လမ်းသား ပြတ်ထွက်သွားပြီး လ-က်န-က်တွေ သယ်လာတဲ့ ကားတန်းရှေ့ဆက် မတိုးနိုင်တော့…

အိန္ဒိယက လက်နက်တွေ သယ်လာတဲ့ စစ်ကားတန်းကို PDF (Kalay) က ကြားဖြတ် တိုက်ခိုက်၊

MFP ၊ နိုဝင်ဘာ – ၂၈

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ တမူး – ကလေး ကားလမ်းအတိုင်း အိန္ဒိယဘက်ကနေ လက်နက်တွေ သယ်လာတဲ့ စစ်ကားတန်းကို ခြောက်ကြိမ်ထက်မနည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့ရာ စကစတွေ အသေအပျောက် ရှိတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – PDF(Kala) က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ (၂၆)ရက တမူး – ကလေးကားလမ်း (၅၆)မိုင်ကျေးရွာနှင့် မြလေးတောင်အကြားမှာ စစ်အုပ်စုရဲ့ ကားတန်းကို PDF(Kalay) မိုင်းတပ်ဖွဲက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေနဲ့ ခြောက်ကြိမ်တိုင် ဖောက်ခွဲ တိုက်ခိုက်ခဲ့သလို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“နောက်ဆုံး ဖောက်ခွဲတိုက်ခိုက်မှုတွင် လမ်းသား ပြတ်ထွက်သွားပြီး စစ်ကောင်စီ ယာဉ်တန်းများ ရှေ့ဆက် မတိုးနိုင်တော့ဘဲ မြလေးတောင် တောင်ခြေ၌ ညအိပ်ရပ်နားခဲ့ကြောင်း ကနဦး သိရှိရပါသည်။ မိုင်းဖောက်ခွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ယာဉ်တန်းနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲများ အများအပြား ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါ” လို့ Kalay (PDF) က ဖော်ပြပါတယ်။

အိန္ဒယဘက်ကနေ လက်နက်တွေ သယ်လာတဲ့ စစ်ကားတန်းဟာ နိုဝင်ဘာ(၁၄)ရက်တည်းက တမူးမြို့ကနေ ကလေးမြို့ဘက် ထွက်ခွာလာတာ ဖြစ်ပြီး မနေ့က နိုဝင်ဘာ(၂၇)ရက်မှာတော့ ကံလှနှင့် ကံဦးကျေးရွာဘက် ရောက်ရှိလာပြီ ဖြစ်ကာ ယမန်နေ့က ကံလှကျေးရွာထဲ စီးနင်းဝင်မွှေ လုယက်ဓားပြတိုက် ခိုးယူပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှမှာ ကလေး – တမူး ကားလမ်းတလျှောက် စစ်အုပ်စု သောင်းကျန်းနေလို့ ဒေသခံပြည်သူတွေ အနေနဲ့ ကလေး – တမူးလမ်းကို အသုံးအပြုဖို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုက အိန္ဒိယ ဘက်ကနေ ဘက်နက်တွေ မသယ်ယူမီ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၄)ရက်နှင့် (၉၉၁၅)ရက်က တမူးနယ်ထဲက PDF တပ်ရင်း၊ တပ်ဖွဲ့ ခြောက်ဖွဲ့ရဲ့ စခန်းတွေကို သံချပ်ကာ ကားတွေအပါအဝင် အင်အား အများအပြားနဲ့ စီးနင်းတိုက်ခိုက်လို့ တမူးဒေသ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့ ခြောက်ဖွဲ့လုံး အခြေစိုက်စခန်းတွေ စွန့်ခွာခဲ့ရပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

ခရက်ဒစ်ဗီဒီယို