အရာတော်နယ် သလဲဘာရွာက ပျူဒု-ခေါင်းဆောင်နဲ့ ပျူအဖွဲ့ဝင်ကို အ‌ေ-ဖမ်းမိ၊

အရာတော်နယ် သလဲဘာရွာက ပျူဒု-ခေါင်းဆောင်နဲ့ ပျူအဖွဲ့ဝင် တစ်ယောက်ကို အသေဖမ်းမိ၊

MFP ၊ ဒီဇင်ဘာ – ၂

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ သလဲဘာရွာ ပျူစခန်းက စစ်ကောင်စီ လက်ပါးစေ ပျူအဖွဲ့၀င်တွေ စျေးဝယ်ထွက်လာချိန် မနေ့က နေ့လည်ပိုင်း ဖမ်းဆီးခဲ့ရာ သလဲဘာရွာ ပျူအဖွဲ့ ဒု-ခေါင်းဆောင် ကျော်စွာနှင့် ပျူအဖွဲ့ဝင် ဝင်းလှိုင် ဆိုသူတို့ ကို အသေဖမ်းမိခဲ့တယ်လို့ Bee Fighter Revolution Army က MFP ကို ပြောပါတယ်။

“ပျူတွေ စျေးဝယ်လာမယ်ဆိုလို့ ကျနော်တို့ ရဲဘော်တွေက စောင့်ကြို ဖမ်းဆီးရာမှာ လက်ပစ်ဗုံးနဲ့ ပြန်လည်ခုခံဖို့ ကြိုးစားတာကြောင့် ပစ်ခတ်မှူဖြစ်ပြီး အသေ ဖမ်းမိပါတယ်။ သလဲဘာရွာက ပျူခေါင်းဆောင် တောင်ကြီးရဲ့ တပည့် ဒု-ခေါင်းဆောင် ကျော်စွာနဲ့ ပျူအဖွဲ့ဝင် ဝင်းလှိုင် ဆိုတဲ့ နှစ်ယောက်ကို အသေဖမ်းမိတာပါ” လို့ Bee Fighter Revolution Army ခေါင်းဆောင်က ဆိုပါတယ်။

ပျူနှစ်ယောက်ထံကနေ လက်ပစ်ဗုံးတစ်လုံးနဲ့ ဆိုင်ကယ်နှစ်စ်စီး သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။အရာတော်နယ် သလဲဘာရွာထဲ စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေတာ ဖြစ်ပြီး ကျေးရွာအတွင်း ပျူစခန်းဖွင့်ထားသလို ပျူကို မထောက်ခံတဲ့ ဒေသခံတွေကို ပျူစခန်းပတ်လည်မှာ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ရွာမှာမနေရဲအောင် ခြိမ်းခြောက်တာ၊ ဖမ်းဆီးငွေညှစ် ညှဉ်းပန်းသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် သလဲဘာရွာ ပျူစခန်းက စစ်အုပ်စုနဲ့ ပျူတွေဟာ လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဆက်ကြေးကောက် မိုက်ကြေးခွဲ၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zawgyi(version)

အရာေတာ္နယ္ သလဲဘာရြာက ပ်ဴဒု-ေခါင္းေဆာင္နဲ႔ ပ်ဴအဖြဲ႕ဝင္ တစ္ေယာက္ကို အေသဖမ္းမိ၊

MFP ၊ ဒီဇင္ဘာ – ၂

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္၊ သလဲဘာရြာ ပ်ဴစခန္းက စစ္ေကာင္စီ လက္ပါးေစ ပ်ဴအဖြဲ႕၀င္ေတြ ေစ်းဝယ္ထြက္လာခ်ိန္ မေန႔က ေန႔လည္ပိုင္း ဖမ္းဆီးခဲ့ရာ သလဲဘာရြာ ပ်ဴအဖြဲ႕ ဒု-ေခါင္းေဆာင္ ေက်ာ္စြာႏွင့္ ပ်ဴအဖြဲ႕ဝင္ ဝင္းလွိုင္ ဆိုသူတို႔ ကို အေသဖမ္းမိခဲ့တယ္လို႔ Bee Fighter Revolution Army က MFP ကို ေျပာပါတယ္။

“ပ်ဴေတြ ေစ်းဝယ္လာမယ္ဆိုလို႔ က်ေနာ္တို႔ ရဲေဘာ္ေတြက ေစာင့္ႀကိဳ ဖမ္းဆီးရာမွာ လက္ပစ္ဗုံးနဲ႔ ျပန္လည္ခုခံဖို႔ ႀကိဳးစားတာေၾကာင့္ ပစ္ခတ္မႉျဖစ္ၿပီး အေသ ဖမ္းမိပါတယ္။ သလဲဘာရြာက ပ်ဴေခါင္းေဆာင္ ေတာင္ႀကီးရဲ့ တပည့္ ဒု-ေခါင္းေဆာင္ ေက်ာ္စြာနဲ႔ ပ်ဴအဖြဲ႕ဝင္ ဝင္းလွိုင္ ဆိုတဲ့ ႏွစ္ေယာက္ကို အေသဖမ္းမိတာပါ” လို႔ Bee Fighter Revolution Army ေခါင္းေဆာင္က ဆိုပါတယ္။

ပ်ဴႏွစ္ေယာက္ထံကေန လက္ပစ္ဗုံးတစ္လုံးနဲ႔ ဆိုင္ကယ္ႏွစ္စ္စီး သိမ္းဆည္း ရရွိတယ္လို႔ ဆိုပါတယ္။အရာေတာ္နယ္ သလဲဘာရြာထဲ စစ္အုပ္စုနဲ႔ ပ်ဴေတြ ႀကီးစိုးေသာင္းက်န္းေနတာ ျဖစ္ၿပီး ေက်းရြာအတြင္း ပ်ဴစခန္းဖြင့္ထားသလို ပ်ဴကို မေထာက္ခံတဲ့ ေဒသခံေတြကို ပ်ဴစခန္းပတ္လည္မွာ လူသားဒိုင္းအျဖစ္ အသုံးျပဳတာ၊ ရြာမွာမေနရဲေအာင္ ၿခိမ္းေျခာက္တာ၊ ဖမ္းဆီးေငြညႇစ္ ညႇဥ္းပန္းသတ္ျဖတ္တာေတြ က်ဴးလြန္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒါ့အျပင္ သလဲဘာရြာ ပ်ဴစခန္းက စစ္အုပ္စုနဲ႔ ပ်ဴေတြဟာ လက္နက္အားကိုးနဲ႔ ေဒသတြင္း ရြာစဥ္ပတ္ေမႊကာ လူသတ္၊ လုယက္၊ ဓားျပတိုက္၊ ဆက္ေၾကးေကာက္ မိုက္ေၾကးခြဲ၊ မီးရွို႔၊ ဖမ္းဆီးေငြညႇစ္တာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။