၄၈ နာရီ အတွင်း USD အများကြီး ဖြစ်နေလို့ ပျော်နေတဲ့ ကိုထိန်လင်း(ပျော်နေရှာပြီပေါ့)

၄၈ နာရီ အတွင်း USD အများကြီး ဖြစ်နေလို့ ပျော်နေတဲ့ ကိုထိန်လင်း(ပျော်နေရှာပြီပေါ့)

48 Hours အတွင်း Ticket အစောင်ရေ ၃၅၀၀၊ USD 350,000 Fund Raise လုပ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းကို ကိုထိန်လင်း ကြားသိပြီး အရမ်းကို အံ့ဩဝမ်းသာနေကြောင်း ကြားသိရပါတယ်။

ကိုထိန်လင်းအနေနဲ့ ဒီကာလဟာ သူ့အတွက် အင်မတန်ခက်ခဲပင်ပန်းတဲ့ ကာလဖြစ်ပါလိမ့်မယ်။ နိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင် ကမ္ဘာသိခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဖယ်ထားလိုက်ဦး၊ ကိုထိန်လင်းအတွက်တော့ အသက်ရှစ်ဆယ်နီးနီး သူ့ရဲ့အမေဟာ စစ်ဘီလူးတွေလက်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန် ဖြစ်ပါတယ်။ ကိုထိန်လင်းအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ်ခံစားချက် မဟုတ်ပါဘူး။

Myanmar’s pro-democracy leader Aung San Suu Kyi walks with her son Kim Aris through the airport building as he leaves Yangon December 7, 2010. Aris, the younger of two sons of Suu Kyi and her late husband British academic Michael Aris, visited his mother for the first time in ten years after she was released from the house arrest in November. REUTERS/Soe Zeya Tun (MYANMAR – Tags: POLITICS)

သူ့ငယ်ဘဝကတည်းကနေ အခုအချိန်အထိ အကြိမ်ကြိမ် ခံစားခဲ့ရတဲ့ ခံစားချက် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူ့အမေဟာ အရင်လို ပျိုရွယ်တဲ့အချိန်မဟုတ်ဘဲ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့အပြင် ဒီတစ်ခေါက် စစ်ရူးတွေဟာ ဘယ်အရူးနဲ့မှ မတူမှန်း တွေးဆကြည့်လို့ ရနေနိုင်တဲ့အတွက် မိခင်ကို ပူပန်နေရမှာ အသေအချာပါပဲ။

ကိုထိန်လင်းလက်ထဲက အမေကို အပြီးယူထားလိုက်ပြီး ကျွန်မတို့က အမေလို့ ခေါ်ကြတယ်။ အမေလို ချစ်ကြတယ်။ ဒါပေမယ့် အမေ့ရဲ့သားက အမေ့ကို ဘယ်လောက်ချစ်ရှာမလဲ ကျွန်မတို့ အတ္တကြီးကြီး မေ့လျော့ထားခဲ့ဖူးတယ်။

ခဏဆိုပြီး ပြန်သွားတဲ့ အမေဟာ ပြန်မလာခဲ့တော့ဘူး။ ဒါပေမယ့် ကိုထိန်လင်းဟာ အမေကို မငြိုငြင်တမ်း နားလည်ချစ်ခင်ခဲ့တဲ့အပြင် ဒီနေ့အထိကို ကျွန်မတို့ မြန်မာပြည်သူတွေအပေါ် သူ့အမေကို လုယူသွားတဲ့သူတွေလို့ မတွေးဘဲ သူ့အမေချစ်သလို လိုက်ချစ်ပေးရှာတဲ့သားပါပဲ။ ဒါ့ကြောင့်ပဲ အခုလို ကျွန်မတို့မြန်မာပြည်သူတွေ အရေးကြုံချိန်မှာ ဘေးထွက်ထိုင်မနေရက်ဘဲ သူစွမ်းတာလေးနဲ့ ပါဝင်ရပ်တည်ပေးခဲ့ပြန်တယ်။

အားနာရတယ်။ သူ့ကိုမြင်တိုင်း ဘာမှမကျူးလွန်မိပါဘဲ အားတုံ့အားနာခံစားချက်ကို အမြဲခံစားရတယ်။ ဘာမှမရယူဘဲ အမြင့်ဆုံးပေးဆပ်ခဲ့ကြတဲ့ ဆွေစဉ်မျိုးဆက်ကို ကြည့်ရင်း အားနာရတယ်။ ဒီလို ပေးဆပ်ကြသူတွေအတွက် အခုထိတာဝန်မကျေနိုင်သေးတာကိုလည်း အားနာရတယ်။ ကျွန်မတို့ဟာ သူပေးလိုက်ရတဲ့ သူ့အမေကို မကာကွယ်နိုင်ခဲ့ဘူး။ ထပ်ခါထပ်ခါ အားနာရပါတယ်။

ဒီကာလလေးမှာ သူ့ရဲ့ စိတ်ပူပန်မှုတွေကြားထဲမှာ ဒီဆန်ရေပရော့ဂျက်ကို ပြည်သူတွေ ဒီလောက်ပါဝင်ပေးကြတဲ့အတွက် စိတ်ချမ်းမြေ့မှု ဝမ်းသာမှုလေး တစုံတရာ ရတယ်ဆိုရင်ပဲ စီစဉ်ရကျိုးနပ်သလို ပါဝင်ကြသူတွေလည်း ပါဝင်ရကျိုးနပ်တယ်လို့ ခံစားကြရမယ်ဆိုတာ ယုံကြည်နေမိတယ်။

ဒီလက်မှတ်လေးတွေဟာ ကျွန်မတို့ပြည်သူတွေဟာ ကိုထိန်လင်းအပေါ်လည်း ချစ်ခြင်းမေတ္တာ အပြည့်အဝရှိပါတယ်လို့ အသံတိတ်ဖော်ပြပေးနိုင်တဲ့ လက်မှတ်လေးတွေပါပဲ။

ကြိုတင်သတင်းပေးထားပါရစေ။ ကိုထိန်လင်းက အံ့ဩပျော်ရွှင်နေတာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ဒီProject လေးမှာ ထပ်တိုးပါဝင်ပေးမယ့် အစီအစဉ်လေး တစ်ခုလည်း ရှိပါသေးတယ်တဲ့လေ။

မေတ္တာတုံ့ မေတ္တာပြန် လက်မှတ်လေးတွေ ဝယ်ယူအားပေးကြပါဦးနော်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net