ကော်ဘရာစစ်ကြောင်း၏ ရိက္ခာပို့သည့်ကားအား စစ်ကောင်စီတပ်မှကြားဖြတ်တိုက်ခိုက်၍ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး
နွေဦး/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ နိုဝင်ဘာလ ၂၃ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ(၆)နယ်မြေအတွင်း ကော်ဘရာစစ်ကြောင်း၏ ရိက္ခာပို့သည့်ကားအား ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှကြားဖြတ်တိုက်ခိုက်၍ ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားမှာ ဝေါလေကားလမ်းမပေါ် ဒေသအခေါ် ဘလက်တိုအနီးတွင် စစ်ကောင်စီတပ်၏ ချောင်းမြောင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်းကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
“မနေ့ကညနေမှာ ရိက္ခာတင်တဲ့ကား ကြားဖြတ်အတိုက်ခံရတယ်။ ကားပေါ်ပါတဲ့ ၁၀ ယောက်မှာ ၅ ယောက်လွတ်သွားတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ ကြားဖြတ်တိုက်တော့ ကားကမှောက်သွားပြီး အထဲမှာပိတ်မိနေတာကို ဒီမနက်မှ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတယ်” ဟု ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုအပြီးတွင် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုမှာ ယမန်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညပိုင်းအချိန်အထိ ရိက္ခာတင်ကားအနီး စစ်ကောင်စီတပ်များက ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ကျဆုံးရဲဘော် ၃ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးအား ယနေ့ မနက်ပိုင်းမှသာ ကော်ဘရာစစ်ကြောင်းမှ ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ကော်ဘရာစစ်ကြောင်းမှ ကျဆုံးရဲဘော် ၃ ဦးမှာ အသက် ၂၈ နှစ်အရွယ် အဲမူး၊ ၂၂ နှစ်အရွယ် လုလုဖော်နှင့် အသက် ၂၀ အရွယ် ရဲဘော်ကျော်ကြီးဖြစ်ကြကြောင်း ကော်ဘရာစစ်ကြောင်းနှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
Zawgyi(version)
ေကာ္ဘရာစစ္ေၾကာင္း၏ ရိကၡာပို႔သည့္ကားအား စစ္ေကာင္စီတပ္မွၾကားျဖတ္တိုက္ခိုက္၍ တပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံး
ေႏြဦး/ဧရာဝတီတိုင္းမ္
(ျမဝတီ)၊ နိုဝင္ဘာလ ၂၃ ရက္
ကရင္ျပည္နယ္၊ KNU တပ္မဟာ(၆)နယ္ေျမအတြင္း ေကာ္ဘရာစစ္ေၾကာင္း၏ ရိကၡာပို႔သည့္ကားအား ယမန္ေန႔ နိုဝင္ဘာလ ၂၂ ရက္ေန႔ ညေနပိုင္းက စစ္ေကာင္စီတပ္မွၾကားျဖတ္တိုက္ခိုက္၍ ေကာ္ဘရာစစ္ေၾကာင္းမွ တပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံးခဲ့ေၾကာင္း သိရသည္။
ေကာ္ဘရာစစ္ေၾကာင္း၏ ရိကၡာတင္ကားမွာ ေဝါေလကားလမ္းမေပၚ ေဒသအေခၚ ဘလက္တိုအနီးတြင္ စစ္ေကာင္စီတပ္၏ ေခ်ာင္းေျမာင္းပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္းေကာ္ဘရာစစ္ေၾကာင္းႏွင့္ နီးစပ္သည့္ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးထံမွ သိရသည္။
“မေန႔ကညေနမွာ ရိကၡာတင္တဲ့ကား ၾကားျဖတ္အတိုက္ခံရတယ္။ ကားေပၚပါတဲ့ ၁၀ ေယာက္မွာ ၅ ေယာက္လြတ္သြားတယ္။ ၂ ေယာက္ ဒဏ္ရာရတယ္။ ၾကားျဖတ္တိုက္ေတာ့ ကားကေမွာက္သြားၿပီး အထဲမွာပိတ္မိေနတာကို ဒီမနက္မွ ခက္ခက္ခဲခဲ ကယ္ထုတ္ခဲ့ရတယ္” ဟု ေကာ္ဘရာစစ္ေၾကာင္းႏွင့္ နီးစပ္သည့္ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။
ၾကားျဖတ္တိုက္ခိုက္ခံရမႈအၿပီးတြင္ ႏွစ္ဖက္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး ေတာ္လွန္ေရးရဲေဘာ္ ၇ ဦး ဒဏ္ရာရရွိခဲ့ၿပီး စစ္ေကာင္စီဘက္မွ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့သည္ဟု ၎က ဆိုသည္။
ၾကားျဖတ္တိုက္ခိုက္ခံရမႈမွာ ယမန္ေန႔ ညေနပိုင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ညပိုင္းအခ်ိန္အထိ ရိကၡာတင္ကားအနီး စစ္ေကာင္စီတပ္မ်ားက ပိတ္ဆို႔တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနသည့္အတြက္ က်ဆုံးရဲေဘာ္ ၃ ဦးႏွင့္ ဒဏ္ရာရသူ ၂ ဦးအား ယေန႔ မနက္ပိုင္းမွသာ ေကာ္ဘရာစစ္ေၾကာင္းမွ ခက္ခက္ခဲခဲ ကယ္ထုတ္နိုင္ခဲ့ေၾကာင္း သိရသည္။
ေကာ္ဘရာစစ္ေၾကာင္းမွ က်ဆုံးရဲေဘာ္ ၃ ဦးမွာ အသက္ ၂၈ ႏွစ္အရြယ္ အဲမူး၊ ၂၂ ႏွစ္အရြယ္ လုလုေဖာ္ႏွင့္ အသက္ ၂၀ အရြယ္ ရဲေဘာ္ေက်ာ္ႀကီးျဖစ္ၾကေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းႏွင့္ နီးစပ္သည့္ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးထံမွ သိရသည္။