စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက သေဒဏ် ချမှတ်

Breaking News- စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက သေဒဏ် ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ် ကျောင်း သား ၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ အင်းစိန်ထောင်တွင်း စစ်ခုံရုံး က သေဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား သတင်းရင်း မြစ် များထံမှ သိရှိရသည်။

ယခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီက တိတ်တဆိတ် ဖမ်းဆီး မှုများ ကြောင့် ပျောက်ဆုံးသွားကြသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့တွင်ပါဝင် သည် ဆိုသော စွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံတောင်တွင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့မှုတွင် ပါဝင် ပတ်သက်သည်ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အင်းစိန် ထောင် တရားရုံးက သေဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အခုက အတူ ဖမ်းဆီးရမိပြီးတော့ အကုန်လုံးကို အမှုတစ်ခုတည်း ထောင် ချောက် ဆင် အမိန့်ချတာမျိုး ဖြစ်တယ်။ စစ်ကောင်စီရဲ့ ရှေ့က လုပ်နည်း လုပ်ဟန် အကြမ်းဖက်မှုတွေ အရ တကယ်ကို ကွပ်မျက်လား မကွပ်မျက်ဖူး လား ဆိုတာတော့ ကျနော်တို့ အနေနဲ့ ဆက်လက်စောင့်ကြည့်နေတယ်။ နောက် ပြီး နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဒီနေ့ သေဒဏ်ကျခံရတဲ့ ကျောင်း သား တွေအတွက် သတင်းစကားတွေကို ကျနော်တို့ အနေနဲ့ ထုတ် ဖော် သွားဖို့ ရှိတယ်” ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အင်းစိန်ထောင်တရားရုံးက ပုဒ်မ ၃၀၂ (က) ဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ် ခြင်းဖြစ်ပြီး ကျန်ရှိနေသော အမှု ၂ မှုကို လည်း ဆက်လက်စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ပင် ယခုနှစ် မေလ ၂၄ ရက်နေ့ ဖြစ်ပွား ခဲ့သော ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်း ပစ်သတ်ခံရမှုတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် အင်းစိန်ထောင် စစ်ခုံရုံး က လူငယ် ၄ ဦးကိုလည်း သေဒဏ်များ ချ မှတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဇူလိုင်လတွင် ၈၈ ကျောင်းသား ခေါင်း ဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် တော် လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ချမှတ်ပြီး ကြိုးပေးသတ်ဖြတ်ခဲ့သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်သော ဒဂုံ တက္က သိုလ် ကျောင်းသား ၇ ဦး။

Zawgyi(version)

Breaking News- စစ္အာဏာရွင္ ဆန႔္က်င္ေရး ဦးေဆာင္ လႈပ္ရွားသူ ဒဂုံ တကၠသိုလ္ေက်ာင္းသား ၇ ဦးကို စစ္ေကာင္စီတရား႐ုံးက ေသဒဏ္ ခ်မွတ္

ရန္ကုန္၊ ဒီဇင္ဘာ ၁

စစ္အာဏာရွင္ ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားခဲ့ၾကသည့္ ဒဂုံတကၠသိုလ္ ေက်ာင္း သား ၇ ဦးကို နိုဝင္ဘာလ ၃၀ ရက္ေန႕ အင္းစိန္ေထာင္တြင္း စစ္ခုံ႐ုံး က ေသဒဏ္ခ်မွတ္လိုက္ေၾကာင္း ဒဂုံတကၠသိုလ္ ေက်ာင္းသား သတင္းရင္း ျမစ္ မ်ားထံမွ သိရွိရသည္။

ယခုႏွစ္ ဧၿပီလအတြင္း အၾကမ္းဖက္စစ္ေကာင္စီက တိတ္တဆိတ္ ဖမ္းဆီး မႈမ်ား ေၾကာင့္ ေပ်ာက္ဆုံးသြားၾကသည့္ ဒဂုံတကၠသိုလ္ေက်ာင္းသား ၇ ဦးျဖစ္သည့္ ေမာင္ခန႔္ဇင္ဝင္း၊ ေမာင္သူရေမာင္ေမာင္၊ ေမာင္ေဇာ္လင္းနိုင္၊ ေမာင္သီဟထက္ ေဇာ္၊ ေမာင္ဟိန္းထက္ ၊ ေမာင္သက္ပိုင္ဦး၊ ေမာင္ခန့္လင္း ေမာင္ေမာင္တို႔ကို ဖက္ဆစ္ ဆန႔္က်င္ေရး လက္႐ုံး တပ္ဖြဲ႕တြင္ပါဝင္ သည္ ဆိုေသာ စြပ္စြဲမႈ ၊ ယခုႏွစ္ ဧၿပီလ ၁၈ ရက္ေန႕ ဒဂုံေတာင္တြင္ ကမၻာ့ရတနာ ဘဏ္ မန္ေနဂ်ာ ဒုတိယဗိုလ္မႉးႀကီး ေစာမိုးဝင္း ပစ္ခတ္ခံရၿပီး ေသဆုံးခဲ့မႈတြင္ ပါဝင္ ပတ္သက္သည္ဆိုေသာ စြပ္စြဲမႈမ်ားျဖင့္ အၾကမ္းဖက္စစ္ေကာင္စီ၏ အင္းစိန္ ေထာင္ တရား႐ုံးက ေသဒဏ္ ခ်မွတ္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

“အခုက အတူ ဖမ္းဆီးရမိၿပီးေတာ့ အကုန္လုံးကို အမႈတစ္ခုတည္း ေထာင္ ေခ်ာက္ ဆင္ အမိန႔္ခ်တာမ်ိဳး ျဖစ္တယ္။ စစ္ေကာင္စီရဲ႕ ေရွ႕က လုပ္နည္း လုပ္ဟန္ အၾကမ္းဖက္မႈေတြ အရ တကယ္ကို ကြပ္မ်က္လား မကြပ္မ်က္ဖူး လား ဆိုတာေတာ့ က်ေနာ္တို႔ အေနနဲ႕ ဆက္လက္ေစာင့္ၾကည့္ေနတယ္။ ေနာက္ ၿပီး နိုင္ငံတကာ အသိုက္အဝန္းကိုလည္း ဒီေန႕ ေသဒဏ္က်ခံရတဲ့ ေက်ာင္း သား ေတြအတြက္ သတင္းစကားေတြကို က်ေနာ္တို႔ အေနနဲ႕ ထုတ္ ေဖာ္ သြားဖို႔ ရွိတယ္” ဟု ဖက္ဆစ္ဆန႔္က်င္ေရးလက္႐ုံးတပ္ဖြဲ႕ ေခါင္းေဆာင္ တစ္ဦးက ေျပာဆိုသည္။

လက္ရွိတြင္ အင္းစိန္ေထာင္တရား႐ုံးက ပုဒ္မ ၃၀၂ (က) ျဖင့္ ဒဂုံတကၠသိုလ္ ေက်ာင္းသား ၇ ဦးကို ေသဒဏ္ ခ်မွတ္ ျခင္းျဖစ္ၿပီး က်န္ရွိေနေသာ အမႈ ၂ မႈကို လည္း ဆက္လက္စစ္ေဆးေနေၾကာင္း သိရွိရသည္။

အလားတူ နိုဝင္ဘာလ ၃၀ ရက္ေန႕တြင္ပင္ ယခုႏွစ္ ေမလ ၂၄ ရက္ေန႕ ျဖစ္ပြား ခဲ့ေသာ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၄၅ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ခင္ေမာင္သန္း ပစ္သတ္ခံရမႈတြင္ ပါဝင္သည္ဆိုေသာ စြပ္စြဲခ်က္ျဖင့္ အင္းစိန္ေထာင္ စစ္ခုံ႐ုံး က လူငယ္ ၄ ဦးကိုလည္း ေသဒဏ္မ်ား ခ် မွတ္ခဲ့ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီက ယခုႏွစ္ ဇူလိုင္လတြင္ ၈၈ ေက်ာင္းသား ေခါင္း ေဆာင္ ကိုဂ်င္မီ၊ လႊတ္ေတာ္အမတ္ ကိုၿဖိဳးေဇယ်ာေသာ္ အပါအဝင္ ေတာ္ လွန္ေရးရဲေဘာ္ ၄ ဦးကို ေသဒဏ္ခ်မွတ္ၿပီး ႀကိဳးေပးသတ္ျဖတ္ခဲ့သည္။

ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီက ေသဒဏ္ခ်မွတ္လိုက္ေသာ ဒဂုံ တကၠ သိုလ္ ေက်ာင္းသား ၇ ဦး။