လိမ်တယ်ဆိုတာမသိသေးသူတွေကိုပဲရမှာပေါ့။

လိမ်တယ်ဆိုတာမသိသေးသူတွေကိုပဲရမှာပေါ့။

ဖက်ဆစ်တပ် ခေါင်သူကြီး မနေ့ကပဲဗြောင်လိမ်တာ။လက်ရှိအခြေအနေအားလုံးကိုတကွက်တည်းနဲ့မြင်စေတယ်။မဲမသမာမှုဆိုတဲ့စွပ်စွဲချက်ပေါ့။ခုထိပြောင်လိမ်တုန်း။

“မဲပေးသူပြည်သူအပေါင်းရှေ့မှာဘာလို့ဒီလောက်မျက်နှာပြောင်ရဲရလဲ”

ကာယကံရှင်ပြည်သူကမဲရုံမှာမှင်စွန်း၊လမ်းပေါ်မှာသွေးစွန်းပြခဲ့ပြီးပြီ။ဘယ်ကိုမဲထည့်ခဲ့လဲ။ရလဒ်ဘယ်လောက်မှန်ကန်တယ်ဆိုတာအသေခံပြပြီးပြီ။လိမ်မရတော့ဘူး။ဒါဖြင့်ဘယ်သူကိုလိမ်ပြန်သလဲ။ဘာလို့သူကလိမ်တာလဲ။ဘယ်သူ့ကိုယုံစေချင်တာလဲ

သူ့တပ်အခြေအနေသူသိနေလို့ပဲ။စကစကိုအာဆီယံရောကမ္ဘာပါလက်မခံဘူး။စကစရဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်းငြင်းပယ်တယ်။အဲဒီတော့သူ့တပ်နဲ့သူပဲဆက်မိုက်တော့မယ်ဆိုတဲ့စစ်ကောင်စီအတွက်တပ်ထဲကိုပဲပြန် စိတ်ကိုလှည့်စားရတော့မယ် ၊စစ်တပ်ကိုကဗိုလ်ချုပ်တွေလိမ်သမျှငုတ်တုတ်အမြဲနားထောင်ရတဲ့ဘ၀ကိုး။

တပ်မှာကလေကြောင်းဗုံးကြဲပါမှတိုက်ရဲတော့တယ်။တိုက်ပွဲမှန်သမျှလက်နက်ချ စွန့်ပြေးကြတဲ့အခြေအနေ။တော်လှန်ရေးအင်အားစုတွေဝိုင်းတိုက်တာခံနေရရာက တဖွဲ့ကလူသားချင်းစာနာမှုဆိုင်ရာအပစ်ရပ်တယ်ဆိုရုံနဲ့ထခုန်ဝမ်းသာနေရတယ်။တကယ်တော့ ဖက်ဆစ်တပ်နဲ့ လုပ်ရတဲ့ အပစ်ရပ်စဲ cease fire ဆိုတာ cease ပြီးရင် fire လာမှာပဲ။ ဒီထက်မပိုဘူး။ ပိုချင်လို့လည်းမရဘူးလေ။ ပြည်သူရွေးကောက်တင်မြောက်ထားတာမှမဟုတ်တာ၊တရားဝင်ဖြစ်မှု legitimacy လည်းမရှိ၊ ဘာမှအာမခံခွင့်မရှိ ဆိုတော့။

သတင်းသမားတွေမေးကြည့်စေချင်တယ် “အပစ်ရပ်စဲလက်မှတ်ထိုးဖို့ စည်းရုံးလို့ရသလား “လို့။အောက်ခြေကတော့ဘာသိမလဲ စစ်ပမ်းလွန်းတော့ ခနသက်သာရ နဲလားပေါ့၊ဒါပေမယ့်ကြာကြာလည်းဝမ်းသာခွင့်မရရှာပါဘူး။တဖက်က humanitarian pause လို့အတိအကျသုံးလိုက်လိုက်တော့ နဖူးရိုက်၊ဒီအခိုက်မှာMNDAAကလဲတိုက်လိုက်တော့စစ်ကောင်စီတပ်ရင်းမှူးဒဏ်ရာရ အရာရှိနှစ်ယောက်အပါအဝင်ဆယ်ဂဏန်းကျ။စစ်ကိုင်းတနယ်လုံးလည်းတိုက်နေကြ ။

တောင်ပိုင်းမှာတပ်မဟာ(၁)နယ်မြေကအဖွဲ့ပေါင်းစုံ (၂၅) ဖွဲ့ရဲ့စုပေါင်းတိုက်ပွဲဝင်ကြေညာချက်၊ ဒါတွေကအားတက်စရာ၊ဒီလိုမမြင်တတ်သူတွေသာစိုးရိမ်စရာဖြစ်မှာပါ။တပ်မဟာ(၁)သထုံခရိုင်ဟာ အာရှလမ်းကိုခွစီးထားတဲ့ဗျူဟာမြောက်ဒေသ။ဒီလိုတပ်ပေါင်းစုသဏ္ဍန်ကြေညာချက်မျိုးလောက်အားကောင်းမောင်းသန်ရှိဦးမှာလား။

မွန်ကရင် တကြော တော်လှန်ရေးအားမြင့်လာတဲ့ “ရေး “အထိ ၊ထိုမှဆက်နေတဲ့ တနင်္သာရီ ဘုတ်ပြင်းတကြောမှာလည်း ဖက်ဆစ်တပ်ကိုနေ့စဉ်နှိပ်ကွက်ပြနေတာ တော်လှန်ရေးစစ်မြေပြင်တွေ အနှံ့ကျယ်လာတာ၊ဖက်ဆစ်တပ်သိသိကြီးနဲ့စစ်ကူလည်းမရှိ မပို့နိုင်၊ညောင်ဦးလိုဒေသမျိုးတောင် ပြည်သူ့သတ္တိနဲ့ အစွမ်းပါပြလို့ စကစရဲအရာရှိတွေပါ နှိမ်နင်းခံရတာ။ နေရာတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ Drone တွေဝဲ၊ ဗုံးတွေကြဲမှာကြောက်လို့ ရေတောင်စိုအောင်မချိုးရဲကြောင်း ဖမ်းမိတိုင်းမှာ ဝန်ခံကြတာ။ ​တော်လှန်ရေးရဲ့ အားသာချက်တွေ ရေးပြရင်မဆုံးနိုင်။

ဒီလိုအားတက်စရာတွေကိုဘာလို့မပြစေ၊ ဘာလို့မကြည့်စေချင်ရတာလဲ၊ဘာကြောင့်စိတ်ပျက်စရာရွေးလို့သာဝါဒဖြန့်နေရတာလဲ၊လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ ၆လ အပစ်ရပ်မယ်ဆိုတာမျိုးလုပ်ကြံသတင်း ကိုယ်တိုင်ဖြန့်သူတွေကလည်းလိုက်ဖြန့်နေကြတာလဲ။

“အာရုံမလွဲစေနဲ့”

ရွာတွေကိုမီးရှို့ပြာကျရင်လည်းလက်သည်ရဲ့ကြမ်းကြုတ်ရက်စက်မှုကိုမပြော၊NUGကိုအပြစ်တင်တယ် ၊တကယ်တော့ယူကရိန်းလိုလက်နက်အပြည့်အစုံနှင့်စစ်တပ်ကြီးရှိတာတောင်လှိမ့်ခံကြရနေတာပဲအပြစ်မတင်ကြပါဘူး။သူတို့မှာလည်းကျူးကျော်စစ်ဒါဏ်လူးလှိမ့်ခံပြည်သူဦးရေသန်းပေါင်းများစွာရှိနေတာပါ။

“စိတ်ဝမ်းမကွဲစေနဲ့”

အားလုံးတပြိုင်ထဲတူညီရုန်းတဲ့တနေ့မှာဖက်ဆစ်တပ်မခံနိုင်ပါဘူး။ဘယ်လေကြောင်းမှလည်းနေရာတကာကိုမတိုက်နိုင်တော့ဘူး။ဒါကိုပြည်သူအားလုံးလည်းသိတယ်လက်နက်ကိုင်တော်လှန်ရေးအပါအဝင်တော်လှန်ရေးပေါင်းစုံကိုဆင်နွဲနေသူအားလုံးသိတယ်။ အရေးကြီးဆုံးကတသံတည်းညီတချီထဲရုန်းဖို့ပါ၊ တနှစ်စာစီမံချက်မှာဒါရှိပါတယ်။

“အချိန်မဆွဲနဲ့”​

အခု မဲမသမာလုပ်ကြံဇာတ်လမ်းနဲ့တပ်ထဲမှာပြန်တည်ဆောက်နေရတာ။ ဘက်ပေါင်းစုံကအတိုက်အခိုက်ခံနေရလို့ယိုင်နဲ့နေတဲ့တပ်ထဲမှာမမောနိုင်မပန်းနိုင်အကြိမ်ကြိမ်ပြောင်လိမ်ဝါဒဖြန့်နေရတယ်။

ဟိုး ၂၀၂၁ဇန်နဝါရီ စစ်တပ်ကအာဏာမလုမီအလီလီလာညှိခဲ့တာပြန်ဖေါ်မှရပါလိမ့်မယ်။ သူသမ္မတဖြစ်ချင်လို့တဲ့ ၊တောင်းရဲပုံ။ အနိုင်ရပါတီကပြည်သူအပေါ်သစ္စာမမဲ့နိုင်လို့သဘောမတူခဲ့ဘူး။

နောက်တခါ ကာ/ချုပ်ရာထူးသက်တမ်းလွန်နေတာကိုထပ်တိုးပေးဖို့လာတောင်းဆိုပြန်လည်း ဥပဒေအရလုပ်ပေးလို့မရနိုင်။ဒါနဲ့ပဲအာဏာကိုလုသိမ်းလိုက်တာပဲ။တကယ်လို့သာလိုက်လျောခဲ့ရင်အာဏာမသိမ်းဘူး။ဒါဆိုမဲမသမာမှုဆိုတာဘယ်မလဲ။မရှိဘူးဘယ်မှာလဲမဲမသမာမှု။

ဒါဟာသူတောင်းဆိုတာမရလို့ဇွတ်လိုက်ကပ်တဲ့ “တံဆိပ်”ပဲ။ဒါတွေကိုကိုယ်တိုင်ပြန်ပြောပြနိုင်မယ့်ခေါင်းဆောင်တွေ၊ထောင်ထဲမှာဓားစာခံဖမ်းထားတယ်၊ သတ္တိရှိရင်မျက်နှာချင်းဆိုင်ရှင်းလိုက်ကြရအောင်။

#မင်းကိုနိုင်

crd–