အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ (Moe Nyo Revolution Force )ပထမဆုံးမစ်ရှင်အဖြစ် မြင်းမူ(အထက)တပ်စွဲထားသော စစ်အုပ်စုကို တို-က်ခို-က်

အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ ပထမဆုံးမစ်ရှင်အဖြစ် မြင်းမူ(အထက)တပ်စွဲထားသော စစ်အုပ်စုကို တိုက်ခိုက်

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အ.ထ.ကကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁ရက်) နံနက် ၁၁နာရီခန့်က မြင်းမူမြို့ အ.ထ.က(၁) ကျောင်းဝင်းအတွင်း စခန်းချထားသော စစ်ကောင်စီတပ်သားများအား MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်ကလိုက်ပစ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အုပ်စု၏ ထိခိုက်မှုကိုမူ စုံစမ်းနေသည်ဟု Moe Nyo Revolution Force အဖွဲ့က ဆိုသည်။

“MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ရဲ့ ပထမဆုံးမစ်ရှင်ပါ။ စစ်ကောင်စီတ​ပ်သားတွေစောင့်နေတဲ့ ကျောင်းအဝင်ပေါက်ကိုပစ်တာ။ ထိခိုက်မှုတွေရှိတယ်လို့တော့သိရတယ်။”ဟု Moe Nyo Revolution Forceအဖွဲ့ တာဝန်ခံက ပြောသည်။

မြင်းမူမြို့ရှိ Non CDMများ၊ စစ်ကောင်စီခန့်အုပ် ချူပ်ရေးမှူးများနှင့် စစ်ကောင်စီထောက်တိုင်မှန်သမျှကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အပြင်းအထန်သတိပေးလိုက်ကြောင်း Moe Nyo Revolution Forceအဖွဲ့က အသိပေးသည်။

ထို့ကြောင့် Non CDMများအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနှင့်ပူးပေါင်းရန် Moe Nyo Revolution Forceက တိုက်တွန်းထားသည်။ဖြစ်စဥ်နှင့်ပတ်သက်၍ Moe Nyo Revolution Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲရာနေရာများအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-MNRF

Zawgyi(version)

အမ်ိဳးသမီးကြန္မန္ဒိုတပ္ဖြဲ႕ ပထမဆုံးမစ္ရွင္အျဖစ္ ျမင္းမူ(အထက)တပ္စြဲထားေသာ စစ္အုပ္စုကို တိုက္ခိုက္

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕ေပၚရွိ အ.ထ.ကေက်ာင္းဝင္းအတြင္း တပ္စြဲထားေသာ စစ္ေကာင္စီတပ္သားမ်ားအား အမ်ိဳးသမီးကြန္မန္ဒိုတပ္ဖြဲ႕က လ်က္ဆားပုလင္းမိုင္းျဖင့္ သြားေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း Moe Nyo Revolution Force အဖြဲ႕က ထုတ္ျပန္သည္။

ယမန္ေန႔(ဒီဇင္ဘာ ၁ရက္) နံနက္ ၁၁နာရီခန္႔က ျမင္းမူၿမိဳ႕ အ.ထ.က(၁) ေက်ာင္းဝင္းအတြင္း စခန္းခ်ထားေသာ စစ္ေကာင္စီတပ္သားမ်ားအား MNRF အမ်ိဳးသမီးကြန္မန္ဒိုတပ္ဖြဲ႕က လ်က္ဆားပုလင္းမိုင္းျဖင့္သြားေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ပစ္ခတ္တိုက္ခိုက္ခ်ိန္တြင္ စစ္ေကာင္စီဘက္ကလိုက္ပစ္ေသာ္လည္း အထိအခိုက္မရွိ ဆုတ္ခြာနိုင္ခဲ့ၿပီး စစ္အုပ္စု၏ ထိခိုက္မႈကိုမူ စုံစမ္းေနသည္ဟု Moe Nyo Revolution Force အဖြဲ႕က ဆိုသည္။

“MNRF အမ်ိဳးသမီးကြန္မန္ဒိုတပ္ဖြဲ႕ရဲ့ ပထမဆုံးမစ္ရွင္ပါ။ စစ္ေကာင္စီတ​ပ္သားေတြေစာင့္ေနတဲ့ ေက်ာင္းအဝင္ေပါက္ကိုပစ္တာ။ ထိခိုက္မႈေတြရွိတယ္လို႔ေတာ့သိရတယ္။”ဟု Moe Nyo Revolution Forceအဖြဲ႕ တာဝန္ခံက ေျပာသည္။

ျမင္းမူၿမိဳ႕ရွိ Non CDMမ်ား၊ စစ္ေကာင္စီခန္႔အုပ္ ခ်ဴပ္ေရးမႉးမ်ားႏွင့္ စစ္ေကာင္စီေထာက္တိုင္မွန္သမၽွကို အဓိကပစ္မွတ္ထား တိုက္ခိုက္သြားမည္ဟု အျပင္းအထန္သတိေပးလိုက္ေၾကာင္း Moe Nyo Revolution Forceအဖြဲ႕က အသိေပးသည္။

ထို႔ေၾကာင့္ Non CDMမ်ားအေနျဖင့္ ျပည္သူ႔ရင္ခြင္ခိုလႈံၿပီး ျပည္သူႏွင့္ပူးေပါင္းရန္ Moe Nyo Revolution Forceက တိုက္တြန္းထားသည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ Moe Nyo Revolution Forceအဖြဲ႕ထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ ေျဖၾကားျခင္း မရွိေသးေပ။

ျမင္းမူၿမိဳ႕ေပၚတြင္ စစ္ေကာင္စီတပ္စြဲရာေနရာမ်ားအား ေဒသကာကြယ္ေရးအဖြဲ႕မ်ားက မၾကာခဏ ပစ္ခတ္တိုက္ခိုက္ေလ့ရွိသည္။

MNRF အမ်ိဳးသမီးကြန္မန္ဒိုတပ္ဖြဲ႕ဝင္ အမ်ိဳးသမီးရဲေဘာ္မ်ားအား ေတြ႕ရစဥ္၊ ဓာတ္ပုံ-MNRF