ရန်ကုန်UG အဖွဲ့ ၆ ဦးဖမ်းဆီးခံရပြီး ရဲဘော်အားလုံး ကျဆုံး…see more

ရန်ကုန်UG အဖွဲ့ ၆ ဦးဖမ်းဆီးခံရပြီး၂ဦးကို နေရာတွင်ပင် ပစ်သတ်ခံရ

OAK

မဇ္ဇျိမ။ ။ရန်ကုန်အခြေစိုက်UG အဖွဲ့တစ်ခုဖြစ်သည့် Burmese Ranger Army-LDF အဖွဲ့၏ Safe Houseတစ်ခုအား သြဂုတ်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့မှ အိမ်စီးကား သုံးစီး၊DC Double Cab)တစ်စီး ၊အင်အား ၃၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်အတွင်းရှိ ရဲဘော် ကိုးဦးအား ပစ်ခတ်ဖမ်းဆီးရာ လက်နက်အင်အား လူအင်အားမမျှတမှုကြောင့် ခြောက်ဦး ဖမ်းမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသောရဲဘော် ခြောက်ဦးအနက် ဒဏ်ရာရရှိသောရဲဘော် နှစ်ဦးအား အဆိုပါနေရာတွင်ပင် ပစ်သတ်ခဲ့ပြီး ကျန်လေးဦးသည်လည်း စစ်ကြောရေးတွင် ကျဆုံးသွားခဲ့သည်ဟု သိရှိရကာ အတည်မပြုနိုင်သေးပေ။

“ဝင်ရောက်စီးနင်းခံရတဲ့နေ့က အဲ့မှာ ကျွန်တော်အပါအဝင် အားလုံးပေါင်း ကိုးယောက်ရှိပါတယ်၊ဘယ်လိုလွတ်မြောက်လည်းဆိုတော့ ကျွန်တော်တို့ အဲ့နေ့က လုံခြုံရေးအချက်အလက်အချို့ပေါက်သွားပြီဆိုတာ သိရတော့ အဲ့နေရာက ရှောင်ဖို့ပြင်ဆင်နေကြတာ၊လက်နက် အင်အားလူအင်အားက မမျှဘူး အတတ်နိုင်ဆုံး ခုခံပေမဲ့လက်နက် အင်အားကွာခြားပြီး ကျွန်တော့်ရဲဘော် ခြောက်ယောက် အဖမ်းခံလိုက်ရတယ်၊ခြေထောက်ဒဏ်ရာရထားတဲ့ကျွန်တော့်ကို ကျန်တဲ့ရဲဘော် နှစ်ယောက်ကဆွဲပြီး အရေးပေါ်ထွက်ပေါက်လမ်းကနေ ကယ်ထုတ်ခဲ့လို့ ကျွန်တော်လည်း လွတ်ခဲ့တာပါ”ဟု ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသော Burmese Ranger Army-LDF အဖွဲ့ မှရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါဖမ်းဆီးခံရမှုတွင် ဒလန်သတင်းပေးမှုနှင့် မဟာမိတ်အဖွဲ့တစ်ချို့ ဖမ်းဆီးခံရပြီးနောက် သတင်းပေါက်ကြားမှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရမှုကြောင့် ရဲဘော်ခြောက်ဦး၊Glock 19-Gen5အတို နှစ်လက်၊Ready Made အသီး ငါးလုံး၊ငွေသား ၁၈သိန်း၊9mm ကျည်၂၀၀၊လက်လုပ်အသီး သုံးလုံး တို့ ဆုံးရှုံးခဲ့သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရန်ကုန်UG
#စစ်ကောင်စီတပ်ဖွဲ့
#ဖမ်းဆီးခံရ

Zawgyi(version)

ရန္ကုန္UG အဖြဲ႕ ၆ ဦးဖမ္းဆီးခံရၿပီး၂ဦးကို ေနရာတြင္ပင္ ပစ္သတ္ခံရ

OAK

မဇၨ်ိမ။ ။ရန္ကုန္အေျခစိုက္UG အဖြဲ႕တစ္ခုျဖစ္သည့္ Burmese Ranger Army-LDF အဖြဲ႕၏ Safe Houseတစ္ခုအား ၾသဂုတ္လ ၉ ရက္ေန႕တြင္ စစ္ေကာင္စီတပ္မွ ဝင္ေရာက္စီးနင္းကာ ဖမ္းဆီးမႈျဖစ္ပြားခဲ့သည္။

စစ္ေကာင္စီတပ္ဖြဲ႕မွ အိမ္စီးကား သုံးစီး၊DC Double Cab)တစ္စီး ၊အင္အား ၃၀ခန့္ျဖင့္ ဝင္ေရာက္စီးနင္းခဲ့ၿပီး အိမ္အတြင္းရွိ ရဲေဘာ္ ကိုးဦးအား ပစ္ခတ္ဖမ္းဆီးရာ လက္နက္အင္အား လူအင္အားမမွ်တမႈေၾကာင့္ ေျခာက္ဦး ဖမ္းမိခဲ့သည္ဟု ဆိုသည္။

ဖမ္းဆီးရမိေသာရဲေဘာ္ ေျခာက္ဦးအနက္ ဒဏ္ရာရရွိေသာရဲေဘာ္ ႏွစ္ဦးအား အဆိုပါေနရာတြင္ပင္ ပစ္သတ္ခဲ့ၿပီး က်န္ေလးဦးသည္လည္း စစ္ေၾကာေရးတြင္ က်ဆဳံးသြားခဲ့သည္ဟု သိရွိရကာ အတည္မျပဳနိုင္ေသးေပ။

“ဝင္ေရာက္စီးနင္းခံရတဲ့ေန႕က အဲ့မွာ ကြၽန္ေတာ္အပါအဝင္ အားလုံးေပါင္း ကိုးေယာက္ရွိပါတယ္၊ဘယ္လိုလြတ္ေျမာက္လည္းဆိုေတာ့ ကြၽန္ေတာ္တို႔ အဲ့ေန႕က လုံၿခဳံေရးအခ်က္အလက္အခ်ိဳ႕ေပါက္သြားၿပီဆိုတာ သိရေတာ့ အဲ့ေနရာက ေရွာင္ဖို႔ျပင္ဆင္ေနၾကတာ၊လက္နက္ အင္အားလူအင္အားက မမွ်ဘူး အတတ္နိုင္ဆုံး ခုခံေပမဲ့လက္နက္ အင္အားကြာျခားၿပီး ကြၽန္ေတာ့္ရဲေဘာ္ ေျခာက္ေယာက္ အဖမ္းခံလိုက္ရတယ္၊ေျခေထာက္ဒဏ္ရာရထားတဲ့ကြၽန္ေတာ့္ကို က်န္တဲ့ရဲေဘာ္ ႏွစ္ေယာက္ကဆြဲၿပီး အေရးေပၚထြက္ေပါက္လမ္းကေန ကယ္ထုတ္ခဲ့လို႔ ကြၽန္ေတာ္လည္း လြတ္ခဲ့တာပါ”ဟု ဖမ္းဆီးခံရမႈမွ လြတ္ေျမာက္လာေသာ Burmese Ranger Army-LDF အဖြဲ႕ မွရဲေဘာ္တစ္ဦးက ေျပာသည္။

အဆိုပါဖမ္းဆီးခံရမႈတြင္ ဒလန္သတင္းေပးမႈႏွင့္ မဟာမိတ္အဖြဲ႕တစ္ခ်ိဳ႕ ဖမ္းဆီးခံရၿပီးေနာက္ သတင္းေပါက္ၾကားမႈမ်ားေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕မွ ဝင္ေရာက္ စီးနင္းခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ဖမ္းဆီးခံရမႈေၾကာင့္ ရဲေဘာ္ေျခာက္ဦး၊Glock 19-Gen5အတို ႏွစ္လက္၊Ready Made အသီး ငါးလုံး၊ေငြသား ၁၈သိန္း၊9mm က်ည္၂၀၀၊လက္လုပ္အသီး သုံးလုံး တို႔ ဆုံးရႈံးခဲ့သည္ဟု သိရသည္။

စာတည္း။ ။ ဖူးသိမ္က်
စာမူတည္းျဖတ္။ ။ သန့္ေဇာ္(သန္လ်င္)

#ရန္ကုန္UG
#စစ္ေကာင္စီတပ္ဖြဲ႕
#ဖမ္းဆီးခံရ