ္ျပန္ထိန္းဖို႔ တစ္ဖက္တစ္လမ္းက တိုက္ပြဲအရွိန္ျမႇင့္လာမွာပဲ။ ျပည္တြင္းမွာလည္းျမင့္လာသလို ကိုယ့္နယ္ေျမမွာလည္းကိုယ္ထိန္းသိမ္းဖို႔ ျပန္လည္ထိန္းသိမ္းတာေပါ့” ဟု KNU သတင္းရင္းျမစ္က ေျပာသည္။

စစ္ေကာင္စီတပ္ကို ျဖဳတ္ခ်နိုင္ရန္ နိုင္ငံေရးအရ စစ္ေရးအရ သံတမန္ေရးအရ တၿပိဳင္တည္းအရွိန္ျမႇင့္ရမည္ဟု KNU သတင္းရင္းျမစ္က​ေျပာသည္။ ျပည္တြင္းရွိ ျပည္သူလူထုမ်ားကလည္း သူ႔နည္းသူ႔ဟန္ႏွင့္လုပ္ေဆာင္ေနၾကေၾကာင္း KNU သတင္းရင္းျမစ္က ဆက္ေျပာသည္။

KNU တပ္မဟာ(၅)နယ္ေျမတြင္ နိုဝင္ဘာလအတြင္းကလည္း တိုက္ပြဲ ၁၁၆ႀကိမ္ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈမ်ားခဲ့သည္။

(၂၀၂၂ ဧၿပီ လတြင္ KNU/KNLAက သိမ္းပိုက္ခဲ့​ေသာ ​ေသာ္လဲထာစခန္းကို စခန္းသိမ္းၿပီး​ေနာက္​ေတြ႕ရစဥ္။ ဓါတ္ပုံ-ရိုက္တာ)