CDM စစ်သမီးတပ်ကြပ်ကြီးနဲ့ ယောကာကွယ်ရေးတပ်ကရဲဘော် ထိမ်းမြားမင်္ဂလာပွဲပြုလုပ်
ယော၊ နိုဝင်ဘာ ၁၂၊ ၂၀၂၂ ။
မကွေးတိုင်း၊ ယောမြို့ YDF- Senthang တပ်ရင်း ၅ မှ ရဲဘော် နှင့် CDM တပ်ကြပ်ကြီးတို့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာနှစ်ဦးသဘောတူမင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ် – YDFသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအားမာန်က မြေလတ်အသံကိုပြောပါတယ်။
“ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာYDF- Senthang တပ်ရင်း ၅ က ရဲဘော် သမ္မတနဲ့ ရဲဘော်ခြူးလေး တို့ရဲ့မင်္ဂလာပွဲကျင်းပခဲ့ပါတယ်၊ အဲဒီမှာ YDF ဥက္ကဌ ကိုယ်တိုင်တက်ရောက်ပြီးတော့ ဥက္ကဌ ရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုးတာပြုလုပ်ခဲ့ကြပါတယ်၊
မင်္ဂလာပွဲမတိုင်ခင်မှာ ကျနော်တို့ တပ်ရင်း ၅ အနေနဲ့ ချစ်သူအတွက် Drone လက်ဆောင်ဆိုပြီးကမ်ပိန်းတခုလုပ်ထားတာရှိတယ်၊ အဲဒီကမ်ပိန်းမှာ ကမ်ပိန်းမဲပေါက်တဲ့ရွှေလက်စွပ်ပိုင်ရှင်ကနေပြီးတော့ YDF ရဲဘော်ရဲ့မင်္ဂလာဦးမောင်နှံကို လက်စွပ်ပြန်ပြီးတော့လှူပါတယ်၊” လို့ ကိုအားမာန် ကဆိုပါတယ်။
မင်္ဂလာလက်မှတ်ရေးထိုးအခမ်းအနာကို နေ့လည် ၁၂ နာရီမှာပြုလုပ်ခဲ့ပြီး၊ သတိုးသမီးမှာ စစ်တပ်ကနေ CDM ဝင်ရောက်လာတဲ့တပ်ကြပ်ကြီးဖြစ်ကာ တော်လှန်ရေးကာလ နှစ်လည်လောက်မှာ CDM ဝင်ရောက်လာခဲ့တာလို့ ယောကာကွယ်ရေးတပ် – YDF ထံကသိရပါတယ်။
သတင်း-ဒိန်းဂျား
Zawgyi(version)
CDM စစ္သမီးတပ္ၾကပ္ႀကီးနဲ႔ ေယာကာကြယ္ေရးတပ္ကရဲေဘာ္ ထိမ္းျမားမဂၤလာပြဲျပဳလုပ္
ေယာ၊ နိုဝင္ဘာ ၁၂၊ ၂၀၂၂ ။
မေကြးတိုင္း၊ ေယာၿမိဳ႕ YDF- Senthang တပ္ရင္း ၅ မွ ရဲေဘာ္ ႏွင့္ CDM တပ္ၾကပ္ႀကီးတို႔ နိုဝင္ဘာလ ၁၂ ရက္ေန႔မွာႏွစ္ဦးသေဘာတူမဂၤလာပြဲက်င္းပျပဳလုပ္ခဲ့တယ္လို႔ ေယာကာကြယ္ေရးတပ္ – YDFသတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ကိုအားမာန္က ေျမလတ္အသံကိုေျပာပါတယ္။
“ဒီေန႔ နိုဝင္ဘာ ၁၂ ရက္ေန႔မွာYDF- Senthang တပ္ရင္း ၅ က ရဲေဘာ္ သမၼတနဲ႔ ရဲေဘာ္ျခဴးေလး တို႔ရဲ့မဂၤလာပြဲက်င္းပခဲ့ပါတယ္၊ အဲဒီမွာ YDF ဥကၠဌ ကိုယ္တိုင္တက္ေရာက္ၿပီးေတာ့ ဥကၠဌ ေရွ႕ေမွာက္မွာပဲ လက္မွတ္ေရးထိုးတာျပဳလုပ္ခဲ့ၾကပါတယ္၊
မဂၤလာပြဲမတိုင္ခင္မွာ က်ေနာ္တို႔ တပ္ရင္း ၅ အေနနဲ႔ ခ်စ္သူအတြက္ Drone လက္ေဆာင္ဆိုၿပီးကမ္ပိန္းတခုလုပ္ထားတာရွိတယ္၊ အဲဒီကမ္ပိန္းမွာ ကမ္ပိန္းမဲေပါက္တဲ့ေရႊလက္စြပ္ပိုင္ရွင္ကေနၿပီးေတာ့ YDF ရဲေဘာ္ရဲ့မဂၤလာဦးေမာင္ႏွံကို လက္စြပ္ျပန္ၿပီးေတာ့လႉပါတယ္၊” လို႔ ကိုအားမာန္ ကဆိုပါတယ္။
မဂၤလာလက္မွတ္ေရးထိုးအခမ္းအနာကို ေန႔လည္ ၁၂ နာရီမွာျပဳလုပ္ခဲ့ၿပီး၊ သတိုးသမီးမွာ စစ္တပ္ကေန CDM ဝင္ေရာက္လာတဲ့တပ္ၾကပ္ႀကီးျဖစ္ကာ ေတာ္လွန္ေရးကာလ ႏွစ္လည္ေလာက္မွာ CDM ဝင္ေရာက္လာခဲ့တာလို႔ ေယာကာကြယ္ေရးတပ္ – YDF ထံကသိရပါတယ္။
သတင္း-ဒိန္းဂ်ား