” ဇ ” ရှိတဲ့ကောင်လာခဲ့ ငါရဲစခန်းမှာနေတယ်”လို့ ကြွေးကြော်ခဲ့တဲ့ ယာဉ်ထိန်းရဲ ပ-စ်သ–တ်ခံရ

“သတ္တိရှိတဲ့ကောင်လာခဲ့ ငါရဲစခန်းမှာနေတယ်”လို့ ကြွေးကြော်ခဲ့တဲ့ ယာဉ်ထိန်းရဲ သေနတ် ၅ ချက်ပစ်ခံရပြီး ေ-သ

ဧရာဝတီတိုင်းမ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယမန့်နေ နို ဝင်ဘာလ ၁၄ ရက် ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင် ယာဉ်ထိန်းရဲ ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၄၀ ဝန်းကျင်ရှိ စစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော် အောင်ဆိုသူဖြစ်ပြီးကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ချမ်းမြေ့ဆေးခန်းလမ်းရှိ ၎င်း၏ မယား ငယ်၏နေအိမ်တွင် သေနတ် ၅ ချက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

“ဒီယာဉ်ထိန်းရဲက ငွေတောင်းတဲ့နေရာမှာ နာမည်ဆိုးထွက်နေတဲ့လူဖြစ်တယ်။ ဆိုင်ကယ်ဖမ်းတယ် အဆ မတန်ငွေတောင်းကြမ်းတယ်။လွန်ခဲ့တဲ့ရက်က သတ္တိ ရှိတဲ့ကောင်လာခဲ့စမ်း၊ ငါရဲစခန်းမှာနေတယ် ဆိုပြီး ကြွေးကြော်ခဲ့သေးတယ်။ မူးယစ်ဆေးဝါးလည်း လိုင်းကြေးတောင်းတယ်။

သူကိုယ်တိုင်လည်းဖြန့်တယ်လို့ပြောတယ်။ ပစ်ခတ်ရတာသူ့မယားငယ်နေအိမ်မှာပစ်ခံရတာလို့သိရတယ်။ ပိုင်ဆိုင်မှုဆိုတာလည်း ယာဉ်ထိန်းရဲနဲ့မလိုက်အောင် အရမ်းချမ်းသာတယ်” လို့ ကော့သောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်း ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး စန်းမော်အောင် သည် ကျည် ၅ ချက် ဦးခေါင်းထိမှန်ပြီး ကော့သောင်းမြို့၊ ၆ မိုင် ကုတင် ၁၀၀ စစ်ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ယာဉ်ထိန်းရဲ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်စစ်ကောင်စီတပ်များသည် ရပ်ကွက်များအတွင်းပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို မသိရသေးပါ။ ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်လက်နက်များ မှောင်ခိုရောင်းချမှုများ အများအပြားရှိသည့်မြို့ဖြစ်ကြောင်းဒေသခံများထံကသိရသည်။

AyeyarwaddyTimes

Zawgyi(version)

သတၱိရွိတဲ့ေကာင္လာခဲ့ ငါရဲစခန္းမွာေနတယ္လို႔ ေႂကြးေၾကာ္ခဲ့တဲ့ ယာဥ္ထိန္းရဲ ေသနတ္ ၅ ခ်က္ပစ္ခံရၿပီး ေ-သ

ဧရာဝတီတိုင္းမ္

တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕တြင္ ယမန႔္ေန နို ဝင္ဘာလ ၁၄ ရက္ ည ၈ နာရီ ၂၀ မိနစ္ဝန္းက်င္ ယာဥ္ထိန္းရဲ ၁ ဦး ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံကသိရသည္။

ပစ္သတ္ခံရသူမွာ အသက္ ၄၀ ဝန္းက်င္ရွိ စစ္အုပ္စုလက္ေအာက္ခံ ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီး စန္းေမာ္ ေအာင္ဆိုသူျဖစ္ၿပီးေကာ့ေသာင္းၿမိဳ႕၊ ပိေတာက္ေ႐ႊဝါရပ္ကြက္၊ခ်မ္းေျမ့ေဆးခန္းလမ္းရွိ ၎၏ မယား ငယ္၏ေနအိမ္တြင္ ေသနတ္ ၅ ခ်က္ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားကေျပာသည္။

ဒီယာဥ္ထိန္းရဲက ေငြေတာင္းတဲ့ေနရာမွာ နာမည္ဆိုးထြက္ေနတဲ့လူျဖစ္တယ္။ ဆိုင္ကယ္ဖမ္းတယ္ အဆ မတန္ေငြေတာင္းၾကမ္းတယ္။လြန္ခဲ့တဲ့ရက္က သတၱိ ရွိတဲ့ေကာင္လာခဲ့စမ္း၊ ငါရဲစခန္းမွာေနတယ္ ဆိုၿပီး ေႂကြးေၾကာ္ခဲ့ေသးတယ္။ မူးယစ္ေဆးဝါးလည္း လိုင္းေၾကးေတာင္းတယ္။

သူကိုယ္တိုင္လည္းျဖန႔္တယ္လို႔ေျပာတယ္။ ပစ္ခတ္ရတာသူ႕မယားငယ္ေနအိမ္မွာပစ္ခံရတာလို႔သိရတယ္။ ပိုင္ဆိုင္မႈဆိုတာလည္း ယာဥ္ထိန္းရဲနဲ႕မလိုက္ေအာင္ အရမ္းခ်မ္းသာတယ္ လို႔ ေကာ့ေသာင္းၿမိဳ႕ခံတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

၎ ယာဥ္ထိန္းရဲ တပ္ၾကပ္ႀကီး စန္းေမာ္ေအာင္ သည္ က်ည္ ၅ ခ်က္ ဦးေခါင္းထိမွန္ၿပီး ေကာ့ေသာင္းၿမိဳ႕၊ ၆ မိုင္ ကုတင္ ၁၀၀ စစ္ေဆး႐ုံသို႔အေရာက္တြင္ ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားထံကသိရသည္။

ယာဥ္ထိန္းရဲ ေသနတ္နဲ႕ပစ္သတ္ခံရၿပီးေနာက္စစ္ေကာင္စီတပ္မ်ားသည္ ရပ္ကြက္မ်ားအတြင္းပိတ္ဆို႔ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈအား မည္သည့္အဖြဲ႕အစည္းက လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္ကို မသိရေသးပါ။ ေကာ့ေသာင္းၿမိဳ႕သည္ ထိုင္း-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္ၿပီး မူးယစ္ေဆးဝါးႏွင့္လက္နက္မ်ား ေမွာင္ခိုေရာင္းခ်မႈမ်ား အမ်ားအျပားရွိသည့္ၿမိဳ႕ျဖစ္ေၾကာင္းေဒသခံမ်ားထံကသိရသည္။

AyeyarwaddyTimes