စစ်သားနဲ့ပျူတွေကို အိပ်ဆေးခပ်ပြီး လက်နက်တွေ ယူလာတဲ့ ပျူ ၂ ဦး PDF နဲ့ လာပူးပေါင်း
ပခုက္ကူ၊ နိုဝင်ဘာ ၂၃၊ ၂၀၂၂ ။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်သားနဲ့ပျူတွေစားမယ့်ထမင်းကြော်ထဲ အိပ်ဆေးထည့်ကျွေးပြီးနောက် လက်နက်နဲ့ခဲယမ်းတွေ ယူဆောင်လာတဲ့ ပျူ ၂ ဦးဟာ PDF နဲ့ လာပူးပေါင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်တပ်ရင်း – ၁ ဗိုလ်လက်ယာက မြေလတ်အသံကို ပြောပါတယ်။
ပခုက္ကူမြို့နယ် ဘုန်းကံလမ်းခွဲ၊ ကောင်းစက်ဝိုင်းပန့်ဆိုင်အနီး ခလရ ၂၅၄ စစ်သား ၄ ဦး နှင့် ပျူ ၁၁ ဦး စားမယ့်ထမင်းကြော်ထဲမှာ အိပ်ဆေးထည့်ကျွေးခဲ့ပြီး လက်နက်နဲ့ခဲယမ်းတွေ ယူဆောင်လာတာလို့ ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဗိုလ်လက်ယာက ပြောတာပါ။
“မနေ့ည ၁၂ ကျော်လောက်ကတဲ့ကဝင်လာတာ၊ MA4 ၁ လက် MA3 ၁ လက် Carbine1 ၁ လက် ကျည်ဘောက် ၅ ခု ကျည် ၅၈တောင့် Carbine ဘောက် ၃ ခု ကျည် ၅၂ တောင့် ယူလာပြီးကျနော်တို့ထံလာပူးပေါင်းတာ၊ ထမင်းကြော်ထဲကို အိပ်ဆေးထည့်ပေးလိုက်တာတဲ့၊
အိပ်ဆေးက သူတို့ထည့်တာနည်းသွားလို့ တကယ်ဆိုသေနတ် ၁၃ လက်လုံးရမှာ၊ အခုဟာက ၃ လက်ပဲရခဲ့တယ်” လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
လာရောက်ပူးပေါင်းခဲ့သူနှစ်ဦးကိုတော့ ထောက်ပံ့ကြေး သိန်း ၅၀ ဆီပေးပြီး စခန်းနဲ့ဝေးရာကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
သတင်း-ဒိန်းဂျား
မြေလတ်အသံ
Zawgyi(version)
စစ္သားနဲ႕ပ်ဴေတြကို အိပ္ေဆးခပ္ၿပီး လက္နက္ေတြ ယူလာတဲ့ ပ်ဴ ၂ ဦး PDF နဲ႕ လာပူးေပါင္း
ပခုကၠဴ၊ နိုဝင္ဘာ ၂၃၊ ၂၀၂၂ ။
မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္သားနဲ႕ပ်ဴေတြစားမယ့္ထမင္းေၾကာ္ထဲ အိပ္ေဆးထည့္ေကြၽးၿပီးေနာက္ လက္နက္နဲ႕ခဲယမ္းေတြ ယူေဆာင္လာတဲ့ ပ်ဴ ၂ ဦးဟာ PDF နဲ႕ လာပူးေပါင္းခဲ့တယ္လို႔ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္-ၿမိဳင္ၿမိဳ႕နယ္တပ္ရင္း ၁ ဗိုလ္လက္ယာက ေျမလတ္အသံကို ေျပာပါတယ္။
ပခုကၠဴၿမိဳ႕နယ္ ဘုန္းကံလမ္းခြဲ၊ ေကာင္းစက္ဝိုင္းပန႔္ဆိုင္အနီး ခလရ ၂၅၄ စစ္သား ၄ ဦး ႏွင့္ ပ်ဴ ၁၁ ဦး စားမယ့္ထမင္းေၾကာ္ထဲမွာ အိပ္ေဆးထည့္ေကြၽးခဲ့ၿပီး လက္နက္နဲ႕ခဲယမ္းေတြ ယူေဆာင္လာတာလို႔ ယေန႕ နိုဝင္ဘာ ၂၃ ရက္ေန႕မွာ ဗိုလ္လက္ယာက ေျပာတာပါ။
မေန႕ည ၁၂ ေက်ာ္ေလာက္ကတဲ့ကဝင္လာတာ၊ MA4 ၁ လက္ MA3 ၁ လက္ Carbine1 ၁ လက္ က်ည္ေဘာက္ ၅ ခု က်ည္ ၅၈ေတာင့္ Carbine ေဘာက္ ၃ ခု က်ည္ ၅၂ ေတာင့္ ယူလာၿပီးက်ေနာ္တို႔ထံလာပူးေပါင္းတာ၊ ထမင္းေၾကာ္ထဲကို အိပ္ေဆးထည့္ေပးလိုက္တာတဲ့၊
အိပ္ေဆးက သူတို႔ထည့္တာနည္းသြားလို႔ တကယ္ဆိုေသနတ္ ၁၃ လက္လုံးရမွာ၊ အခုဟာက ၃ လက္ပဲရခဲ့တယ္ လို႔ ဗိုလ္လက္ယာက ဆိုပါတယ္။
လာေရာက္ပူးေပါင္းခဲ့သူႏွစ္ဦးကိုေတာ့ ေထာက္ပံ့ေၾကး သိန္း ၅၀ ဆီေပးၿပီး စခန္းနဲ႕ေဝးရာကို ပို႔ေဆာင္လိုက္ၿပီလို႔ သိရပါတယ္။
သတင္း-ဒိန္းဂ်ား
ေျမလတ္အသံ