ဒီးမော့ဆိုနယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းများတွေ့ရှိသဖြင့် ရဲဘော်များနှင့် ဒေသခံများ အသွားအလာဂရုစိုက်ကြရန် PDF သတိပေးစစ်ကောင်စီတပ် ထောင်ထားသည့် နင်းမိုင်းများတွေ့ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများ အသွားအလာဂရုစိုက်ကြရန် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO PDF) တာဝန်ရှိသူများက ပြောသည်။
ယမန်နေ့(သြဂုတ် ၂၆ ရက်)တွင် DMO PDFမှ ထူလွှီဘီလာနှင့်ငွေတောင်ရွာသစ်ကျေးရွာကို နယ်မြေရှင်းလင်းစဥ် နင်းမိုင်းများကို တူးဖော်နိုင်ခဲ့သည်ဟု ဆိုသည်။
“အမှန်တရားအတွက် ဘုရားသခင်ရဲ့ကွယ်ကာစောင့်ရှောက်မှုနဲ့ မိဘပြည်သူများရဲ့ဆုတောင်းမေတ္တာပို့သမှုကြောင့်ကျနော်တို့အသက်ဘေးကင်းခဲ့ရပေါင်းများခဲ့တယ်။ကျနော်တို့စစ် ကြောင်းထိုးနေစဉ် မိုင်းကွင်းတစ်ခုကို ၁၀ ယောက်ကျော် သတိလက်လွတ်ဖြတ်သွားပြီး နောက်ဆုံးတစ်ယောက်က မသင်္ကာစရာတစ်ခုတွေ့လို့ ကျနော်တို့စစ်ကြောင်းရပ်ကာ စစ်ဆေးကြည့်တော့ စစ်ကောင်စီတပ်က မိုင်းများထောင်ထားတာကို တွေ့ခဲ့ရတယ်”ဟု DMO PDFမှ ကိုခွန်စနေဦးက ရှင်းပြသည်။
သို့သော်နယ်မြေ ရှင်းလင်းစဥ် စစ်ကောင်စီတပ်နှင့် နီးကပ်နေသဖြင့် နင်းမိုင်းနှစ်လုံးကိုသာ ဖြုတ်ယူနိုင်ခဲ့ကြောင်း အသိပေးသည်။
ထိုစဥ် သီးခြားလမ်းကြောင်းတစ်ခုတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ် DMO PDF မှ သွားရောက်ကင်းထောက်ရာ၌ နွားတစ်ကောင်မှ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
“ဒီးမောဆို ထူလွှီဘီလာနှင့်ငွေတောင်ရွာသစ်မှာ နေ့စဥ်ဆိုသလို တိုက်ပွဲဖြစ်နေတာမို့ မလိုအပ်ဘဲ မသွားမလာကြပါနဲ့ စကစမှ ထောင်ထားတဲ့မိုင်းများစွာ ရှိသေးတာမို့ပါ”ဟု DMO PDF တာဝန်ရှိသူက ပြောသည်။
အင်အား ၂၀၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုလ ၂၀ရက်မှစတင်ကာ ဒီးမော့ဆိုမြို့နယ်၊ သဲတောင်၊ ခြေတော်ရာဘုရားနှင့် ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအတွင်း စတင်စစ်ကြောင်း ဖြန့်ထားလျက်ရှိပြီး ယခုချိန်တွင် ကဒါးလားတောင်၊ ထီးတော်ကူး၊ ထီးပေါ်ဆိုစသည့် နေရာများကို တပ်ဖြန့် ချထားလျက်ရှိသည်။
Credit
Zawgyi(version)
ဒီးေမာ့ဆိုနယ္တြင္ စစ္ေကာင္စီတပ္ေထာင္ထားသည့္ နင္းမိုင္းမ်ားေတြ႕ရွိသျဖင့္ ရဲေဘာ္မ်ားႏွင့္ ေဒသခံမ်ား အသြားအလာဂ႐ုစိုက္ၾကရန္ PDF သတိေပးစစ္ေကာင္စီတပ္ ေထာင္ထားသည့္ နင္းမိုင္းမ်ားေတြ႕ရွိသျဖင့္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားႏွင့္ ေဒသခံမ်ား အသြားအလာဂ႐ုစိုက္ၾကရန္ ဒီးေမာ့ဆိုၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕(DMO PDF) တာဝန္ရွိသူမ်ားက ေျပာသည္။
ယမန္ေန႕(ၾသဂုတ္ ၂၆ ရက္)တြင္ DMO PDFမွ ထူလႊီဘီလာႏွင့္ေငြေတာင္႐ြာသစ္ေက်း႐ြာကို နယ္ေျမရွင္းလင္းစဥ္ နင္းမိုင္းမ်ားကို တူးေဖာ္နိုင္ခဲ့သည္ဟု ဆိုသည္။
အမွန္တရားအတြက္ ဘုရားသခင္ရဲ႕ကြယ္ကာေစာင့္ေရွာက္မႈနဲ႕ မိဘျပည္သူမ်ားရဲ႕ဆုေတာင္းေမတၱာပို႔သမႈေၾကာင့္က်ေနာ္တို႔အသက္ေဘးကင္းခဲ့ရေပါင္းမ်ားခဲ့တယ္။က်ေနာ္တို႔စစ္ ေၾကာင္းထိုးေနစဥ္ မိုင္းကြင္းတစ္ခုကို ၁၀ ေယာက္ေက်ာ္ သတိလက္လြတ္ျဖတ္သြားၿပီး ေနာက္ဆုံးတစ္ေယာက္က မသကၤာစရာတစ္ခုေတြ႕လို႔ က်ေနာ္တို႔စစ္ေၾကာင္းရပ္ကာ စစ္ေဆးၾကည့္ေတာ့ စစ္ေကာင္စီတပ္က မိုင္းမ်ားေထာင္ထားတာကို ေတြ႕ခဲ့ရတယ္ဟု DMO PDFမွ ကိုခြန္စေနဦးက ရွင္းျပသည္။
သို႔ေသာ္နယ္ေျမ ရွင္းလင္းစဥ္ စစ္ေကာင္စီတပ္ႏွင့္ နီးကပ္ေနသျဖင့္ နင္းမိုင္းႏွစ္လုံးကိုသာ ျဖဳတ္ယူနိုင္ခဲ့ေၾကာင္း အသိေပးသည္။
ထိုစဥ္ သီးျခားလမ္းေၾကာင္းတစ္ခုတြင္ မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့စဥ္ DMO PDF မွ သြားေရာက္ကင္းေထာက္ရာ၌ ႏြားတစ္ေကာင္မွ မိုင္းနင္းမိခဲ့ျခင္း ျဖစ္သည္။
ဒီးေမာဆို ထူလႊီဘီလာႏွင့္ေငြေတာင္႐ြာသစ္မွာ ေန႕စဥ္ဆိုသလို တိုက္ပြဲျဖစ္ေနတာမို႔ မလိုအပ္ဘဲ မသြားမလာၾကပါနဲ႕ စကစမွ ေထာင္ထားတဲ့မိုင္းမ်ားစြာ ရွိေသးတာမို႔ပါဟု DMO PDF တာဝန္ရွိသူက ေျပာသည္။
အင္အား ၂၀၀ခန႔္ရွိေသာ စစ္ေကာင္စီတပ္စစ္ေၾကာင္းသည္ ယခုလ ၂၀ရက္မွစတင္ကာ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ သဲေတာင္၊ ေျခေတာ္ရာဘုရားႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္၊ ေငြေတာင္႐ြာသစ္ေက်း႐ြာအတြင္း စတင္စစ္ေၾကာင္း ျဖန႔္ထားလ်က္ရွိၿပီး ယခုခ်ိန္တြင္ ကဒါးလားေတာင္၊ ထီးေတာ္ကူး၊ ထီးေပၚဆိုစသည့္ ေနရာမ်ားကို တပ္ျဖန့္ ခ်ထားလ်က္ရွိသည္။
Credit