မုံရွာ အလုံတပ်မြို့က နန်းဦးစားသောက်ဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရ
သြဂုတ်၂၇-၂၀၂၂
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ အလုံ ဘိုတော်ကြီး နန်းနားက နန်းဦး စာသောက်ဆိုင်ဟာ မနေ့ သြဂုတ် ၂၆ ရက်ည ၈ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ အလုံစျေးသည်တွေဆီက သိရပါတယ်။
” ညက ၇ ခွဲ ၈ ဝန်းကျင်မှာ မက်တူးကား ၁ စီးနဲ့ လူ ၅ ယောက် ဆိုင်ထဲကိုလာတယ် ၊ ပြောက်ကျားဝတ်စုံနဲ့ လူ ၁ ယောက်နဲ့ အရပ်ဝတ် လူ ၄ ယောက် သေနတ်တွေကိုင်ပြီး ဆိုင်ထဲဝင်လာတယ် ၊ ဆိုင်ထဲမှာ ပုံမှန်လာပြီး စားသောက်နေကျ လူ ၊ ဧည့်သည် ၄ ယောက် ၅ ယောက်ရှိတယ် ၊ လက်နက်ကိုင် ဝင်လာတဲ့သူတွေက ဧည့်သည်တွေရဲ့ ဖုန်းတွေကို အရင်တောင်းတယ် ၊ ပြီးတော့ ပိုက်ဆံကောင်တာထဲက ပိုက်ဆံတွေယူပြီး ကားနဲ့ ပြန်မောင်းထွက်သွားတာ ” လို့ စားသောက်နေချိန်ရှိနေခဲ့တဲ့ ဧည့်သည်တယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က” အလုံတပ်မြို့က နန်းဦး စားသောက်ဆိုင် ဓားပြတိုက်ခံရတာပါ ၊ အမည်မသိလက်နက်ကိုင်အဖွဲ့က ယူနီဖောင်းဝတ်တွေလည်းပါတယ် ၊
ကောင်တာထဲက ပိုက်ဆံ သိန်း ၈၀ ကျော်နဲ့ ဖုန်းငွေဖြည့်ကဒ်မျိုးစုံ သိန်း ၇၀ ကျော်ဖိုးပါသွားတယ် ၊ အဲ့ဒီအပြင် စားသောက်နေတဲ့ ဧည့်သည်တွေရဲ့ဖုန်းတွေနဲ့ ဆိုင်ရှင်တွေရဲ့ဖုန်း ၇ လုံးလည်းပါသွားတယ် ၊ အားလုံး သိန်း ၂ ရာဝန်းကျင်လောက်ဖြစ်မယ် ၊ အမှုဖွင့်ဆောင်ရွက်ထားပါတယ် “လို့ ပြောပါတယ်။
မနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းကလည်း မုံရွာမြို့ ၊ ထန်းတောရပ်ကွက် ၊ အင်းဖြတ်လမ်း ခေါ် ရွှေဝါရောင်လမ်း ၊ အထက ၆ နားက ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူက ဝင်ရောက်အနုကြမ်းစီးတဲ့အခါ ဆိုင်ရှင်ဖြစ်သူ ဦးမိုး သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင့် မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဇရပ်ဝိုင်းဘုရားလမ်း ၊ ဇရပ်ဝိုင်းဘုရားအနီးက ကုန်စဲာဆိုင် ၁ ဆိုင်ဟာ အခုလ သြဂုတ် ၂၄ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပြီး အဲ့ဒီ ဓားပြမှုကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အခုလ ၃ ရက် ညနေပိုင်းကလည်း မုံရွာမြို့၊ ရတနာပုံရပ်ကွက် ၊ အမှတ် ၄ လမ်းမှာရှိတဲ့ Mytel ကုမ္မဏီရုံးခွဲ ဓားပြတိုက်ခံရပြီး ကုမ္မဏီလုပ်ငန်းသုံး ကွန်ပျူတာ ၄ လုံး ၊ ဖုန်း ၆ လုံး ၊ Wifi စက် အလုံးရေ ၁ ရာကျော် နဲ့ ပိုက်ဆံ (စီစစ်ဆဲ) ပါသွားပြီး ရုံးသုံးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးထားခဲ့တာ ဖြစ်ခဲ့ပါတယ်။
မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ သစ္စာလမ်း ၊ လမ်းသွယ် ၂ မှာရှိတဲ့ ဖုန်းနဲ့ ဆိုင်ကယ်အရောင်းဆိုင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မနက်ပိုင်းက ကား ၁ စီးနဲ့ လူ ၁၀ ယောက်ဝန်းကျင်ရောက်လာပြီး ဖုန်း အလုံး ၁ ရာကျော်နဲ့ ဆိုင်ကယ် ၈ စီး ဓားပြတိုက်သွားတာ ဖြစ်ခဲ့ပါတယ်။
မုံရွာမြို့နယ် ၊ ကူတော့ပလ္လင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက အိမ်ရှင်လင်မယား ၂ ယောက်ဖြစ်တဲ့ ဦးခင်မောင်လွင် ၅ဝ နှစ်နဲ့ သူ့မိန်းမ ဒေါ်ဥမ္မာလွင် ၄၅ နှစ် တို့ကို ဓားပြတွေက ပစ်သတ်ပြီး နေအိမ်ထဲက ပိုက်ဆံ သိန်း ၄၀ ကျော်ကို လုယက်သွားတဲ့ လူသတ်၊ဓားပြမှုဖြစ်ပွားခဲ့ပါတယ်။
#voiceofmyanmar #VOM #မုံရွာ
Zawgyi(version)
မုံ႐ြာ အလုံတပ္ၿမိဳ႕က နန္းဦးစားေသာက္ဆိုင္ ဓားျပတိုက္ခံရတယ္လို႔ သိရ
ၾသဂုတ္၂၇-၂၀၂၂
SP ( VOM)
စစ္ကိုင္းတိုင္း ၊ မုံ႐ြာၿမိဳ႕နယ္ ၊ အလုံတပ္ၿမိဳ႕ ၊ အလုံ ဘိုေတာ္ႀကီး နန္းနားက နန္းဦး စာေသာက္ဆိုင္ဟာ မေန႕ ၾသဂုတ္ ၂၆ ရက္ည ၈ နာရီဝန္းက်င္က ဓားျပတိုက္ခံရတယ္လို႔ အလုံေစ်းသည္ေတြဆီက သိရပါတယ္။
” ညက ၇ ခြဲ ၈ ဝန္းက်င္မွာ မက္တူးကား ၁ စီးနဲ႕ လူ ၅ ေယာက္ ဆိုင္ထဲကိုလာတယ္ ၊ ေျပာက္က်ားဝတ္စုံနဲ႕ လူ ၁ ေယာက္နဲ႕ အရပ္ဝတ္ လူ ၄ ေယာက္ ေသနတ္ေတြကိုင္ၿပီး ဆိုင္ထဲဝင္လာတယ္ ၊ ဆိုင္ထဲမွာ ပုံမွန္လာၿပီး စားေသာက္ေနက် လူ ၊ ဧည့္သည္ ၄ ေယာက္ ၅ ေယာက္ရွိတယ္ ၊ လက္နက္ကိုင္ ဝင္လာတဲ့သူေတြက ဧည့္သည္ေတြရဲ႕ ဖုန္းေတြကို အရင္ေတာင္းတယ္ ၊ ၿပီးေတာ့ ပိုက္ဆံေကာင္တာထဲက ပိုက္ဆံေတြယူၿပီး ကားနဲ႕ ျပန္ေမာင္းထြက္သြားတာ ” လို႔ စားေသာက္ေနခ်ိန္ရွိေနခဲ့တဲ့ ဧည့္သည္တေယာက္က ေျပာပါတယ္။
အဲ့ဒီျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး မုံ႐ြာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕႐ုံးနဲ႕ နီးစပ္သူ တေယာက္က” အလုံတပ္ၿမိဳ႕က နန္းဦး စားေသာက္ဆိုင္ ဓားျပတိုက္ခံရတာပါ ၊ အမည္မသိလက္နက္ကိုင္အဖြဲ႕က ယူနီေဖာင္းဝတ္ေတြလည္းပါတယ္ ၊
ေကာင္တာထဲက ပိုက္ဆံ သိန္း ၈၀ ေက်ာ္နဲ႕ ဖုန္းေငြျဖည့္ကဒ္မ်ိဳးစုံ သိန္း ၇၀ ေက်ာ္ဖိုးပါသြားတယ္ ၊ အဲ့ဒီအျပင္ စားေသာက္ေနတဲ့ ဧည့္သည္ေတြရဲ႕ဖုန္းေတြနဲ႕ ဆိုင္ရွင္ေတြရဲ႕ဖုန္း ၇ လုံးလည္းပါသြားတယ္ ၊ အားလုံး သိန္း ၂ ရာဝန္းက်င္ေလာက္ျဖစ္မယ္ ၊ အမႈဖြင့္ေဆာင္႐ြက္ထားပါတယ္ “လို႔ ေျပာပါတယ္။
မေန႕ ၾသဂုတ္ ၂၆ ရက္ မနက္ပိုင္းကလည္း မုံ႐ြာၿမိဳ႕ ၊ ထန္းေတာရပ္ကြက္ ၊ အင္းျဖတ္လမ္း ေခၚ ေ႐ႊဝါေရာင္လမ္း ၊ အထက ၆ နားက ဆိုင္ကယ္အပိုပစၥည္းအေရာင္းဆိုင္ကို အမည္မသိ လက္နက္ကိုင္ေဆာင္ထားသူက ဝင္ေရာက္အႏုၾကမ္းစီးတဲ့အခါ ဆိုင္ရွင္ျဖစ္သူ ဦးမိုး ေသဆုံးခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။
ဒါ့အျပင့္ မုံ႐ြာၿမိဳ႕ ၊ ဘုရားႀကီးရပ္ကြက္ ၊ ဇရပ္ဝိုင္းဘုရားလမ္း ၊ ဇရပ္ဝိုင္းဘုရားအနီးက ကုန္စဲာဆိုင္ ၁ ဆိုင္ဟာ အခုလ ၾသဂုတ္ ၂၄ ရက္ ညေနပိုင္း ၅ နာရီဝန္းက်င္က ဓားျပတိုက္ခံရတယ္လို႔ မုံ႐ြာၿမိဳ႕ခံေတြဆီက သိရၿပီး အဲ့ဒီ ဓားျပမႈကို အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။
အခုလ ၃ ရက္ ညေနပိုင္းကလည္း မုံ႐ြာၿမိဳ႕၊ ရတနာပုံရပ္ကြက္ ၊ အမွတ္ ၄ လမ္းမွာရွိတဲ့ Mytel ကုမၼဏီ႐ုံးခြဲ ဓားျပတိုက္ခံရၿပီး ကုမၼဏီလုပ္ငန္းသုံး ကြန္ပ်ဴတာ ၄ လုံး ၊ ဖုန္း ၆ လုံး ၊ Wifi စက္ အလုံးေရ ၁ ရာေက်ာ္ နဲ႕ ပိုက္ဆံ (စီစစ္ဆဲ) ပါသြားၿပီး ႐ုံးသုံးပစၥည္းေတြကို မီးရွို႔ဖ်က္ဆီးထားခဲ့တာ ျဖစ္ခဲ့ပါတယ္။
မုံ႐ြာၿမိဳ႕ ၊ ျမဝတီရပ္ကြက္ ၊ သစၥာလမ္း ၊ လမ္းသြယ္ ၂ မွာရွိတဲ့ ဖုန္းနဲ႕ ဆိုင္ကယ္အေရာင္းဆိုင္ကို ၿပီးခဲ့တဲ့ ဇူလိုင္ ၂၃ ရက္မနက္ပိုင္းက ကား ၁ စီးနဲ႕ လူ ၁၀ ေယာက္ဝန္းက်င္ေရာက္လာၿပီး ဖုန္း အလုံး ၁ ရာေက်ာ္နဲ႕ ဆိုင္ကယ္ ၈ စီး ဓားျပတိုက္သြားတာ ျဖစ္ခဲ့ပါတယ္။
မုံ႐ြာၿမိဳ႕နယ္ ၊ ကူေတာ့ပလႅင္ေက်း႐ြာမွာ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၃ ရက္ မနက္ပိုင္းက အိမ္ရွင္လင္မယား ၂ ေယာက္ျဖစ္တဲ့ ဦးခင္ေမာင္လြင္ ၅ဝ ႏွစ္နဲ႕ သူ႕မိန္းမ ေဒၚဥမၼာလြင္ ၄၅ ႏွစ္ တို႔ကို ဓားျပေတြက ပစ္သတ္ၿပီး ေနအိမ္ထဲက ပိုက္ဆံ သိန္း ၄၀ ေက်ာ္ကို လုယက္သြားတဲ့ လူသတ္၊ဓားျပမႈျဖစ္ပြားခဲ့ပါတယ္။
#voiceofmyanmar #VOM #မုံ႐ြာ