စကစတပ်က ကြားဖြတ် ဝင်တိုက်ခိုက်သဖြင့် တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ရ…see more

စကစတပ်က ကြားဖြတ် ဝင်တိုက်ခိုက်သဖြင့် တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ရ

ကနီ၊ ဩဂုတ် ၂၈
လူငယ့်ခေတ်

ကနီမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ကျောက်လုံးကြီးမှ တော်လှန်ရေးရဲဘော် ၃ ဦးမှာ ရှေ့တန်းပြန် ရဲဘော်များကို သွားရောက်ကြိုဆိုစဉ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာဘက်အသွား ချောင်းမ-ကနီလမ်းခွဲ၌ စစ်ကောင်စီတပ်က ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လက်နက်များ သိမ်းဆည်းခံလိုက်ရသလို ကျဆုံးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်၂၆ ရက်က ဖြစ်ပွါးခဲ့သည့် အဆိုပါ တိုက်ပွဲ၌ ကနီမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ကျောက်လုံး ကြီး၏ တပ်စိတ်မှူး အသက် ၁၈ နှစ်ရှိ ကိုဇော်ဝင်းထွဋ်(ခ)ကိုငယ်လေး၊ အသက် ၂၇ နှစ်ရှိ ကိုပြည့်ဖြိုးကျော်(ခ)ငဖြိုးနှင့် ကိုအာကာမိုး(ခ)ပြည့်စုံအောင် တို့ ကျဆုံးခဲ့ရသည်။

” ချောင်းမရွာအနီးမှာဖြစ်တာပါ ရှေ့တန်းပြန်ရဲဘော်တွေကို သွားကြိုရင်း လမ်းကနေဖြတ်တိုက်ခံရတာဗျ” ဟု အဖွဲ့မှ တာဝန်ရှိသူတဦး က လူငယ့်ခေတ် သို့ ပြောသည်။

အဆိုပါ ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦးကို အလေးနီပြုကြောင်း၊ တော်လှန်ရေးအတွက် ပေးဆပ်အနစ်နာခံမှုများ အတွက် လေးစားဂုဏ်ယူမိကြောင်းနှင့် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲကြောင်း ကနီမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ကျောက်လုံးကြီး မှ ယနေ့ ဩဂုတ် ၂၇ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကောင်စီတပ်သားများမှ ချောင်းမ-ကနီ လမ်းဘေးရှိ သင့်ဝင်၊ မင်းမနှင့် ခြံရွာများအနီးတွင် စစ်ကြောင်း ထိုးလျက်ရှိသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ချောင်းမရွာသို့ ဝင်ရောက် စီးနင်းခဲ့သည်။

ယနေ့တွင်မူ အဆိုပါ ရွာအနီးနေရာတခု၌ လက်ပြန် ကြိုးတုပ်ခံထားရကာ နှိပ်စက်ထားပြီး မီးရှို့ထားသည့် အရပ်သား ပြည်သူ ၅ ဦး အလောင်းများကို ဒေသခံများက တွေ့ရှိခဲ့သည်။

#P08 #Lungekhit

Zawgyi(version)

စကစတပ္က ၾကားျဖတ္ ဝင္တိုက္ခိုက္သျဖင့္ ေတာ္လွန္ေရးရဲေဘာ္ ၃ ဦး က်ဆဳံးခဲ့ရ

ကနီ၊ ဩဂုတ္ ၂၈
လူငယ့္ေခတ္

ကနီၿမိဳ႕နယ္ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ ေက်ာက္လုံးႀကီးမွ ေတာ္လွန္ေရးရဲေဘာ္ ၃ ဦးမွာ ေရွ႕တန္းျပန္ ရဲေဘာ္မ်ားကို သြားေရာက္ႀကိဳဆိုစဥ္ စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္ ေခ်ာင္းမ႐ြာဘက္အသြား ေခ်ာင္းမ-ကနီလမ္းခြဲ၌ စစ္ေကာင္စီတပ္က ၾကားျဖတ္ ဝင္ေရာက္ တိုက္ခိုက္ခဲ့သျဖင့္ လက္နက္မ်ား သိမ္းဆည္းခံလိုက္ရသလို က်ဆဳံးခဲ့ရေၾကာင္း သိရသည္။

ယမန္ေန႕ ဩဂုတ္၂၆ ရက္က ျဖစ္ပြါးခဲ့သည့္ အဆိုပါ တိုက္ပြဲ၌ ကနီၿမိဳ႕နယ္ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ ေက်ာက္လုံး ႀကီး၏ တပ္စိတ္မႉး အသက္ ၁၈ ႏွစ္ရွိ ကိုေဇာ္ဝင္းထြဋ္(ခ)ကိုငယ္ေလး၊ အသက္ ၂၇ ႏွစ္ရွိ ကိုျပည့္ၿဖိဳးေက်ာ္(ခ)ငၿဖိဳးႏွင့္ ကိုအာကာမိုး(ခ)ျပည့္စုံေအာင္ တို႔ က်ဆဳံးခဲ့ရသည္။

” ေခ်ာင္းမ႐ြာအနီးမွာျဖစ္တာပါ ေရွ႕တန္းျပန္ရဲေဘာ္ေတြကို သြားႀကိဳရင္း လမ္းကေနျဖတ္တိုက္ခံရတာဗ် ဟု အဖြဲ႕မွ တာဝန္ရွိသူတဦး က လူငယ့္ေခတ္ သို႔ ေျပာသည္။

အဆိုပါ က်ဆဳံးခဲ့သည့္ ရဲေဘာ္ ၃ ဦးကို အေလးနီျပဳေၾကာင္း၊ ေတာ္လွန္ေရးအတြက္ ေပးဆပ္အနစ္နာခံမႈမ်ား အတြက္ ေလးစားဂုဏ္ယူမိေၾကာင္းႏွင့္ မိသားစုႏွင့္ ထပ္တူဝမ္းနည္းေၾကကြဲေၾကာင္း ကနီၿမိဳ႕နယ္ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ ေက်ာက္လုံးႀကီး မွ ယေန႕ ဩဂုတ္ ၂၇ရက္ ညပိုင္းတြင္ ထုတ္ျပန္ထားသည္။

လက္ရွိ စစ္ေကာင္စီတပ္သားမ်ားမွ ေခ်ာင္းမ-ကနီ လမ္းေဘးရွိ သင့္ဝင္၊ မင္းမႏွင့္ ၿခံ႐ြာမ်ားအနီးတြင္ စစ္ေၾကာင္း ထိုးလ်က္ရွိသည္။

စစ္ေကာင္စီတပ္သည္ ယမန္ေန႕ကလည္း ေခ်ာင္းမ႐ြာသို႔ ဝင္ေရာက္ စီးနင္းခဲ့သည္။

ယေန႕တြင္မူ အဆိုပါ ႐ြာအနီးေနရာတခု၌ လက္ျပန္ ႀကိဳးတုပ္ခံထားရကာ ႏွိပ္စက္ထားၿပီး မီးရွို႔ထားသည့္ အရပ္သား ျပည္သူ ၅ ဦး အေလာင္းမ်ားကို ေဒသခံမ်ားက ေတြ႕ရွိခဲ့သည္။

#P08 #Lungekhit