ကလေး PDF ဆေးတပ်သား အမျိုးသမီး ၉ ဦး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ဆေးတပ်သား အမျိုးသမီး ၉ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက ” လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေကိုတော့ ကလေးအကျဉ်းထောင်ကို ပို့လို့ရတယ်။ မိသားစုဝင်တွေနဲ့တော့ အခုအချိန်အထိ ပေးမတွေ့သေးဘူး ” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာတွင် အသက် ၂၀ မှ ၂၈ နှစ်ကြားရှိသော မဇမ်ဇိုးဇာမ်၊ မမန်လွန်းဒိမ်း၊ မညောင်ဒွ့န့်ကျင်၊ မမားလ်ဆောမ်ဒေါင်းအီး၊ မလားလ်တန်လွေးအီး၊ မလားလ်လွန်စန်းအီး၊ မလားလ်မွမ်းကိမ်းအီး၊ မဗန်လားရွန်းအီး၊ မလားလ်ပျန်းဖဲလ်အီးတို့ ၉ ဦးမှာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
၎င်းတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅−က အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်ဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ ကလေးမြို့အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၂ စီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အမျိုးသမီး ၃,၄၀၀ ကျော်ဖမ်းဆီးခံထားရပြီး စစ်ကောင်စီတပ်သားတို့ သတ်ဖြတ်ခဲ့သည့် အမျိုးသမီးအရေအတွက်မှာ ၃၀၀ ကျော်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
ပုံစာ-ဖမ်းဆီး ခံလိုက်ရသည့် ကလေး PDF ဆေးတပ်သား အမျိုးသမီးများ/ IRW(ပုံဟောင်း)
Zawgyi(version)
ကေလး PDF ေဆးတပ္သား အမ်ိဳးသမီး ၉ ဦး ေထာင္ဒဏ္ ၁၂ ႏွစ္စီ ခ်မွတ္ခံရ
ဧရာဝတီ၊ နိုဝင္ဘာ ၂၉၊ ၂၀၂၂
စစ္ကိုင္းတိုင္း၊ ကေလးျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (PDF) မွ ေဆးတပ္သား အမ်ိဳးသမီး ၉ ဦးကို စစ္ေကာင္စီက ေထာင္ဒဏ္ ၁၂ ႏွစ္စီ ခ်မွတ္လိုက္ေၾကာင္း မိသားစုႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္တဦးက ဧရာဝတီသို႔ ေျပာသည္။
၎က လိုအပ္တဲ့ ပစၥည္းေတြ၊ ေဆးဝါးေတြကိုေတာ့ ကေလးအက်ဥ္းေထာင္ကို ပို႔လို႔ရတယ္။ မိသားစုဝင္ေတြနဲ႕ေတာ့ အခုအခ်ိန္အထိ ေပးမေတြ႕ေသးဘူး ဟု ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ နိုဝင္ဘာ ၁၆ ရက္က ကေလးၿမိဳ႕ အေနာက္ေတာင္ဘက္ရွိ PDF စခန္းတစ္ခုကို စစ္ေကာင္စီတပ္က ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ရာတြင္ အသက္ ၂၀ မွ ၂၈ ႏွစ္ၾကားရွိေသာ မဇမ္ဇိုးဇာမ္၊ မမန္လြန္းဒိမ္း၊ မေညာင္ဒြ႕န့္က်င္၊ မမားလ္ေဆာမ္ေဒါင္းအီး၊ မလားလ္တန္ေလြးအီး၊ မလားလ္လြန္စန္းအီး၊ မလားလ္မြမ္းကိမ္းအီး၊ မဗန္လား႐ြန္းအီး၊ မလားလ္ပ်န္းဖဲလ္အီးတို႔ ၉ ဦးမွာ ဖမ္းဆီးခံလိုက္ရျခင္းျဖစ္သည္။
၎တို႔ကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅က အျပင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မမ်ားျဖင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၀ ရက္ဝန္းက်င္က စစ္ေကာင္စီလက္ေအာက္ခံ ကေလးၿမိဳ႕အက်ဥ္းေထာင္တြင္း တရား႐ုံးက ေထာင္ဒဏ္ ၁၂ စီ ခ်မွတ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ အမ်ိဳးသမီး ၃,၄၀၀ ေက်ာ္ဖမ္းဆီးခံထားရၿပီး စစ္ေကာင္စီတပ္သားတို႔ သတ္ျဖတ္ခဲ့သည့္ အမ်ိဳးသမီးအေရအတြက္မွာ ၃၀၀ ေက်ာ္ရွိေနသည္ဟု အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ (NUCC) က နိုဝင္ဘာ ၂၇ ရက္တြင္ ထုတ္ျပန္ထားသည္။
ပုံစာ-ဖမ္းဆီး ခံလိုက္ရသည့္ ကေလး PDF ေဆးတပ္သား အမ်ိဳးသမီးမ်ား/ IRW(ပုံေဟာင္း)