“စစ်ကိုင်းတိုင်း ရွာတရွာ၌ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း ဦးဆောင် ဆန္ဒပြ”

“စစ်ကိုင်းတိုင်း ရွာတရွာ၌ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း ဦးဆောင် ဆန္ဒပြ”

စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲအရှိန်မြင့်နေသည့် စစ်ကိုင်းတိုင်းရှိ ကျေးရွာတရွာ၌ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ တေဇာစန်း ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု ယနေ့ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ၊ ဘုံရန် သူကို ချေမှုန်းကြ” ဆိုသည့် စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဒေါက်တာ တေဇာစန်း က သပိတ်တရားများ ဟောပြောခဲ့သလို၊ ကြွေးကြော် ချီတက်ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၁ ရက် နောက်ပိုင်းတွင် အစောဆုံး ဆန္ဒပြခဲ့သူတဦးဖြစ်သည့် မန္တလေးမြို့မှ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းမှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသလို စစ်ကောင် စီ အလိုရှိနေသူ တဦးလည်း ဖြစ်သည်။

ဓာတ်ပုံ-CJ

Zawgyi(version)

“စစ္ကိုင္းတိုင္း ရြာတရြာ၌ သပိတ္ေခါင္းေဆာင္ ေဒါက္တာ ေတဇာစန္း ဦးေဆာင္ ဆႏၵျပ”

စစ္ေကာင္စီႏွင့္ ေဒသကာကြယ္ေရးတပ္မ်ား တိုက္ပြဲအရွိန္ျမင့္ေနသည့္ စစ္ကိုင္းတိုင္းရွိ ေက်းရြာတရြာ၌ လူထုသပိတ္ေခါင္းေဆာင္တဦးျဖစ္သူ ေဒါက္တာ ေတဇာစန္း ဦးေဆာင္ကာ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲတခု ယေန႔ ျပဳလုပ္ခဲ့ၾကသည္။

အဆိုပါ ဆႏၵျပပြဲတြင္ “လူထုတိုက္ပြဲ အရွိန္ျမႇင့္ၾက၊ ဘုံရန္ သူကို ေခ်မႈန္းၾက” ဆိုသည့္ စာသားကိုင္ေဆာင္ကာ စစ္အာဏာရွင္စနစ္ ဆန႔္က်င္ေရးအတြက္ ေဒါက္တာ ေတဇာစန္း က သပိတ္တရားမ်ား ေဟာေျပာခဲ့သလို၊ ေႂကြးေၾကာ္ ခ်ီတက္ျခင္းမ်ားလည္း ျပဳလုပ္ခဲ့ၾကသည္။

စစ္တပ္အာဏာသိမ္းလိုက္သည့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါ ရီ ၁ ရက္ ေနာက္ပိုင္းတြင္ အေစာဆုံး ဆႏၵျပခဲ့သူတဦးျဖစ္သည့္ မႏၲေလးၿမိဳ႕မွ သပိတ္ေခါင္းေဆာင္ ေဒါက္တာ ေတဇာစန္းမွာ ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ခံထားရသလို စစ္ေကာင္ စီ အလိုရွိေနသူ တဦးလည္း ျဖစ္သည္။

ဓာတ္ပုံ-CJ