ပန်ဆယ်လို အိမ် ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရ ပိုစ့်တင်ခဲ့တဲ့ တပ်ထောက်ခံသူတစ်ဦး သူ့အိမ်ကို စစ်တပ်က ဖျက်လို့ အရူးတစ်ပိုင်းဖြစ်နေရှာ

ပန်ဆယ်လို အိမ်ချိတ်ပိတ်ခံရတုန်းက ဝမ်းသာအားရ ပိုစ့်တင်ခဲ့တဲ့တပ်ထောက်ခံသူတစ်ဦး သူ့အိမ်ကို စစ်တပ်က ဖျက်လို့ ရူးမတတ်အောင် ခံစားနေရဟုဆို

မဲခေါင်၊ နိုဝင်ဘာ ၂၅

စစ်အာဏာရှင်တော်လှန်ရေးမှာ ရန်ပုံငွေရှာဖွေရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သူ မပန်ဆယ်လို ရဲ့အိမ် ချိတ်ပိတ်ခံရတုန်းက ဝမ်းသားအားရပိုစ့် တင်ခဲ့တဲ့ စိမ်းမို့ ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ မကြာသေးခင်ကာလ က သူ့အိမ်ကို စစ်တပ်က ဘူဒိုဇာ နဲ့ထိုးဖျက်သွားတဲ့အတွက် ရူးမတတ်အောင်ခံစားရတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။

စိမ်းမို့ ဆိုတဲ့ ဖေ့ဘုတ်အကောင်ပိုင်ရှင်ဟာ စစ်တပ်အသိုင်းနဲ့ နီးစပ်ပတ်သက်သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ ပိုစ့်တွေလည်းတင်ခဲ့သူဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီ တပ်တွေဟာ ရန်ကုန်နဲ့တခြားမြို့တွေက ရပ်ကွက်တွေမှာ ကျူးကျော်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အိမ်တွေကို ဖျက်စီးဖယ်ရှားနေတာဖြစ်ပါတယ်။

“စစ်ကောင်စီက အခုလိုလုပ်ရပ်တွေဟာ ပြည်သူတွေကို အကြောက်တရားပိုအောင်လုပ်တာ”လို့ ပြည်သူတစ်ဦးက ဝေဖန်ပါတယ်။

အာဏာသိမ်းပြိးနောက်ပိုင်း စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ တခြားမြို့တွေအပြင် မြန်မာနိုင်ငံအထက်ပိုင်းက ကျေးရွာတွေနဲ့ တိုင်းရင်သားဒေသကကျေးရွာတွေကို မီးရှို့ဖျက်စီးတာ၊

ဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးတာတွေ ကို ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။ အဖျက်ခံရတဲ့အိမ်တော်တော်များများဟာ နှစ် ၂၀ အထက် နေထိုင်လာသူတွေများပြီး တန်ဖိုးအားဖြင့် သိန်းထောင်ကျော်တန်ကနေ သိန်းဆယ် ဂဏန်းအထိ တန်တဲ့အိမ်တွေပါဝင်ပါတယ်။

MekongNews

Zawgyi(version)

ပန္ဆယ္လို အိမ္ခ်ိတ္ပိတ္ခံရတုန္းက ဝမ္းသာအားရ ပိုစ့္တင္ခဲ့တဲ့တပ္ေထာက္ခံသူတစ္ဦး သူ႕အိမ္ကို စစ္တပ္က ဖ်က္လို႔ ႐ူးမတတ္ေအာင္ ခံစားေနရဟုဆို

မဲေခါင္၊ နိုဝင္ဘာ ၂၅

စစ္အာဏာရွင္ေတာ္လွန္ေရးမွာ ရန္ပုံေငြရွာေဖြေရးမွာ အင္တိုက္အားတိုက္ ပါဝင္ခဲ့သူ မပန္ဆယ္လို ရဲ႕အိမ္ ခ်ိတ္ပိတ္ခံရတုန္းက ဝမ္းသားအားရပိုစ့္ တင္ခဲ့တဲ့ စိမ္းမို႔ ဆိုတဲ့ အေကာင့္ပိုင္ရွင္ဟာ မၾကာေသးခင္ကာလ က သူ႕အိမ္ကို စစ္တပ္က ဘူဒိုဇာ နဲ႕ထိုးဖ်က္သြားတဲ့အတြက္ ႐ူးမတတ္ေအာင္ခံစားရတယ္လို႔ သူ႕ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ တင္ထားတာေတြ႕ရပါတယ္။

စိမ္းမို႔ ဆိုတဲ့ ေဖ့ဘုတ္အေကာင္ပိုင္ရွင္ဟာ စစ္တပ္အသိုင္းနဲ႕ နီးစပ္ပတ္သက္သူျဖစ္ၿပီး စစ္အာဏာသိမ္းမႈကို ေထာက္ခံတဲ့ ပိုစ့္ေတြလည္းတင္ခဲ့သူျဖစ္ပါတယ္။

ဒီရက္ပိုင္းမွာ စစ္ေကာင္စီ တပ္ေတြဟာ ရန္ကုန္နဲ႕တျခားၿမိဳ႕ေတြက ရပ္ကြက္ေတြမွာ က်ဴးေက်ာ္တယ္ဆိုတဲ့ စြတ္စြဲခ်က္နဲ႕ အိမ္ေတြကို ဖ်က္စီးဖယ္ရွားေနတာျဖစ္ပါတယ္။

စစ္ေကာင္စီက အခုလိုလုပ္ရပ္ေတြဟာ ျပည္သူေတြကို အေၾကာက္တရားပိုေအာင္လုပ္တာလို႔ ျပည္သူတစ္ဦးက ေဝဖန္ပါတယ္။

အာဏာသိမ္းၿပိးေနာက္ပိုင္း စစ္ေကာင္စီဟာ ရန္ကုန္၊ မႏၱေလး၊ ေတာင္ႀကီးနဲ႕ တျခားၿမိဳ႕ေတြအျပင္ ျမန္မာနိုင္ငံအထက္ပိုင္းက ေက်း႐ြာေတြနဲ႕ တိုင္းရင္သားေဒသကေက်း႐ြာေတြကို မီးရွို႔ဖ်က္စီးတာ၊

ဘူဒိုဇာနဲ႕ထိုးၿပီးဖ်က္စီးတာေတြ ကို ဆက္တိုက္က်ဴးလြန္ေနတာျဖစ္ပါတယ္။ အဖ်က္ခံရတဲ့အိမ္ေတာ္ေတာ္မ်ားမ်ားဟာ ႏွစ္ ၂၀ အထက္ ေနထိုင္လာသူေတြမ်ားၿပီး တန္ဖိုးအားျဖင့္ သိန္းေထာင္ေက်ာ္တန္ကေန သိန္းဆယ္ ဂဏန္းအထိ တန္တဲ့အိမ္ေတြပါဝင္ပါတယ္။

MekongNews