မြင်းမူမြို့ ထွေအုပ်ရုံး Drone နဲ့ ဗုံးကြဲခံရလို့ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ…see more

မြင်းမူမြို့ ထွေအုပ်ရုံး Drone နဲ့ ဗုံးကြဲခံရလို့ ၁၆ နှစ်အရွယ်လုပ်အားပေးတဦးသေဆုံးပြီး စစ်သား၃ဦးဒဏ်ရာရ

မြင်းမူ ၊ ဩဂုတ် ၂၈ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူးရုံးကို သြဂုတ်လ ၂၆ရက် မနေ့က PDF ၅ဖွဲ့ ပူးပေါင်းပြီး Drone နဲ့ ဗုံးပစ်ချပြီးတိုက်ခိုက်ခဲ့လို့ စစ်သား၃ဦး ထိခိုက်ဒဏ်ရာရသလို ၁၆နှစ် အရွယ်လုပ်အားပေး အမျိုးသမီးငယ် တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ‌နေ့လယ် ၁နာရီဝန်းကျင်မှာ ဗုံး၂လုံးပစ်ချတိုက်ခဲ့တာဖြစ်ကာ စစ်သား ၃ဦးနဲ့ ဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ GTR MMUခေါင်းဆောင်ဗိုလ်ဂျော်ကာက ပြောပါတယ်။

” ၁၆ နှစ်ကောင်မလေးတယောက်ကတော့ အဲဒီနားမှာရှိနေလို့ဆုံးသွားတယ်၊ အဲဒီကောင်မလေးက အထွေအုပ်ရုံးနဲ့ကပ်ရပ်စည်ပင်ရုံးမှာလည်းလုပ်အားပေးအနေနဲ့လုပ်တယ်၊ စည်ပင်ရုံးနဲ့မျက်နှာခြင်းဆိုင် တစည ပါတီရုံးထဲမှာလည်းနေတာ” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်သား ၃ဦးကို လူနာတင်ကား နဲ့ စစ်ဆေးရုံကို သယ်သွားပြီး သေဆုံးမှု ရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို GTR MMU ၊ MMDF ၊ မြင်းမူမြို့နယ် ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) ၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း(၆) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ‌သိရပါတယ်။

#မြေလတ်အသံ

Zawgyi(version)

ျမင္းမူၿမိဳ႕ ေထြအုပ္႐ုံး Drone နဲ႕ ဗုံးႀကဲခံရလို႔ ၁၆ ႏွစ္အ႐ြယ္လုပ္အားေပးတဦးေသဆုံးၿပီး စစ္သား၃ဦးဒဏ္ရာရ

ျမင္းမူ ၊ ဩဂုတ္ ၂၈ ၊ ၂၀၂၂ ။

စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႕နယ္ အေထြအေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကို ၾသဂုတ္လ ၂၆ရက္ မေန႕က PDF ၅ဖြဲ႕ ပူးေပါင္းၿပီး Drone နဲ႕ ဗုံးပစ္ခ်ၿပီးတိုက္ခိုက္ခဲ့လို႔ စစ္သား၃ဦး ထိခိုက္ဒဏ္ရာရသလို ၁၆ႏွစ္ အ႐ြယ္လုပ္အားေပး အမ်ိဳးသမီးငယ္ တဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

မေန႕က ေန႕လယ္ ၁နာရီဝန္းက်င္မွာ ဗုံး၂လုံးပစ္ခ်တိဳက္ခဲ့တာျဖစ္ကာ စစ္သား ၃ဦးနဲ႕ ဝန္ထမ္းတခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ GTR MMUေခါင္းေဆာင္ဗိုလ္ေဂ်ာ္ကာက ေျပာပါတယ္။

” ၁၆ ႏွစ္ေကာင္မေလးတေယာက္ကေတာ့ အဲဒီနားမွာရွိေနလို႔ဆုံးသြားတယ္၊ အဲဒီေကာင္မေလးက အေထြအုပ္႐ုံးနဲ႕ကပ္ရပ္စည္ပင္႐ုံးမွာလည္းလုပ္အားေပးအေနနဲ႕လုပ္တယ္၊ စည္ပင္႐ုံးနဲ႕မ်က္ႏွာျခင္းဆိုင္ တစည ပါတီ႐ုံးထဲမွာလည္းေနတာ” လို႔ ေျပာပါတယ္။

ထိခိုက္ဒဏ္ရာရခဲ့တဲ့ စစ္သား ၃ဦးကို လူနာတင္ကား နဲ႕ စစ္ေဆး႐ုံကို သယ္သြားၿပီး ေသဆုံးမႈ ရွိမရွိကိုေတာ့ အတည္ျပဳနိုင္ျခင္း မရွိေသးဘူးလို႔ ေျပာပါတယ္။

အဲ့ဒီတိုက္ခိုက္မႈကို GTR MMU ၊ MMDF ၊ ျမင္းမူၿမိဳ႕နယ္ ပလဖ (ျပည္သူ႕လုံၿခဳံေရးအဖြဲ႕) ၊ စစ္ကိုင္းခရိုင္ ဒ႐ုန္းတပ္ဖြဲ႕ ၊ ျမင္းၿခံခရိုင္ တပ္ရင္း(၆) တို႔က ပူးေပါင္းတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

#ေျမလတ္အသံ