သဘင်သည်က ဖက်ခွက်စားဆိုတဲ့စကားက အခုမှတကယ်မှန်တယ်ဆိုတဲ့ လူရွှင်တော်ပိုးလေး

လက်ရှိမှာ ဟားငါးကောင်အဖွဲ့ ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

လူရွှင်တော် ပိုးလေး ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ အခြားသောမိတ်ဆွေတွေနဲ့အတူ အဆင်ပြေအောင် နေထိုင်နေရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက်လဲ ပျော်ရွှယ်စရာ ပြက်လုံးတွေကို လူမူ့ကွန်ယက်မှတစ်ဆင့် ရံဖန်ရံခါဆိုသလို ပြောပြပေးနေပါသေးတယ်။

” ကျွန်တော်အရင်တုန်းကဆိုရင် သဘင်သည်တွေက ဖက်ခွက်စားတွေလို့ပြောရင် ကျွန်တော်နာတယ်။ပြောခဲ့တဲ့သူတွေကို ဖက်ခွက်စားဆိုတဲ့ အဓိပ္ပာယ်ကို

သူတို့နားလည်အောင် ကျွန်တော်တို့ ဆရာတွေရှင်းပြသလို သူတို့ကိုလည်း ကျွန်တော်သေချာ ရှင်းပြခဲ့ဖူးတယ်။ နောက်တစ်ခု ရှိသေးတယ် ဈေးအစ ဇာတ်အလယ် ဖာအဆုံးဆိုတဲ့စကား

ကျွန်တော်တို့ရဲ့ ဆရာ့ ဆရာကြီးတွေ ကျွန်တော်တို့ကိုရှင်းပြသလို အဲ့လိုပြောခဲ့တဲ့ သူတွေကိုလည်း သူတို့နားလည်အောင် ပြန်ပြီး ရှင်းပြခဲ့တယ်။

စိတ်ချပါ ခုချိန်ကစပြီး ကျွန်တော် နောက်ဘယ်တော့မှ အနုပညာသမားတွေဖက်က လိုက်ပြီးမရှင်းပြတော့ဘူးလို့ ကတိပေးပါတယ်။

ဘာလို့လည်းဆိုတော့ အနုပညာသမားက အနုပညာတစ်ခုကလွဲပြီး ကျန်တာဘာမှ မလုပ်တတ်လို့ပါ။သေချာတာတစ်ခုက ပြည်သူတွေပြောခဲ့တွေတာမှန်တယ်။

ပြည်သူတွေပြောခဲ့တာ ဘာတဲ့ ဖက်ခွက်စား ဈေးအစ ဇာတ်အလည် ဖာအဆုံး ” လို့ လူရွှင်တော် ပိုးလေး ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

လူရွှင်တော် ပိုးလေး

Zawgyi(version)










လူရွှင်တော် ပိုးလေး