မုံရွာနယ် လယ်ဇင်ရွာတွင် စစ်ကောင်စီတပ်က ပြည်သူ သုံးဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်သွား…see more

မုံရွာနယ် လယ်ဇင်ရွာတွင် စစ်ကောင်စီတပ်က ပြည်သူ သုံးဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်သွား

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အမျိုးသား သုံးဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက် ၆ နာရီခန့်က လယ်ဇင်ကျေးရွာသို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သ​ည် သတင်းပေးများနှင့်အတူ ဝင်ရောက်လာခဲ့သည်။

ထို့နောက် ဘောလုံးအင်္ကျီဝတ်ထားသော အမျိုးသားနှစ်ယောက်ကို ကြိုးတုပ်ခေါ်ဆောင်လာပြီး ရွာအတွင်း ပစ်ခတ်ဝင်ရောက်လာရာ လက်ဖက်ရည်ဆိုင်ထိုင်နေသူများလန့်ပြီး ထပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ဦးအောင်ချစ်ဆိုသူမှာ ဦးခေါင်း၊ရင်ဘတ်၊ကျော စုစုပေါင်း ကျည်ဆန် (၅)ချက်ဒဏ်ရာဖြင့်သေဆုံးသွားကြောင်း၊ စစ်ကောင်စီတပ်သည် ၎င်း၏ရုပ်အလောင်းကို ဘုရားပျက် အနောက်နားတွင် ထားရှိခဲ့ကာ ခြေထောက်ကိုလည်းဓားဖြင့် မွှန်းထားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ဖမ်းဆီးလာသော အမည်မသိ အမျိုးသားနှစ်ဦးအား စာသင်ကျောင်း အနောက်ဘက် အိမ်သာနားတွင် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“လက်ပြန်ကြိုးတုတ်ကာ လည်ပင်းထိုးသွင်း ဒဏ်ရာများဖြင့် လယ်ဇင်ဘောလုံးကွင်းနားထိ ဆွဲခေါ်လာပြီး ဓာတ်ဆီလောင်းကာ သတ်ဖြတ် မီးရှို့ထားခဲ့တယ်လို့သိရပါတယ်။”ဟု မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကောင်စီတပ်သည် လယ်ဇင်ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကိုလည်းဝင်ရောက်မွှေနှောက်ကာ ဘုန်းကြီးကျောင်းအတွင်းမှ ဆိုင်ကယ် (၂) စီးနှင့်အခြားပစ္စည်းများကို ယူဆောင်သွားသည်။

လယ်ဇင်ကျေးရွာသည် စစ်အာဏာရှင်ကိုဆန့်ကျင်မှုအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မကြာခဏ ဝင်ရောက်အကြမ်းဖက်လေ့ရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လယ်ဇင်ရွာအတွင်း သတ်ဖြတ်သွားခဲ့သော အမျိုးသား သုံးဦး၊ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြာရေး(ပ.က.ဖ)

Zawgyi(version)

မုံ႐ြာနယ္ လယ္ဇင္႐ြာတြင္ စစ္ေကာင္စီတပ္က ျပည္သူ သုံးဦးကို သတ္ျဖတ္သြား

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္ လယ္ဇင္ေက်း႐ြာတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္က အမ်ိဳးသား သုံးဦးကို သတ္ျဖတ္သြားေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

ယမန္ေန႕(ဩဂုတ္ ၂၆ ရက္) နံနက္ ၆ နာရီခန့္က လယ္ဇင္ေက်း႐ြာသို႔ အင္အား ၅၀ခန႔္ပါ စစ္ေကာင္စီတပ္သည္ သတင္းေပးမ်ားႏွင့္အတူ ဝင္ေရာက္လာခဲ့သည္။

ထို႔ေနာက္ ေဘာလုံးအကၤ်ီဝတ္ထားေသာ အမ်ိဳးသားႏွစ္ေယာက္ကို ႀကိဳးတုပ္ေခၚေဆာင္လာၿပီး ႐ြာအတြင္း ပစ္ခတ္ဝင္ေရာက္လာရာ လက္ဖက္ရည္ဆိုင္ထိုင္ေနသူမ်ားလန႔္ၿပီး ထေျပးသျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ပစ္ခတ္မႈေၾကာင့္ အသက္ ၅၁ ႏွစ္အ႐ြယ္ ဦးေအာင္ခ်စ္ဆိုသူမွာ ဦးေခါင္း၊ရင္ဘတ္၊ေက်ာ စုစုေပါင္း က်ည္ဆန္ (၅)ခ်က္ဒဏ္ရာျဖင့္ေသဆုံးသြားေၾကာင္း၊ စစ္ေကာင္စီတပ္သည္ ၎၏႐ုပ္အေလာင္းကို ဘုရားပ်က္ အေနာက္နားတြင္ ထားရွိခဲ့ကာ ေျခေထာက္ကိုလည္းဓားျဖင့္ မႊန္းထားခဲ့သည္ဟု ေဒသခံတို႔က ေျပာသည္။

ဖမ္းဆီးလာေသာ အမည္မသိ အမ်ိဳးသားႏွစ္ဦးအား စာသင္ေက်ာင္း အေနာက္ဘက္ အိမ္သာနားတြင္ သတ္ျဖတ္သြားခဲ့ေၾကာင္း ေဒသခံတို႔က ေျပာသည္။

“လက္ျပန္ႀကိဳးတုတ္ကာ လည္ပင္းထိုးသြင္း ဒဏ္ရာမ်ားျဖင့္ လယ္ဇင္ေဘာလုံးကြင္းနားထိ ဆြဲေခၚလာၿပီး ဓာတ္ဆီေလာင္းကာ သတ္ျဖတ္ မီးရွို႔ထားခဲ့တယ္လို႔သိရပါတယ္။”ဟု မုံ႐ြာၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရးက အသိေပးသည္။

စစ္ေကာင္စီတပ္သည္ လယ္ဇင္ေက်း႐ြာဘုန္းႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္းကိုလည္းဝင္ေရာက္ေမႊႏွောက္ကာ ဘုန္းႀကီးေက်ာင္းအတြင္းမွ ဆိုင္ကယ္ (၂) စီးႏွင့္အျခားပစၥည္းမ်ားကို ယူေဆာင္သြားသည္။

လယ္ဇင္ေက်း႐ြာသည္ စစ္အာဏာရွင္ကိုဆန့္က်င္မႈအားေကာင္းသည့္ ေက်း႐ြာတစ္႐ြာျဖစ္ၿပီး အၾကမ္းဖက္စစ္တပ္က မၾကာခဏ ဝင္ေရာက္အၾကမ္းဖက္ေလ့ရွိသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္က လယ္ဇင္႐ြာအတြင္း သတ္ျဖတ္သြားခဲ့ေသာ အမ်ိဳးသား သုံးဦး၊ ဓာတ္ပုံ-မုံ႐ြာၿမိဳ႕နယ္သတင္းမွန္ျပန္ၾကာေရး(ပ.က.ဖ)