လောင်းလုံး ရေကြောင်း လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသည့် လှေ ၁ စီးကို PDF များက တို-က်ခို-က်ခဲ့ပြီ

ထားဝယ်-လောင်းလုံး ရေကြောင်း လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသည့် လှေ ၁ စီးကို PDF များက တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်-လောင်းလုံး ရေကြောင်း လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသော လှေ ၁ စီးကို PDF များက တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေါ်ဝင်းခိုင်ကျော် အပါအဝင် ပျူစောထီး ၄ ဦး လိုက်ပါလာသော လှေ ၁ စီးကို လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်ပျောက်ကြား တပ်ဖွဲ့ရှိ ရဲဘော်များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း LLPDF အဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးသွားသော ပျူစောထီး ၄ ဦး၏ အလောင်းများနှင့် လှေ ၁ စီးကို သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကမ်းနားတွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၄ ဦးသည် ထားဝယ်မြို့ သင်္ဘောဆိပ် ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော်သည် လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ၎င်းကိုယ်တိုင် ကားမောင်း၍ ရိက္ခာများ ပို့ဆောင်ပေးနေသော စစ်ကောင်စီ ထောက်တိုင် တစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပျူစောထီး ခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော် သည်ကျောက်နီမော်ရွာ ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ကို ရေကြောင်းလမ်းမှ မူးယစ်ဆေးဝါးများနှင့် အရက်/ဘီယာဖာများကို သယ်ယူပို့ပေးနေပြီး ၎င်း၏ သားဖြစ်သူမှာလည်း ရေတပ်စခန်း၌ တာဝန်ကျနေသည့်အရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်း ပျူစောထီး ၄ ဦးထံမှ ပစ္စည်းများသည် ရွှေဆွဲကြိုး ၂ ခု၊ ပလက်တီနမ်ကြိုး ၃ ခု၊ လက်စွပ် ၈ ကွင်း၊ နားကပ် ၂ စုံ ၊ လက်ကောက် ၂ ကွင်း၊ ငွေကျပ် ၃၁၃၈၀၀၀၊ စကားပြောစက် ၁ လုံး၊ ဓားရှည်/အတို ၃ လက်၊ ပိုက်ဆံအိတ် ၁ လုံး ၊ဖုန်းကပ် ၅ ခု၊ မမ်မိုရီ ၂ ကပ်၊ အားသွင်းကြိုး ၂ စုံ ၊ဧည့်စာရင်းစာရွက် ၂ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပျူစောထီး အဖွဲ့ဝင် ၄ ဦးကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi(version)

ထားဝယ္-ေလာင္းလုံး ေရေၾကာင္း လမ္းပိုင္းတြင္ ပ်ဴေစာထီးမ်ား လိုက္ပါလာသည့္ ေလွ ၁ စီးကို PDF မ်ားက တိုက္ခိုက္ခဲ့ၿပီး ၄ ဦးေသဆုံး

ရန္ကုန္၊ နိုဝင္ဘာ ၂၅

တနသၤာရီတိုင္း၊ ထားဝယ္-ေလာင္းလုံး ေရေၾကာင္း လမ္းပိုင္းတြင္ ပ်ဴေစာထီးမ်ား လိုက္ပါလာေသာ ေလွ ၁ စီးကို PDF မ်ားက တိုက္ခိုက္ခဲ့ၿပီး ၄ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

နိုဝင္ဘာလ ၂၃ ရက္ေန႔ နံနက္ ၉ နာရီခန္႔တြင္ ေဒၚဝင္းခိုင္ေက်ာ္ အပါအဝင္ ပ်ဴေစာထီး ၄ ဦး လိုက္ပါလာေသာ ေလွ ၁ စီးကို ေလာင္းလုံး ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ႏွင့္ေပ်ာက္ၾကား တပ္ဖြဲ႕ရွိ ရဲေဘာ္မ်ားမွ ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း LLPDF အဖြဲ႕ထံမွ သိရသည္။

အဆိုပါ ေသဆုံးသြားေသာ ပ်ဴေစာထီး ၄ ဦး၏ အေလာင္းမ်ားႏွင့္ ေလွ ၁ စီးကို သရက္ေခ်ာင္းၿမိဳ႕နယ္၊ ဆင္ျဖဴျပင္ကမ္းနားတြင္ ယေန႔ နိုဝင္ဘာလ ၂၅ ရက္ေန႔ နံနက္ပိုင္း၌ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသြားေသာ ပ်ဴေစာထီး ၄ ဦးသည္ ထားဝယ္ၿမိဳ႕ သေဘၤာဆိပ္ ရပ္ကြက္တြင္ ေနထိုင္သူမ်ားျဖစ္ၿပီး ပ်ဴေစာထီးေခါင္းေဆာင္ ေဒၚဝင္းခိုင္ေက်ာ္သည္ ေလာင္းလုံးၿမိဳ႕နယ္ရွိ စစ္ေကာင္စီ တပ္စခန္းမ်ားကို ၎ကိုယ္တိုင္ ကားေမာင္း၍ ရိကၡာမ်ား ပို႔ေဆာင္ေပးေနေသာ စစ္ေကာင္စီ ေထာက္တိုင္ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ပ်ဴေစာထီး ေခါင္းေဆာင္ ေဒၚဝင္းခိုင္ေက်ာ္ သည္ေက်ာက္နီေမာ္ရြာ ပ်ဴေစာထီး ေခါင္းေဆာင္ ခ်စ္စမ္းေမာင္ ကို ေရေၾကာင္းလမ္းမွ မူးယစ္ေဆးဝါးမ်ားႏွင့္ အရက္/ဘီယာဖာမ်ားကို သယ္ယူပို႔ေပးေနၿပီး ၎၏ သားျဖစ္သူမွာလည္း ေရတပ္စခန္း၌ တာဝန္က်ေနသည့္အရာရွိတစ္ဦးျဖစ္ေၾကာင္း သိရသည္။

ယင္း ပ်ဴေစာထီး ၄ ဦးထံမွ ပစၥည္းမ်ားသည္ ေရႊဆြဲႀကိဳး ၂ ခု၊ ပလက္တီနမ္ႀကိဳး ၃ ခု၊ လက္စြပ္ ၈ ကြင္း၊ နားကပ္ ၂ စုံ ၊ လက္ေကာက္ ၂ ကြင္း၊ ေငြက်ပ္ ၃၁၃၈၀၀၀၊ စကားေျပာစက္ ၁ လုံး၊ ဓားရွည္/အတို ၃ လက္၊ ပိုက္ဆံအိတ္ ၁ လုံး ၊ဖုန္းကပ္ ၅ ခု၊ မမ္မိုရီ ၂ ကပ္၊ အားသြင္းႀကိဳး ၂ စုံ ၊ဧည့္စာရင္းစာရြက္ ၂ ခုတို႔ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ပ်ဴေစာထီး အဖြဲ႕ဝင္ ၄ ဦးကို ေလာင္းလုံးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(LLPDF)ႏွင့္ အထူးေျပာက္က်ားတပ္ဖြဲ႕တို႔ပူးေပါင္းရွင္းလင္းလိုက္ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။