သိန်း(၁၀၀)ဖိုးခန့်ရှိသော စစ်ကောင်စီတပ်ထုတ်ကုန် ဒဂုံဘီယာများအား တန့်ဆည် (ပကဖ)ဖျက်ဆီး…see more

တန့်ဆည်တွင် စစ်ကောင်စီတပ်ထုတ်ကုန် ဒဂုံဘီယာများအား ဖျက်ဆီး

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်ထုတ်ကုန် ဒဂုံဘီယာများအား ဖျက်ဆီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (သြဂုတ်လ ၂၆ ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီထုက်ကုန် Boycott စာရင်းဝင်Dagon ဘီယာများအား ဖျက်ဆီးခဲ့ပြီး ကာလပေါက်စျေး ကျပ်သိန်း ၁၀၀ခန့်ရှိနိုင်ကြောင်း တန့်ဆည် (ပကဖ)က အသိပေးသည်။

ထုတ်ပြန်ချက်နှင့် ပူးတွဲပါဓာတ်ပုံတွင် ဒဂုံဘီယာဘူးများအား လမ်းပေါ်တွင် ဖြန့်ချကာ ကုန်တင်ကားကြီးဖြင့် တက်ကြိတ်ဖျက်ဆီးနေသည်ကို တွေ့ရသည်။

သို့သော် မည်သည့်နေရာ၊ မည်သည့်နေ့ရက်တွင် ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီထုတ်ကုန်များအား သယ်ယူပို့ဆောင်ရေးချသုံးစွဲခြင်းမပြုရန် ဒေသတွင်း PDFအဖွဲ့များက တားမြစ်ထားသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ထုတ်ကုန် Dagon ဘီယာများအား ဖျက်ဆီးနေစဥ်။ဓာတ်ပုံ-တန့်ဆည် (ပကဖ)

Zawgyi(version)

တန့္ဆည္တြင္ စစ္ေကာင္စီတပ္ထုတ္ကုန္ ဒဂုံဘီယာမ်ားအား ဖ်က္ဆီး

ေအာင္ေဇယ်/People’s Spring

စစ္ကိုင္းတိုင္း၊ တန့္ဆည္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ထုတ္ကုန္ ဒဂုံဘီယာမ်ားအား ဖ်က္ဆီးခဲ့ေၾကာင္း တန့္ဆည္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕က ယေန႕ (ၾသဂုတ္လ ၂၆ ရက္) ထုတ္ျပန္သည္။

စစ္ေကာင္စီထုက္ကုန္ Boycott စာရင္းဝင္Dagon ဘီယာမ်ားအား ဖ်က္ဆီးခဲ့ၿပီး ကာလေပါက္ေစ်း က်ပ္သိန္း ၁၀၀ခန့္ရွိနိုင္ေၾကာင္း တန့္ဆည္ (ပကဖ)က အသိေပးသည္။

ထုတ္ျပန္ခ်က္ႏွင့္ ပူးတြဲပါဓာတ္ပုံတြင္ ဒဂုံဘီယာဘူးမ်ားအား လမ္းေပၚတြင္ ျဖန့္ခ်ကာ ကုန္တင္ကားႀကီးျဖင့္ တက္ႀကိတ္ဖ်က္ဆီးေနသည္ကို ေတြ႕ရသည္။

သို႔ေသာ္ မည္သည့္ေနရာ၊ မည္သည့္ေန႕ရက္တြင္ ျပဳလုပ္ခဲ့သည္ကို ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားျခင္းမရွိေပ။

စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီထုတ္ကုန္မ်ားအား သယ္ယူပို႔ေဆာင္ေရးခ်သဳံးစြဲျခင္းမျပဳရန္ ေဒသတြင္း PDFအဖြဲ႕မ်ားက တားျမစ္ထားသည္။

ဖမ္းဆီးရမိေသာ စစ္ေကာင္စီတပ္ထုတ္ကုန္ Dagon ဘီယာမ်ားအား ဖ်က္ဆီးေနစဥ္။ဓာတ္ပုံ-တန့္ဆည္ (ပကဖ)