နံနက် က အင်းစိန်ထောင်ရှေ့ ဓါတ်ပုံရိုက်သူတစ်ဦးကို စစ်တပ်ဖမ်းသွား

အင်းစိန်ထောင်ရှေ့ ဓါတ်ပုံရိုက်သူတစ်ဦးကို စစ်တပ်ဖမ်းသွား

အကျဉ်းသားအချို့ပြန်လွတ်ရန်ရှိသည့် ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့တွင် ဓါတ်ပုံရိုက်နေသူ ပြည်သူတစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ယနေ့(နိုဝင်ဘာ ၁၇)တွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ နီးပါးကို လွှတ်ပေးမည်ဟုကြေညာထားရာ အင်းစိန်ထောင်ရှေ့တွင် အကျဉ်းသားများ၏မိသားစုဝင်များက ယနေ့(နိုဝင်ဘာ ၁၇)တွင် လာရောက်စောင့်ဆိုင်းနေကြသည်။

နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အင်းစိန်ထောင်ရှေ့ ဓါတ်ပုံရိုက်နေသူပြည်သူတစ်ဦးအား စစ်ကားဖြင့် ရောက်လာသည့် စစ်သားငါးဦးက ဖုန်းကိုစစ်ဆေးကာ ဖမ်းဆီးသွားသည်ဟုသိရသည်။မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပါ။

စစ်တပ်သည် အာဏာသိမ်းပြီးနောက် ၎င်းတို့၏လူ့အခွင့်အရေးချိုးဖောက်ဖိနှိပ်မှုများကို မှတ်တမ်းတင်လေ့ ရှိသူများ၊သတင်းသမားများကို အကြီးအကျယ်ဖိနှိပ်လျက်ရှိရာ ကင်မရာကိုင်သူများမြင်လျှင် ဖမ်းဆီးစစ် ဆေးလေ့ရှိသည်။

သတင်းနှင့် ဓါတ်ပုံ- CJ

Zawgyi(version)

အင္းစိန္ေထာင္ေရွ႕ ဓါတ္ပုံရိုက္သူတစ္ဦးကို စစ္တပ္ဖမ္းသြား

အက်ဥ္းသားအခ်ိဳ႕ျပန္လြတ္ရန္ရွိသည့္ ရန္ကုန္ၿမိဳ႕၊ အင္းစိန္ေထာင္ေရွ႕တြင္ ဓါတ္ပုံရိုက္ေနသူ ျပည္သူတစ္ဦးကို စစ္တပ္က ဖမ္းဆီးေခၚေဆာင္သြားသည္။

ယေန႔(နိုဝင္ဘာ ၁၇)တြင္ စစ္ေကာင္စီက နိုင္ငံတစ္ဝန္းမွ အက်ဥ္းေထာင္အသီးသီးမွ အက်ဥ္းသား ၆၀၀၀ နီးပါးကို လႊတ္ေပးမည္ဟုေၾကညာထားရာ အင္းစိန္ေထာင္ေရွ႕တြင္ အက်ဥ္းသားမ်ား၏မိသားစုဝင္မ်ားက ယေန႔(နိုဝင္ဘာ ၁၇)တြင္ လာေရာက္ေစာင့္ဆိုင္းေနၾကသည္။

နံနက္ ၁၀ နာရီ ၁၅ မိနစ္ခန႔္တြင္ အင္းစိန္ေထာင္ေရွ႕ ဓါတ္ပုံရိုက္ေနသူျပည္သူတစ္ဦးအား စစ္ကားျဖင့္ ေရာက္လာသည့္ စစ္သားငါးဦးက ဖုန္းကိုစစ္ေဆးကာ ဖမ္းဆီးသြားသည္ဟုသိရသည္။မည္သည့္ေနရာသို႔ ေခၚေဆာင္သြားသည္ကို မသိရေသးပါ။

စစ္တပ္သည္ အာဏာသိမ္းၿပီးေနာက္ ၎တို႔၏လူ႔အခြင့္အေရးခ်ိဳးေဖာက္ဖိႏွိပ္မႈမ်ားကို မွတ္တမ္းတင္ေလ့ ရွိသူမ်ား၊သတင္းသမားမ်ားကို အႀကီးအက်ယ္ဖိႏွိပ္လ်က္ရွိရာ ကင္မရာကိုင္သူမ်ားျမင္လၽွင္ ဖမ္းဆီးစစ္ ေဆးေလ့ရွိသည္။

သတင္းႏွင့္ ဓါတ္ပုံ- CJ