ဇေကမ္ဘာခင်ရွှေထံမှ လာဘ်စားပြီး အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ
RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။
ဇေကမ္ဘာခင်ရွှေထံမှ ငွေသိန်း (၇၀) လာဘ်စားပြီး မကြာသေးမီက ထောင်ကလွတ်မြောက်သွားသည့် အဆိုတော်တဦးနှင့် တညတာ သိန်း (၈၀) ပေးပြီး အတူနေခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အသက် (၄၀) ကျော် အကြီးတန်းအရာရှိတဦး ထောင်တွင်းစစ်ဆေးမှု ပြုလုပ်ခံနေရကြောင်း သိရသည်။
အင်းစိန်အကျဉ်းထောင်တွင်း ဇေကမ္ဘာခင်ရွှေထောင်ဝင်စာနှင့် ထောင်ကမလွတ်ခင် အဆိုတော်အမျိုးသမီးတဦးတို့၏ ထောင်ဝင်စာပါဆယ်များသည် စစ်ဆေးခံနေရသည့် အရာရှိနေအိမ်မှတဆင့် ထောင်တွင်းစစ်ဆေးခြင်းမရှိ သယ်ပို့ခဲ့ကြောင်း၊ ဇေကမ္ဘာခင်ရွှေထံမှ သိန်း (၇၀) လာဘ်စားခဲ့ပြီး ရရှိသည့်ငွေနှင့်အတူ အဆိုတော်အမျိုးသမီးကို သိန်း (၈၀) ပေးကာ ထောင်ကလွတ်သည့်ညတွင် အတူနေခဲ့ကြကြောင်း အကျဉ်းဦးစီးဌာန အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
“ထောင်တွင်းစစ်ဆေးခံနေရတာပေါ့ အတိုင်ခံရတာက အရာရှိ အကြီးပိုင်းကပဲ၊ တိုင်တဲ့သူက လုံခြုံရေးအရာရှိဗျ ထိန်လင်းဦးလေ ဗိုလ်ထိန်ဆို အကုန်သိတယ် သူက ခြေတဖတ်ပြတ် စစ်တပ်ကလာတာ၊ အခု DE စစ်တာပေါ့ ထောင်တွင်း စစ်ဆေးမှုပေါ့၊ စစ်နေတာက ဒုတိယညွန်ကြားရေးမှူးချုပ်ကိုယ်တိုင် စစ်နေတာပါ။ အခုတိုင်တဲ့သူက တပ်ကလာတယ် အတိုင်ခံရတဲ့ အရာရှိက အရပ်ဖက်ပေါ့ အဲတော့ အားပြိုင်နေကြတာလည်းပါတယ်၊ အကုန်လုံးကတော့ အတူတူနဲ့အနူနူပါပဲ ဘိန်းစားချင်းအတူတူ တမူးပိုရှုချင်တာ၊ မတည့်ရင် ဦးတဲ့သူက ဆော်နေကြတာ၊ အခုက အဆိုတော်နဲ့အိပ်လိုက်တာကော ခင်ရွှေဆီက ငွေယူတာကော ရောသွားတာ ” ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။
အင်းစိန်အကျဉ်းထောင်တွင် တာဝန်ကျနေသည့် ဝန်ထမ်းအများစုသည့် လာဘ်စားမှုများရှိနေပြီး ရာထူးကြီးသူက ပိုလာဘ်စားကြကြောင်း၊ သာမန်အကျဉ်းသားများသည် လာဘ်ပေးပြီး တန်းစီးချုပ်၊ အခန်းလူကြီး၊ စာရေး၊ စည်းကမ်းထိန်းစသည့် အခွင့်အရေးရသည့်နေရာများကိုယူပြီး ရောက်ရှိလာသည့် အကျဉ်းသားများထံမှ အိမ်ယာနေရာကောင်းရရှိရေး၊ ရဲဘက်မထွက်ရရေး၊ ထောင်တွင်းအလုပ်မလုပ်ရရေး (သက်သာသည့်အလုပ် ရရှိရေး) စသည့် နေရာများစွာမှ ဝန်ထမ်းများအတွက် ငွေရှာပေးရကြောင်း၊
ညွန်ချုပ်၊ ထောင်ပိုင်၊ ထောင်ပိုင်လေး၊ အဆောင်မှူး စသည့် အကျဉ်းဦးစီးဝန်ထမ်းများကလည်း ပတ်သက်နေသည့် အကျဉ်းသားများထံမှ ထောင်တွင်းနေထိုင် စားသောက်ရေး အဆင်ပြေစေရန် နည်းမျိုးစုံဖြင့် လာဘ်စားကြကြောင်း သိရသည်။
Red News Agency
Zawgyi(version)
ေဇကမၻာခင္ေရႊထံမွ လာဘ္စားၿပီး အဆိုေတာ္ႏွင့္အတူေနသည့္ အင္းစိန္ေထာင္အရာရွိ စစ္ေဆးခံေနရ
RNA_နိုဝင္ဘာ(၂၄)၊၂၀၂၂ ခုႏွစ္။
ေဇကမၻာခင္ေရႊထံမွ ေငြသိန္း (၇၀) လာဘ္စားၿပီး မၾကာေသးမီက ေထာင္ကလြတ္ေျမာက္သြားသည့္ အဆိုေတာ္တဦးႏွင့္ တညတာ သိန္း (၈၀) ေပးၿပီး အတူေနခဲ့သည့္ ရန္ကုန္ၿမိဳ႕၊ အင္းစိန္အက်ဥ္းေထာင္မွ အသက္ (၄၀) ေက်ာ္ အႀကီးတန္းအရာရွိတဦး ေထာင္တြင္းစစ္ေဆးမႈ ျပဳလုပ္ခံေနရေၾကာင္း သိရသည္။
အင္းစိန္အက်ဥ္းေထာင္တြင္း ေဇကမၻာခင္ေရႊေထာင္ဝင္စာႏွင့္ ေထာင္ကမလြတ္ခင္ အဆိုေတာ္အမ်ိဳးသမီးတဦးတို႔၏ ေထာင္ဝင္စာပါဆယ္မ်ားသည္ စစ္ေဆးခံေနရသည့္ အရာရွိေနအိမ္မွတဆင့္ ေထာင္တြင္းစစ္ေဆးျခင္းမရွိ သယ္ပို႔ခဲ့ေၾကာင္း၊ ေဇကမၻာခင္ေရႊထံမွ သိန္း (၇၀) လာဘ္စားခဲ့ၿပီး ရရွိသည့္ေငြႏွင့္အတူ အဆိုေတာ္အမ်ိဳးသမီးကို သိန္း (၈၀) ေပးကာ ေထာင္ကလြတ္သည့္ညတြင္ အတူေနခဲ့ၾကေၾကာင္း အက်ဥ္းဦးစီးဌာန အသိုင္းအဝန္းတြင္ ေျပာဆိုေနၾကသည္။
“ေထာင္တြင္းစစ္ေဆးခံေနရတာေပါ့ အတိုင္ခံရတာက အရာရွိ အႀကီးပိုင္းကပဲ၊ တိုင္တဲ့သူက လုံျခဳံေရးအရာရွိဗ် ထိန္လင္းဦးေလ ဗိုလ္ထိန္ဆို အကုန္သိတယ္ သူက ေျခတဖတ္ျပတ္ စစ္တပ္ကလာတာ၊ အခု DE စစ္တာေပါ့ ေထာင္တြင္း စစ္ေဆးမႈေပါ့၊ စစ္ေနတာက ဒုတိယညြန္ၾကားေရးမႉးခ်ဳပ္ကိုယ္တိုင္ စစ္ေနတာပါ။ အခုတိုင္တဲ့သူက တပ္ကလာတယ္ အတိုင္ခံရတဲ့ အရာရွိက အရပ္ဖက္ေပါ့ အဲေတာ့ အားၿပိဳင္ေနၾကတာလည္းပါတယ္၊ အကုန္လုံးကေတာ့ အတူတူနဲ႔အႏူႏူပါပဲ ဘိန္းစားခ်င္းအတူတူ တမူးပိုရႈခ်င္တာ၊ မတည့္ရင္ ဦးတဲ့သူက ေဆာ္ေနၾကတာ၊ အခုက အဆိုေတာ္နဲ႔အိပ္လိုက္တာေကာ ခင္ေရႊဆီက ေငြယူတာေကာ ေရာသြားတာ ” ဟု အက်ဥ္းဦးစီးဌာန ဝန္ထမ္းတဦးက ေျပာသည္။
အင္းစိန္အက်ဥ္းေထာင္တြင္ တာဝန္က်ေနသည့္ ဝန္ထမ္းအမ်ားစုသည့္ လာဘ္စားမႈမ်ားရွိေနၿပီး ရာထူးႀကီးသူက ပိုလာဘ္စားၾကေၾကာင္း၊ သာမန္အက်ဥ္းသားမ်ားသည္ လာဘ္ေပးၿပီး တန္းစီးခ်ဳပ္၊ အခန္းလူႀကီး၊ စာေရး၊ စည္းကမ္းထိန္းစသည့္ အခြင့္အေရးရသည့္ေနရာမ်ားကိုယူၿပီး ေရာက္ရွိလာသည့္ အက်ဥ္းသားမ်ားထံမွ အိမ္ယာေနရာေကာင္းရရွိေရး၊ ရဲဘက္မထြက္ရေရး၊ ေထာင္တြင္းအလုပ္မလုပ္ရေရး (သက္သာသည့္အလုပ္ ရရွိေရး) စသည့္ ေနရာမ်ားစြာမွ ဝန္ထမ္းမ်ားအတြက္ ေငြရွာေပးရေၾကာင္း၊
ညြန္ခ်ဳပ္၊ ေထာင္ပိုင္၊ ေထာင္ပိုင္ေလး၊ အေဆာင္မႉး စသည့္ အက်ဥ္းဦးစီးဝန္ထမ္းမ်ားကလည္း ပတ္သက္ေနသည့္ အက်ဥ္းသားမ်ားထံမွ ေထာင္တြင္းေနထိုင္ စားေသာက္ေရး အဆင္ေျပေစရန္ နည္းမ်ိဳးစုံျဖင့္ လာဘ္စားၾကေၾကာင္း သိရသည္။
Red News Agency