ရခိုင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊ စပါးရိတ်သိမ်းရေးအတွက် လူသားချင်း စာနာ ထောက် ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲဟု ခိုင်သုခ ပြော၊ AA ၏ နိုင်ငံရေးရပ်တည်ချက် အပြောင်း အလဲ မရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၆
ရခိုင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊ စပါးရိတ်သိမ်းရေးအတွက် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲလိုက်ကြောင်း AAမှ ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခက ထုတ်ဖော်ပြောဆိုသည်။
ကြားခံပုဂ္ဂိုလ်များ၏ ညှိနှိုင်းပေးမှုဖြင့် ယနေ့မှ ၂၄ နာရီ အပစ်အခတ်ရပ်စဲမည်ဖြစ်ပြီး နှစ်ဖက် လိုက် နာ မှုပေါ်မူတည် ၍ ဆက်လက် ညှိနှိုင်းမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်ဖက်တပ်များ ရောက် သည့် နေရာတွင် ရပ်ထားရမည်ဖြစ်ပြီး နိုင်ငံရေးရပ်တည်ချက်အနေဖြင့်လည်း အပြောင်းအလဲ မရှိဟု ခိုင်သုခက ပြောဆိုသည်။
“အဓိကကတော့ ရခိုင်ပြည်သူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ Humanitarian Ceasefire လူသားချင်စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အလွတ် သဘော လုပ်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် လောလောဆယ် အခြေအနေမှာ ရခိုင်ပြည်သူတွေ အခက် အခဲဖြစ်နေတဲ့ အဓိကအကျဆုံး စားနပ်ရိက္ခာ ဆေးဝါး နောက်ပြီးလို့ရှိရင် အခုစပါးရိတ်သိမ်းတဲ့ရာသီကို ရောက်လာတဲ့အတွက်ကြောင့်မို့ ပြည်သူတွေရဲ့ အခက်အခဲတွေကို အလေးအနက်ထား စဉ်းစား ပြီး တော့မှ ဒီကို လုပ်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ကစပြီးတော့ ၂၄ နာရီအတွင်း ပစ်တာ ခတ်တာတွေ အားလုံးကို ရပ်စဲမယ်ဆိုပြီးတော့ သဘောတူထားတာဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ အပြောင်း အလဲမရှိပါဘူး။ နိုင်ငံရေးရပ်တည်ချက် မပြောင်းလဲဘူး။ နဂိုအတိုင်းပါပဲ။ နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ ရပ်ထားမယ်။ ပစ်တာ ခတ်တာတွေကို ရပ်ထားမယ်။” ဟု AA ၏ ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခက ဆိုသည်။
အလွတ်သဘော အပစ်အခတ်ရပ်စဲရေးသည် ကာလသတ်မှတ်ချက်မရှိဘဲ နှစ်ဖက်တပ်များ၏ လိုက်နာမှုအပေါ်တွင်သာ အဓိကမူတည်ကြောင်း၊ ရှေ့ဆက် ကိစ္စများကို ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“အခု အလွတ်သဘောအပစ်အခတ်ရပ်တယ်ဆိုတာက အပစ်အခတ်ရပ်စဲရေး သေချာသွားတယ်ဆိုရင် ပြည်သူတွေကို မဖမ်းဆီးဖို့ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ အဲဒီကိစ္စတွေ ဆက်ပြီးတော့ ညှိနှိုင်းရမှာဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေကို မတရားသတ်ဖြတ်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ အဲဒါမျိုးတွေရှိနေတဲ့အတွက်ကြောင့်မို့ ပြည်သူတွေကို အဓိက စဉ်းစားပြီးတော့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလွတ်သဘောဆောင်ရွက်တာဖြစ်ပါတယ်။
ကာလသတ်မှတ်ချက်မရှိဘဲ နှစ်ဖက်လိုက်နာမှု အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အလွတ်သဘောအပစ်အခတ်ရပ်စဲရေးလုပ်တယ်ဆိုတာက နှစ်ဖက်လိုက်နာမှုအပေါ်မှာ အဓိက မူတည်တာပဲဖြစ်ပါတယ်။ ကြားခံပုဂ္ဂိုလ်တွေကတစ်ဆင့် ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိပြီး ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် ပြန်လည် လက်တုံ့ပြန်မည်ဖြစ်ကြောင်း AA က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)
Zawgyi(version)
ရခိုင္ျပည္သူမ်ားအတြက္ စားနပ္ရိကၡာ၊ေဆးဝါး၊ စပါးရိတ္သိမ္းေရးအတြက္ လူသားခ်င္း စာနာ ေထာက္ ထားမႈဆိုင္ရာ အပစ္အခတ္ရပ္စဲဟု ခိုင္သုခ ေျပာ၊ AA ၏ နိုင္ငံေရးရပ္တည္ခ်က္ အေျပာင္း အလဲ မရွိ
ရန္ကုန္၊ နိုဝင္ဘာ ၂၆
ရခိုင္ျပည္သူမ်ားအတြက္ စားနပ္ရိကၡာ၊ေဆးဝါး၊ စပါးရိတ္သိမ္းေရးအတြက္ လူသားခ်င္းစာနာ ေထာက္ ထားမႈဆိုင္ရာ အပစ္အခတ္ရပ္စဲလိုက္ေၾကာင္း AAမွ ေျပာခြင့္ရပုဂၢိဳလ္ခိုင္သုခက ထုတ္ေဖာ္ေျပာဆိုသည္။
ၾကားခံပုဂၢိဳလ္မ်ား၏ ညႇိႏွိုင္းေပးမႈျဖင့္ ယေန႔မွ ၂၄ နာရီ အပစ္အခတ္ရပ္စဲမည္ျဖစ္ၿပီး ႏွစ္ဖက္ လိုက္ နာ မႈေပၚမူတည္ ၍ ဆက္လက္ ညႇိႏွိုင္းမည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ႏွစ္ဖက္တပ္မ်ား ေရာက္ သည့္ ေနရာတြင္ ရပ္ထားရမည္ျဖစ္ၿပီး နိုင္ငံေရးရပ္တည္ခ်က္အေနျဖင့္လည္း အေျပာင္းအလဲ မရွိဟု ခိုင္သုခက ေျပာဆိုသည္။
“အဓိကကေတာ့ ရခိုင္ျပည္သူေတြ လက္ရွိ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ ေျဖရွင္းနိုင္ဖို႔ Humanitarian Ceasefire လူသားခ်င္စာနာမႈဆိုင္ရာ အပစ္အခတ္ရပ္စဲေရးကို အလြတ္ သေဘာ လုပ္တာျဖစ္ပါတယ္။ဘာေၾကာင့္လဲဆိုရင္ ေလာေလာဆယ္ အေျခအေနမွာ ရခိုင္ျပည္သူေတြ အခက္ အခဲျဖစ္ေနတဲ့ အဓိကအက်ဆုံး စားနပ္ရိကၡာ ေဆးဝါး ေနာက္ၿပီးလို႔ရွိရင္ အခုစပါးရိတ္သိမ္းတဲ့ရာသီကို ေရာက္လာတဲ့အတြက္ေၾကာင့္မို႔ ျပည္သူေတြရဲ့ အခက္အခဲေတြကို အေလးအနက္ထား စဥ္းစား ၿပီး ေတာ့မွ ဒီကို လုပ္ခဲ့တာျဖစ္ပါတယ္။
ဒီေန႔ကစၿပီးေတာ့ ၂၄ နာရီအတြင္း ပစ္တာ ခတ္တာေတြ အားလုံးကို ရပ္စဲမယ္ဆိုၿပီးေတာ့ သေဘာတူထားတာျဖစ္ပါတယ္။ က်န္တဲ့ နိုင္ငံေရး ရပ္တည္ခ်က္ေတြ အေျပာင္း အလဲမရွိပါဘူး။ နိုင္ငံေရးရပ္တည္ခ်က္ မေျပာင္းလဲဘူး။ နဂိုအတိုင္းပါပဲ။ ႏွစ္ဖက္တပ္ေတြ ေရာက္တဲ့ေနရာမွာ ရပ္ထားမယ္။ ပစ္တာ ခတ္တာေတြကို ရပ္ထားမယ္။” ဟု AA ၏ ေျပာခြင့္ရပုဂၢိဳလ္ခိုင္သုခက ဆိုသည္။
အလြတ္သေဘာ အပစ္အခတ္ရပ္စဲေရးသည္ ကာလသတ္မွတ္ခ်က္မရွိဘဲ ႏွစ္ဖက္တပ္မ်ား၏ လိုက္နာမႈအေပၚတြင္သာ အဓိကမူတည္ေၾကာင္း၊ ေရွ႕ဆက္ ကိစၥမ်ားကို ဆက္လက္ညႇိႏွိုင္းသြားမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။
“အခု အလြတ္သေဘာအပစ္အခတ္ရပ္တယ္ဆိုတာက အပစ္အခတ္ရပ္စဲေရး ေသခ်ာသြားတယ္ဆိုရင္ ျပည္သူေတြကို မဖမ္းဆီးဖို႔ ဖမ္းဆီးထားတဲ့ ျပည္သူေတြကို ျပန္လႊတ္ေပးဖို႔ အဲဒီကိစၥေတြ ဆက္ၿပီးေတာ့ ညႇိႏွိုင္းရမွာျဖစ္ပါတယ္။ က်ေနာ္တို႔ ျပည္သူေတြကို မတရားသတ္ျဖတ္မႈေတြ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြ အဲဒါမ်ိဳးေတြရွိေနတဲ့အတြက္ေၾကာင့္မို႔ ျပည္သူေတြကို အဓိက စဥ္းစားၿပီးေတာ့မွ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အလြတ္သေဘာေဆာင္ရြက္တာျဖစ္ပါတယ္။
ကာလသတ္မွတ္ခ်က္မရွိဘဲ ႏွစ္ဖက္လိုက္နာမႈ အေပၚမွာပဲ မူတည္ပါလိမ့္မယ္။ အလြတ္သေဘာအပစ္အခတ္ရပ္စဲေရးလုပ္တယ္ဆိုတာက ႏွစ္ဖက္လိုက္နာမႈအေပၚမွာ အဓိက မူတည္တာပဲျဖစ္ပါတယ္။ ၾကားခံပုဂၢိဳလ္ေတြကတစ္ဆင့္ ညႇိႏွိုင္းခဲ့ၾကတာျဖစ္ပါတယ္” ဟု AA ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခက ဆိုသည္။
အၾကမ္းဖက္စစ္ေကာင္စီသည္ ရခိုင္ျပည္နယ္တြင္ ျပည္သူမ်ားကို ဖမ္းဆီးသတ္ျဖတ္ျခင္း၊ ေက်းရြာမ်ားကို လက္နက္ ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းအပါအဝင္ စစ္ရာဇဝတ္မႈမ်ားကို က်ဴးလြန္လ်က္ရွိၿပီး က်ဴးလြန္ေသာ စစ္ရာဇဝတ္မႈမ်ားအတြက္ ျပန္လည္ လက္တုံ႔ျပန္မည္ျဖစ္ေၾကာင္း AA က တရားဝင္ ထုတ္ျပန္ေၾကညာခဲ့သည္။
(Western News သည္ ရန္ကုန္ေခတ္သစ္၏ မဟာမိတ္ျဖစ္သည္)