မြိုင်နယ် ဝယ်တောင်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်
ဟာနာဆန်/People’s Spring
မကွေးတိုင်း၊မြိုင်မြို့နယ် ဝယ်တောင်(တ)ကျေးရွာ အနီးဖြစ်ပွားခဲ့သော (၁)နာရီခန့်ကြာသည့်
တိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်ကြောင်း God of Myaing People’s Defence Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဩဂုတ် ၂၇) နံနက် ၁၀နာရီခွဲခန့်က မြိုင်မြို့နယ်၊ ဝယ်တောင်(တ)ရွာမှ မီးရှို့ထွက်ခွာလာသော စစ်ကောင်စီတပ်သား ၁၂၀ ခန့်ကို မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော God of Myaing People’s Defence Force၊ ပုလဲတပ်ရင်း(၆)၊7 Star တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
အပြန်အလှန်ပစ်ခတ်မှု (၁)နာရီခန့်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရနိုင်ခြေရှိပြီး အကျအဆုံးမသိရသေးကြောင်း၊ ပြည်သူ့ရဲဘော်များအကျအဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း GOM က အသိပေးသည်။
မြိုင်နယ်အနောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က သြဂုတ် ၂၂ ရက်မှ ၂၆ ရက်အတွင်း မြိုင်မြို့နယ်ရှိ ဆူးဝင်းကျေးရွာ၊ သဒွတ်ကျေးရွာနှင့် ပေါက်ခေါင်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။
၎င်းတို့ရန်ကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ကောင်စီတပ်နှင့်အတူ ပျူများလည်းပါဝင်ပြီး စုစုပေါင်းအင်အား ၁၈၀ ခန့်ရှိနိုင်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောကြားသည်။
အချိန်မရွေးတိုက်ပွဲထပ်မံ ဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးထားသည်။
ရုပ်သံကြည့်ရန်👇👇👇
ရုပ်သံ – GOM
Zawgyi(version)
ၿမိဳင္နယ္ ဝယ္ေတာင္႐ြာအနီးတိုက္ပြဲ စစ္ေကာင္စီတပ္ ထိခိုက္မႈရွိနိုင္
ဟာနာဆန္/People’s Spring
မေကြးတိုင္း၊ၿမိဳင္ၿမိဳ႕နယ္ ဝယ္ေတာင္(တ)ေက်း႐ြာ အနီးျဖစ္ပြားခဲ့ေသာ (၁)နာရီခန့္ၾကာသည့္
တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ ထိခိုက္မႈရွိနိုင္ေၾကာင္း God of Myaing Peoples Defence Force အဖြဲ႕က သတင္းထုတ္ျပန္သည္။
ယမန္ေန႕ (ဩဂုတ္ ၂၇) နံနက္ ၁၀နာရီခြဲခန့္က ၿမိဳင္ၿမိဳ႕နယ္၊ ဝယ္ေတာင္(တ)႐ြာမွ မီးရွို႔ထြက္ခြာလာေသာ စစ္ေကာင္စီတပ္သား ၁၂၀ ခန့္ကို မေကြးတိုင္းႏွင့္ စစ္ကိုင္းတိုင္းအေျခစိုက္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕မ်ားျဖစ္ေသာ God of Myaing Peoples Defence Force၊ ပုလဲတပ္ရင္း(၆)၊7 Star တို႔ပူးေပါင္းတိုက္ခိုက္ခဲ့ၾကသည္။
အျပန္အလွန္ပစ္ခတ္မႈ (၁)နာရီခန့္ျဖစ္ပြားၿပီး စစ္ေကာင္စီဘက္မွ ထိခိုက္ဒဏ္ရာရနိုင္ေျခရွိၿပီး အက်အဆုံးမသိရေသးေၾကာင္း၊ ျပည္သူ႕ရဲေဘာ္မ်ားအက်အဆုံးမရွိ ေအာင္ျမင္စြာဆုတ္ခြာနိုင္ခဲ့ေၾကာင္း GOM က အသိေပးသည္။
ၿမိဳင္နယ္အေနာက္ပိုင္းသို႔ စစ္ေၾကာင္းထိုးေနေသာ စစ္ေကာင္စီတပ္က ၾသဂုတ္ ၂၂ ရက္မွ ၂၆ ရက္အတြင္း ၿမိဳင္ၿမိဳ႕နယ္ရွိ ဆူးဝင္းေက်း႐ြာ၊ သဒြတ္ေက်း႐ြာႏွင့္ ေပါက္ေခါင္းေက်း႐ြာမ်ားကို မီးရွို႔ဖ်က္ဆီးခဲ့ေသးသည္။
၎တို႔ရန္ေၾကာင့္ ေက်း႐ြာ ရွစ္႐ြာထက္မနည္း ထြက္ေျပးတိမ္းေရွာင္ေနရသည္။ စစ္ေကာင္စီတပ္ႏွင့္အတူ ပ်ဴမ်ားလည္းပါဝင္ၿပီး စုစုေပါင္းအင္အား ၁၈၀ ခန့္ရွိနိုင္ေၾကာင္း ေဒသတြင္း ျပည္သူ႕ကာကြယ္ေရးအဖြဲ႕မ်ားက ေျပာၾကားသည္။
အခ်ိန္မေ႐ြးတိုက္ပြဲထပ္မံ ျဖစ္ပြားနိုင္ေသာေၾကာင့္ အနီးအနားရွိ မိဘျပည္သူမ်ားအေနျဖင့္ သတိထားေရွာင္ရွားၾကရန္ ၿမိဳင္(ပကဖ)က သတိေပးထားသည္။
႐ုပ္သံ – GOM