ရေစကြိုတွင် စစ်အုပ်စုစခန်းချရာနေရာကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်(ရုပ်သံ)

အဆုံးတွင် vedio ပါသည်👇👇👇

ရေစကြိုတွင် စစ်အုပ်စုစခန်းချရာနေရာကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်အုပ်စု၏ စစ်သား၊ ရဲနှင့်ပျူစောထီးများစခန်းချရာနေရာကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDFက သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၉ရက် နေ့ခင်းပိုင်းက ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာ၌ အခြေချနေသော စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် အရာရှိတစ်ဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း MSPDFက အသိပေးသည်။

အဆိုပါစစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်များဖြစ်ကြသောစစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF၊ Super Fighter PDF-ရေစကြို၊ Four Elements-ဓာတ်ကြီးလေးပါး၊Thway Thauk Revolution Force၊ 27 Revolution Forces၊ စည်တော်ကြီးဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ Revolutionary Falcon Drone Teamတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MSPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရုပ်သံ – MSPDF

Zawgyi(version)

ေရစႀကိဳတြင္ စစ္အုပ္စုစခန္းခ်ရာေနရာကို ဒ႐ုန္းျဖင့္ဗုံးႀကဲတိုက္ခိုက္

ဟာနာဆန္/People’s Spring

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္တြင္ စစ္အုပ္စု၏ စစ္သား၊ ရဲႏွင့္ပ်ဴေစာထီးမ်ားစခန္းခ်ရာေနရာကို ဒ႐ုန္းျဖင့္ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း စစ္ကိုင္းခရိုင္တပ္ရင္းအမွတ္(၄)-MSPDFက သတင္းထုတ္ျပန္သည္။

ၾသဂုတ္ ၁၉ရက္ ေန႕ခင္းပိုင္းက ေရစႀကိဳၿမိဳ႕နယ္၊ ေရလယ္ကြၽန္းေဒသ၊ မင္း႐ြာ၌ အေျခခ်ေနေသာ စစ္အုပ္စု ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔တိုက္ခိုက္မႈေၾကာင့္ အရာရွိတစ္ဦးအပါအဝင္ ေျခာက္ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း၊ ျပည္သူ႕ကာကြယ္ေရးတပ္သားမ်ား အထိခိုက္မရွိ ျပန္လည္ဆုတ္ခြာနိုင္ခဲ့ေၾကာင္း MSPDFက အသိေပးသည္။

အဆိုပါစစ္ဆင္ေရးတြင္ ညီေနာင္မဟာမိတ္မ်ားျဖစ္ၾကေသာစစ္ကိုင္းခရိုင္တပ္ရင္းအမွတ္(၄)-MSPDF၊ Super Fighter PDF-ေရစႀကိဳ၊ Four Elements-ဓာတ္ႀကီးေလးပါး၊Thway Thauk Revolution Force၊ 27 Revolution Forces၊ စည္ေတာ္ႀကီးေဒသကာကြယ္ေရးေျပာက္က်ားတပ္ဖြဲ႕၊ Revolutionary Falcon Drone Teamတို႔ကပူးေပါင္းေဆာင္႐ြက္ခဲ့ၾကသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး MSPDFအဖြဲ႕ထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ။ ထိခိုက္ေသဆုံးမႈအေျခအေနႏွင့္ပတ္သက္၍ People’s Springက ထပ္မံအတည္ျပဳနိုင္ျခင္းမရွိေသးေပ။

႐ုပ္သံ – MSPDF

ရုပ်သံကြည့်ရန်👇👇👇