‌ေ-သဒ-ဏ်ချမှတ်ခံထားရသော မြန်မာကျောင်းသားများနှင့် အတူရပ်တည်နေကြောင်း နီပေါကျောင်းသားများ ဆန္ဒပြ

နီပေါနိုင်ငံ မြန်မာသံရုံးရှေ့တွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာကျောင်းသားများနှင့် အတူရပ်တည်နေကြောင်း နီပေါကျောင်းသားများ ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က သေဒဏ် ချမှတ်ခဲ့သော မြန်မာကျောင်းသားများနှင့် အတူရပ်တည်နေကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့၌ နီပေါကျောင်းသား သမဂ္ဂက ကျောင်းသားများက အကြမ်းဖက် မြန်မာ စစ်အုပ်စု၏ လုပ်ဆောင်ချက်ကို ကန့်ကွက်ကြောင်း မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံနေရသူတွေနဲ့အတူ နီပေါကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားများက ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့ခြင်းဖြစ်​ပြီး နီပေါရဲတပ်ဖွဲ့မှ ကျောင်းသားများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo – နီပေါကျောင်းသားသမဂ္ဂ


ရန်ကုန်၊ ဒီဇင်ဘာ ၆


