တမူးမြို့တွင် တပ်ဆင်ထားသောမိုင်း ပြည်သူများထိမည်စိုးရိမ်၍ပြန်ဖြုတ်စဥ် ပေါက်ကွဲမှုဖြစ်ပြီး PDF ရဲဘော်သုံးဦး ကျဆုံး
ဆလိုင်းမာန်/People’s Spring
စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် တပ်ဆင်ထားသောမိုင်း ပြည်သူများထိမည်စိုးရိမ်၍ ပြန်ဖြုတ်သိမ်းစဥ်ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။
တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။
“စ..(စစ်ကောင်စီတပ်)လမ်းကြောင်းကို ထောင်ထားတဲ့မိုင်းတွေကို ပြည်သူတွေအတွက် စိတ်ပူလို့ ပြန်ဖြုတ်ရင်းအဖြစ်ဆိုးကြုံတာ။ စိတ်ထဲ တော်တော်နာကျင်ရတယ်ဗျာ”ဟု ကျဆုံးသူရဲဘော်တစ်ဦးနှင့်အတူ တိုက်ပွဲဝင်ဖူးသော People’s Defence Force(Kalay)မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးအနက် တစ်ဦးသည် ၁၀နာရီခန့်ကြာသည်အထိ ခွဲစိတ်ကုသခဲ့သော်လည်း ယနေ့နံနက် ၄နာရီခန့်တွင် ကျဆုံးသွားခဲ့သည်ဟု တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်၊ ဆေးတပ်ဖွဲ့မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။
“ညီ လွပ်လပ်စွာ အနားယူလိုက်ပါတော့ကွာ။ မင်းအသက်ပေးခဲ့တာနဲ့တန်အောင် ငါတို့ အဆုံးထိတော်လှန်မယ်ပေးမယ်လို့ ကတိပေးပါတယ်ကွာ။ လွပ်လပ်စွာအနားယူလိုက်ပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဝမ်းနည်းကြောင်းကို လူမှုကွန်ရက်တွင် ရေးတင်ထားသည်။
တမူးမြို့သည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းပြီး စစ်ကောင်စီကို အစောဆုံး လက်နက်ကိုင်တော်လှန်ခဲ့သည့် ဒေသများတွင် ပါဝင်သည်။ ယခုအခါ စစ်ကောင်စီက မြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား သည်။ ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ စွန့်လွှတ်မှုကို အလေးထားပြီး တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ကြရန်လည်း တမူးမြို့ခံများက တိုက်တွန်းသည်။
“တော်လှန်ရေးခရီးကြမ်းက ကျန်နေသေးတယ်။ ပြည်သူတွေအနေနဲ့ အပျော်အပါးကို ခဏဘေးထားပြီး တော်လှန်ရေးကို အာရုံပိုစိုက်စေချင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး၏ ဖခင်က ပြောသည်။
တမူးမြို့၌ လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေ၍ မြို့ခံများအနေဖြင့် အထူးဂရုစိုက်နေထိုင်ကြရန်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။
(ကျဆုံးခဲ့သော PDF တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
Zawgyi(version)
တမူးၿမိဳ႕တြင္ တပ္ဆင္ထားေသာမိုင္း ျပည္သူမ်ားထိမည္စိုးရိမ္၍ျပန္ျဖဳတ္စဥ္ ေပါက္ကြဲမႈျဖစ္ၿပီး PDF ရဲေဘာ္သုံးဦး က်ဆုံး
ဆလိုင္းမာန္/People’s Spring
စစ္ကိုင္းတိုင္း တမူးၿမိဳ႕တြင္ စစ္ေကာင္စီတပ္အားတိုက္ခိုက္ရန္ တပ္ဆင္ထားေသာမိုင္း ျပည္သူမ်ားထိမည္စိုးရိမ္၍ ျပန္ျဖဳတ္သိမ္းစဥ္ေပါက္ကြဲမႈျဖစ္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္(PDF) ရဲေဘာ္သုံးဦး က်ဆုံးခဲ့ရသည္။
တမူးၿမိဳ႕ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္မွ တပ္ဖြဲ႕ဝင္တစ္ဦးႏွင့္ မဟာမိတ္တပ္ဖြဲ႕တစ္ခုမွ ရဲေဘာ္ႏွစ္ဦးသည္ ယမန္ေန႔(ဒီဇင္ဘာ၁ရက္) ညေနတြင္ အထက္ပါအတိုင္း မိုင္းရွင္းလင္းေရးလုပ္ေဆာင္စဥ္ ေပါက္ကြဲမႈျဖစ္ၿပီး က်ဆုံးခဲ့ရျခင္းျဖစ္သည္။
“စ..(စစ္ေကာင္စီတပ္)လမ္းေၾကာင္းကို ေထာင္ထားတဲ့မိုင္းေတြကို ျပည္သူေတြအတြက္ စိတ္ပူလို႔ ျပန္ျဖဳတ္ရင္းအျဖစ္ဆိုးၾကဳံတာ။ စိတ္ထဲ ေတာ္ေတာ္နာက်င္ရတယ္ဗ်ာ”ဟု က်ဆုံးသူရဲေဘာ္တစ္ဦးႏွင့္အတူ တိုက္ပြဲဝင္ဖူးေသာ People’s Defence Force(Kalay)မွ တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။
ျပည္သူ႔ကာကြယ္ေရးရဲေဘာ္သုံးဦးအနက္ တစ္ဦးသည္ ၁၀နာရီခန္႔ၾကာသည္အထိ ခြဲစိတ္ကုသခဲ့ေသာ္လည္း ယေန႔နံနက္ ၄နာရီခန္႔တြင္ က်ဆုံးသြားခဲ့သည္ဟု တမူးၿမိဳ႕ျပည္သူ႔ကာကြယ္ေရးတပ္၊ ေဆးတပ္ဖြဲ႕မွ ျပည္သူ႔ရဲေဘာ္တစ္ဦးက ေျပာသည္။
“ညီ လြပ္လပ္စြာ အနားယူလိုက္ပါေတာ့ကြာ။ မင္းအသက္ေပးခဲ့တာနဲ႔တန္ေအာင္ ငါတို႔ အဆုံးထိေတာ္လွန္မယ္ေပးမယ္လို႔ ကတိေပးပါတယ္ကြာ။ လြပ္လပ္စြာအနားယူလိုက္ပါ”ဟု ျပည္သူ႔ကာကြယ္ေရးရဲေဘာ္တစ္ဦးက ဝမ္းနည္းေၾကာင္းကို လူမႈကြန္ရက္တြင္ ေရးတင္ထားသည္။
တမူးၿမိဳ႕သည္ စစ္အာဏာရွင္ေတာ္လွန္ေရးအားေကာင္းၿပီး စစ္ေကာင္စီကို အေစာဆုံး လက္နက္ကိုင္ေတာ္လွန္ခဲ့သည့္ ေဒသမ်ားတြင္ ပါဝင္သည္။ ယခုအခါ စစ္ေကာင္စီက ၿမိဳ႕ေပၚကိုသာထိန္းခ်ဳပ္ထားနိုင္ၿပီး ၿမိဳ႕ပတ္ဝန္းက်င္ကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ထိန္းခ်ဳပ္ထား သည္။ က်ဆုံးျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ား၏ စြန္႔လႊတ္မႈကို အေလးထားၿပီး ေတာ္လွန္ေရးတြင္ အရွိန္ျမႇင့္ပါဝင္ၾကရန္လည္း တမူးၿမိဳ႕ခံမ်ားက တိုက္တြန္းသည္။
“ေတာ္လွန္ေရးခရီးၾကမ္းက က်န္ေနေသးတယ္။ ျပည္သူေတြအေနနဲ႔ အေပ်ာ္အပါးကို ခဏေဘးထားၿပီး ေတာ္လွန္ေရးကို အာ႐ုံပိုစိုက္ေစခ်င္တယ္”ဟု ျပည္သူ႔ကာကြယ္ေရးတပ္မွ ရဲေဘာ္တစ္ဦး၏ ဖခင္က ေျပာသည္။
တမူးၿမိဳ႕၌ လက္ရွိတြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္ၾကား စစ္ေရးတင္းမာေန၍ ၿမိဳ႕ခံမ်ားအေနျဖင့္ အထူးဂ႐ုစိုက္ေနထိုင္ၾကရန္လည္း ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ားက သတိေပးသည္။
(က်ဆုံးခဲ့ေသာ PDF တပ္ဖြဲ႕ဝင္တစ္ဦးအား ေတြ႕ရစဥ္၊ ဓာတ္ပုံ-CJ)