မကွေးလေတပ်က ဂျက်ဖိုက်တာ ၃စီးနဲ့ တိုက်လေယာဉ် ၂ စီးပျက်ဆီးပြီး စစ်သား ၈ ဦးသေဆုံး
မကွေး၊ နိုဝင်ဘာ ၁၆ ၊ ၂၀၂၂ ။
မကွေးတိုင်းက မကွေးလေတပ်စခန်းဌာနချုပ်ကို နိုဝင်ဘာ ၁၅ ရက် မနေ့က ၁၀၇ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဂျက်ဖိုက်တာ ၃ စီးနဲ့ တိုက်လေယာဉ် ၂ စီး ပျက်ဆီးသလို စစ်သား ၈ ဦးလည်း သေဆုံးခဲ့တယ်လို့ Golden Eagle Myaylatt အဖွဲ့တာဝန်ခံဆီက သိရပါတယ်။
တပ်တွင်း သတင်းပေးချက်အရ ပျက်ဆီးဆုံရှုံးမှုအခြေအနေကို သိခဲ့ရတာဖြစ်ပြီး ဒီတိုက်ခိုက်မှုကိုတော့ KNU ဦးစီးမှုနဲ့အတူ PDF မဟာမိတ် ၅ ဖွဲ့က တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ Golden Eagle Myaylatt တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
“ဂျက်ဖိုက်တာ ၃ စီး တိုက်လေယာဉ် ၂ စီး ပျက်ဆီးတယ်။ အထိအခိုက်အကျအဆုံးကတော့ စစ်သား ၅ ယောက်ပွဲခြင်းပြီးပေါ့။ ခွေး ၅ ကောင်သေတယ်။ နောက်ထပ်ဆေးရုံရောက်မှ ၃ ကောင် ထပ်သေတယ်။ အားလုံးစုစုပေါင်း လေတပ်စခန်းက ၈ ယောက်သေပါတယ်” လို့ ပြောပါတယ်။
ပျက်ဆီးဆုံးရှုံးမှုနဲ့ ထိခိုက်သေဆုံးစာရင်းတွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီက ရတဲ့အချက်အလက်ဖြစ်ပြီး မြေလတ်အသံအနေနဲ့လည်း သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။
အခုလို လေတပ်စခန်းနေရာကို တိုက်ခိုက်ရတာက လက်ရှိကြုံတွေ့နေရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းအားကိုးတိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်မှု အားနည်းတာကြောင့် လေတပ်စခန်းတခုဖြစ်တဲ့ မကွေးလေတပ်စခန်းကို တိုက်ခိုက်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“တခြားနေရာဒေသမှာရှိတဲ့ လေတပ်စခန်းတွေကိုလည်း အဲ့ဒေသမှာရှိတဲ့ အဖွဲ့တွေအနေနဲ့ အခုလိုမျိုးလုပ်စေချင်တယ်။ ကျနော်တို့ရည်ရွယ်ချက်က အဲ့တာပါတယ်။” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုနောက်ပိုင်းမှာတော့ မကွေးလေတပ်စခန်းက လေယာဉ်အတက်အဆင်း လုပ်တာတွေကို လက်ရှိအချိန်အထိ မတွေ့ရပေမယ့် အနီးနားရွာတွေ ပတ်ဝန်းကျင်ဒေသတွေကိုတော့ စစ်ဆေးတာ ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
Golden Eagle Myaylatt အဖွဲ့အပါအဝင် Eagle PDF Magway၊ ဘီလူးစစ်ဆင်ရေးအဖွဲ့ ၊ ရေနံချောင်း PDF မဟာမိတ်အဖွဲ့နဲ့ ဘီလူး စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး KNU ရဲ့ ပစ္စည်းအထောက်အပံ့နဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပုံစာ – ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မကွေးလေတပ်စခန်းက ပျံတက်ခဲ့တဲ့ ဂျက်ဖိုက်တာ ၁ စင်း
သတင်း- ဒိန်းဂျား၊ စာတည်း – ဇို
Zawgyi(version)
မေကြးေလတပ္က ဂ်က္ဖိုက္တာ ၃စီးနဲ႕ တိုက္ေလယာဥ္ ၂ စီးပ်က္ဆီးၿပီး စစ္သား ၈ ဦးေသဆုံး
မေကြး၊ နိုဝင္ဘာ ၁၆ ၊ ၂၀၂၂ ။
မေကြးတိုင္းက မေကြးေလတပ္စခန္းဌာနခ်ဳပ္ကို နိုဝင္ဘာ ၁၅ ရက္ မေန႕က ၁၀၇ ေရွာ့တိုက္ဒုံး ၃ လုံးနဲ႕ ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ ဂ်က္ဖိုက္တာ ၃ စီးနဲ႕ တိုက္ေလယာဥ္ ၂ စီး ပ်က္ဆီးသလို စစ္သား ၈ ဦးလည္း ေသဆုံးခဲ့တယ္လို႔ Golden Eagle Myaylatt အဖြဲ႕တာဝန္ခံဆီက သိရပါတယ္။
တပ္တြင္း သတင္းေပးခ်က္အရ ပ်က္ဆီးဆုံရႈံးမႈအေျခအေနကို သိခဲ့ရတာျဖစ္ၿပီး ဒီတိုက္ခိုက္မႈကိုေတာ့ KNU ဦးစီးမႈနဲ႕အတူ PDF မဟာမိတ္ ၅ ဖြဲ႕က တိုက္ခိုက္ခဲ့ၾကတာ ျဖစ္တယ္လို႔ Golden Eagle Myaylatt တာဝန္ခံက ေျမလတ္အသံကို ေျပာပါတယ္။
ဂ်က္ဖိုက္တာ ၃ စီး တိုက္ေလယာဥ္ ၂ စီး ပ်က္ဆီးတယ္။ အထိအခိုက္အက်အဆုံးကေတာ့ စစ္သား ၅ ေယာက္ပြဲျခင္းၿပီးေပါ့။ ေခြး ၅ ေကာင္ေသတယ္။ ေနာက္ထပ္ေဆး႐ုံေရာက္မွ ၃ ေကာင္ ထပ္ေသတယ္။ အားလုံးစုစုေပါင္း ေလတပ္စခန္းက ၈ ေယာက္ေသပါတယ္ လို႔ ေျပာပါတယ္။
ပ်က္ဆီးဆုံးရႈံးမႈနဲ႕ ထိခိုက္ေသဆုံးစာရင္းေတြက ေတာ္လွန္ေရးတပ္ဖြဲ႕ေတြဆီက ရတဲ့အခ်က္အလက္ျဖစ္ၿပီး ေျမလတ္အသံအေနနဲ႕လည္း သီးျခားအတည္ျပဳေနဆဲျဖစ္ပါတယ္။
အခုလို ေလတပ္စခန္းေနရာကို တိုက္ခိုက္ရတာက လက္ရွိႀကဳံေတြ႕ေနရတဲ့ စစ္ေကာင္စီရဲ႕ ေလေၾကာင္းအားကိုးတိုက္ခိုက္မႈကို ခုခံတိုက္ခိုက္နိုင္မႈ အားနည္းတာေၾကာင့္ ေလတပ္စခန္းတခုျဖစ္တဲ့ မေကြးေလတပ္စခန္းကို တိုက္ခိုက္ရတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။
တျခားေနရာေဒသမွာရွိတဲ့ ေလတပ္စခန္းေတြကိုလည္း အဲ့ေဒသမွာရွိတဲ့ အဖြဲ႕ေတြအေနနဲ႕ အခုလိုမ်ိဳးလုပ္ေစခ်င္တယ္။ က်ေနာ္တို႔ရည္႐ြယ္ခ်က္က အဲ့တာပါတယ္။ လို႔ ေျပာပါတယ္။
အဲ့ဒီတိုက္ခိုက္မႈေနာက္ပိုင္းမွာေတာ့ မေကြးေလတပ္စခန္းက ေလယာဥ္အတက္အဆင္း လုပ္တာေတြကို လက္ရွိအခ်ိန္အထိ မေတြ႕ရေပမယ့္ အနီးနား႐ြာေတြ ပတ္ဝန္းက်င္ေဒသေတြကိုေတာ့ စစ္ေဆးတာ ရွာေဖြတာေတြ လုပ္ခဲ့တယ္လို႔ သိရပါတယ္။
Golden Eagle Myaylatt အဖြဲ႕အပါအဝင္ Eagle PDF Magway၊ ဘီလူးစစ္ဆင္ေရးအဖြဲ႕ ၊ ေရနံေခ်ာင္း PDF မဟာမိတ္အဖြဲ႕နဲ႕ ဘီလူး စစ္ဆင္ေရးအဖြဲ႕တို႔ ပူးေပါင္းၿပီး KNU ရဲ႕ ပစၥည္းအေထာက္အပံ့နဲ႕ တိုက္ခိုက္ခဲ့တာလို႔ သိရပါတယ္။
ပုံစာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ မေကြးေလတပ္စခန္းက ပ်ံတက္ခဲ့တဲ့ ဂ်က္ဖိုက္တာ ၁ စင္း
သတင္း- ဒိန္းဂ်ား၊ စာတည္း ဇို