မုံရွာ-ယာကြီး လမ်းမပေါ်က ချောင်းမရွာအနီးမှာ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်…see more

မုံရွာ-ယာကြီး လမ်းမပေါ်က ချောင်းမရွာအနီးမှာ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့

ဩဂုတ်၂၇၊ ၂၀၂၂

မုံရွာ- ယာကြီး- ကလေးဝ ကားလမ်း ချောင်းမရွာ မှာ မနေ့က(ဩဂုတ်၂၆)ညနေပိုင်းမှာ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်ခဲ့တာကြောင့် ဒီနေ့ (ဩဂုတ်၂၇) ရက်မှာ ချောင်းမ ကနီ လမ်းခွဲ အနောက်ဘက်မှာ အလောင်းတွေကို တွေ့ရတယ်လို့ ကနီဒေသခံတွေကပြောပါတယ်။

သတ်ဖြတ်ခံရသူ ၅ ဦးထဲက တစ်ဦးကတော့ ယင်းမာပင် သပြေအေးရွာက ကိုလှမင်းနိုင်လို့ သိရတဲ့ အကြောင်း သူ့မိတ်ဆွေတစ်ဦးက ရေးသားထားပါတယ်။

သူတို့ ၅ ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့မိတ်ဆွေက “ သူတို့ ၅ ယောက်က ချောင်းမကိုသွားတာ၊ မိုးတွေတအားရွာနေလို့ အောင်မင်္ဂလာနဲ့ ချောင်းမကြားမှာ မိုးခိုနေတုန်း စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ် ပြီးမီးရှို့သွားတာ” လို့ သူကြားတာကိုပြောပြပါတယ်။

ကနီဒေသခံတစ်ဦးကတော့ အလောင်းတွေကို တွေကို တွေ့ ရတဲ့ အခြေအနေကို ရှင်းပြပါတယ်။
“ဒီနေ့မှာအလောင်းတွေကို တွေ့တယ်။ နှိပ်စက်ထားတဲ့ အနေအထားရှိတယ်။ ခန္ဓာကိုယ်မှာ ကြိုးတုတ်ထားတဲ့အပြင် ကိုယ်တုန်းလုန်းချွတ်ထားတယ်။ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေရှိတယ်။

ဓာတ်ဆီလောင်းပြီး မီးရှို့ ထားတယ်။ သေနတ်ဒဏ်ရာတွေလည်းရှိနေတယ်။ မုံရွာ ယာကြီး ကလေးဝ လမ်းပေါ်မှာတွေ နှစ်ယောက် တစ်တွဲဆီ အိမ်စီးကားနားမှာတွေ့ တယ်၊ တစ်ယောက်ကဆိုင်ကယ်နားမှာတွေ့တယ်” လို့ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက မုံရွာ-ယာကြီး-ကလေးဝ လမ်းအနီးမှာပဲ ခရီးသွား ကား (၃)စီး ၊ ဆိုင်ကယ် (၂)စီး ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေကဆက်ပြောပါတယ်။ အသတ်ခံရသူ ၅ ဦးကတော့ ကနီ ကျောက်လုံးကြီးက ၂ ဦး၊ ကနီညောင်ကိုင်းက ၂ ဦးလည်းပါဝင်တယ် လို့ သိရပါတယ်။ အဲဒီနေရာမှဦ ဘာတိုက်ပွဲမှ မဖြစ်ပွားပဲ သတ်ဖြတ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

Zawgyi(version)

မုံ႐ြာ-ယာႀကီး လမ္းမေပၚက ေခ်ာင္းမ႐ြာအနီးမွာ လူငယ္ ၅ ဦးကို စစ္ေကာင္စီတပ္က သတ္ျဖတ္ခဲ့

ဩဂုတ္၂၇၊ ၂၀၂၂

မုံ႐ြာ- ယာႀကီး- ကေလးဝ ကားလမ္း ေခ်ာင္းမ႐ြာ မွာ မေန႕က(ဩဂုတ္၂၆)ညေနပိုင္းမွာ လူငယ္ ၅ ဦးကို စစ္ေကာင္စီတပ္ေတြက သတ္ျဖတ္ခဲ့တာေၾကာင့္ ဒီေန႕ (ဩဂုတ္၂၇) ရက္မွာ ေခ်ာင္းမ ကနီ လမ္းခြဲ အေနာက္ဘက္မွာ အေလာင္းေတြကို ေတြ႕ရတယ္လို႔ ကနီေဒသခံေတြကေျပာပါတယ္။

သတ္ျဖတ္ခံရသူ ၅ ဦးထဲက တစ္ဦးကေတာ့ ယင္းမာပင္ သေျပေအး႐ြာက ကိုလွမင္းနိုင္လို႔ သိရတဲ့ အေၾကာင္း သူ႕မိတ္ေဆြတစ္ဦးက ေရးသားထားပါတယ္။

သူတို႔ ၅ ဦးျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး သူ႕ရဲ႕မိတ္ေဆြက သူတို႔ ၅ ေယာက္က ေခ်ာင္းမကိုသြားတာ၊ မိုးေတြတအား႐ြာေနလို႔ ေအာင္မဂၤလာနဲ႕ ေခ်ာင္းမၾကားမွာ မိုးခိုေနတုန္း စစ္ေၾကာင္းနဲ႕ေတြ႕ၿပီး ပစ္သတ္ ၿပီးမီးရွို႔သြားတာ လို႔ သူၾကားတာကိုေျပာျပပါတယ္။

ကနီေဒသခံတစ္ဦးကေတာ့ အေလာင္းေတြကို ေတြကို ေတြ႕ ရတဲ့ အေျခအေနကို ရွင္းျပပါတယ္။
“ဒီေန႕မွာအေလာင္းေတြကို ေတြ႕တယ္။ ႏွိပ္စက္ထားတဲ့ အေနအထားရွိတယ္။ ခႏၶာကိုယ္မွာ ႀကိဳးတုတ္ထားတဲ့အျပင္ ကိုယ္တုန္းလုန္းခြၽတ္ထားတယ္။ တစ္ကိုယ္လုံးမွာလည္း ဒဏ္ရာေတြရွိတယ္။

ဓာတ္ဆီေလာင္းၿပီး မီးရွို႔ ထားတယ္။ ေသနတ္ဒဏ္ရာေတြလည္းရွိေနတယ္။ မုံ႐ြာ ယာႀကီး ကေလးဝ လမ္းေပၚမွာေတြ ႏွစ္ေယာက္ တစ္တြဲဆီ အိမ္စီးကားနားမွာေတြ႕ တယ္၊ တစ္ေယာက္ကဆိုင္ကယ္နားမွာေတြ႕တယ္” လို႔ေျပာပါတယ္။

စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္ေတြက မုံ႐ြာ-ယာႀကီး-ကေလးဝ လမ္းအနီးမွာပဲ ခရီးသြား ကား (၃)စီး ၊ ဆိုင္ကယ္ (၂)စီး ကို မီးရွို႔ ဖ်က္ဆီးခဲ့တယ္လို႔လည္း ေဒသခံေတြကဆက္ေျပာပါတယ္။ အသတ္ခံရသူ ၅ ဦးကေတာ့ ကနီ ေက်ာက္လုံးႀကီးက ၂ ဦး၊ ကနီေညာင္ကိုင္းက ၂ ဦးလည္းပါဝင္တယ္ လို႔ သိရပါတယ္။ အဲဒီေနရာမွဦ ဘာတိုက္ပြဲမွ မျဖစ္ပြားပဲ သတ္ျဖတ္ခံခဲ့ရတာလို႔လည္း သိရပါတယ္။