ပျူတွေပဲရှိတော့တဲ့ ရွာကို လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၅ဦးTay – ဆုံး ( ရုပ်/သံ)

ပျူတွေပဲရှိတော့တဲ့ ရွာကို လက်နက်ကြီးနဲ့ ပစ်ခံရလို့ ၅ဦးTay – ဆုံး ( ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲက မလဲတောရွာကို နိုဝင်ဘာ ၁၁ရက် မနေ့က မဟာမိတ်တပ်ဖွဲ့တွေ စစ်ကြောင်း ၃ကြောင်းခွဲပြီးလက်နက်ကြီး ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

မနေ့က ညနေပိုင်းမှာ PDF မဟာမိတ်တွေဘက်က စပြီးပစ်ခတ်တိုက်ခိုက်ချိန်မှာ အဲ့ဒီရွာထဲကလည်း ပြန်ပစ်တာတွေရှိခဲ့တယ်လို့ People’s Army To Fight Dictatorship(PAFD)တာဝန်ခံက ပြောပါတယ်။

” ၆၀ မမ စစ်ကြောင်း ၂ ကြောင်း နဲ့ ၄၀ မမ စစ်ကြောင်း ၁ ကြောင်းပေါ့။ ၄၀ မမ စစ်ကြောင်းတကြောင်းက အဲဒီရွာအခြေကို တအားကပ်ရတာ။ ကျနော်တို့ ရန်သူရဲ့နေရာကိုအတိအကျ ချိန်ပစ်နိုင်ခဲ့တယ်။

တိုက်ရခိုက်ရတာနီးနီးလေးပါ? ရန်သူ့ပိုင်နက်ထဲ ကျနော်တို့က 40 ၂ လုံးပစ်ချလိုက်တဲ့အချိန်မှာ ကျနော်တို့ကိုပြန်ပစ်တယ်။ ၆၀ မမ စစ်ကြောင်း ၂ ကြောင်းက လက်နက်ငယ်ရော ၆၀ မမ ကောဝိုင်းပစ်ကူပေးတယ်။

ပျူစောထီး ၅ ကောင်သေတယ်လို့သိရတယ်။” လို့ ပြောပါတယ်။
အဲ့ဒီရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးအနည်းဆုံးရှိနိုင်ပြီး လက်နက်ကိုင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေလည်းတရွာလုံးနီးပါး ရှိတယ်လို့ ဆိုပါတယ်။

” ပျူမဟုတ်တဲ့ လူတွေကအကုန်လုံးထွက်ပြေးကုန်ကြပြီ။ ပျူခေါင်းဆောင်က ပြည်သူတွေကို အနေမခံဘူး။ သူကနေပြီး ရန်အမြဲတမ်းရှာလို့ ရိုရိုးသာမန်ပြည်သူတွေက မနေရဲတော့ဘူး။ မနေရဲတော့ထွက်ပြေးကုန်ကြတာ။

အခု နေကြတာ အကုန်လုံးကပျူတွေကြီးပါပဲ” လို့ ပြောပါတယ်။
မလဲတောရွာ တိုက်ခိုက်မှုကို ‌ဒေသခံမဟာမိတ် PDF အဖွဲ့ ၇ဖွဲ့လောက်က ပူးပေါင်းပြီး အဲ့ဒီရွာကို ဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အကျအဆုံးမရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

ခရက်ဒစ်ဗီဒီယို