ပေါက်မြို့နယ်တရားရုံးသို့ အချုပ်သားများ ရုံးထုတ်လာစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး၊ ဗဟင်း ရဲစန်း ဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၂
မကွေးတိုင်း၊ ပေါက်မြို့နယ် တရားရုံးသို့ အချုပ်သားများ ရုံးထုတ်လာစဉ် လုံခြုံရေးလိုက်လာသော ရဲတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၁ က ပေါက်မြို့ပေါ်တရားရုံးတွင် အချုပ်သားများကို ရုံးထုတ်လာစဉ် အချုပ်ကားဘေးရှိ ရဲများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗိုလ်လင်္ကျာတို့အဖွဲ့က လုပ်တာပါ။ အဲဒီနေ့က တိုက်ခိုက်မှုက ၁ ယောက်သေပါတယ်။ ၂ ဦး ဒဏ်ရာရပါတယ်။ ဒါတောင် သေနတ်ကျည်ညှပ်သွားလို့ပါ” ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်း လုံခြုံရေးဂိတ်ရှိ ရဲ ၄ ဦးကို တိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ရဲတစ်ဦးမှာ ကြောက်အား လန့်အားဖြင့် ရမ်းသမ်းပစ်ခတ်ပြီး စခန်းထဲဝင်ပြေးသွားကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မန္တလေးတွင် ယခုရက်ပိုင်းအတွင်း ဗုံးခွဲတိုက်ခိုက်ခံရသော အချုပ်ကားတစ်စီး။
Zawgyi(version)
ေပါက္ၿမိဳ႕နယ္တရား႐ုံးသို႔ အခ်ဳပ္သားမ်ား ႐ုံးထုတ္လာစဥ္ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္မႈ ရဲ ၁ ဦးေသဆုံး၊ ဗဟင်း ရဲစန္း ဂိတ္ကို ပစ္ခတ္တိုက္ခိုက္မႈ ရဲ ၂ ဦးေသဆုံး
ရန္ကုန္၊ နိုဝင္ဘာ ၁၂
မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္ တရား႐ုံးသို႔ အခ်ဳပ္သားမ်ား ႐ုံးထုတ္လာစဥ္ လုံျခဳံေရးလိုက္လာေသာ ရဲတပ္ဖြဲ႕ကို လက္ပစ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ရာ ရဲ ၁ ဦးေသဆုံးေၾကာင္း ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
နိုဝင္ဘာလ ၉ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၁၅ မိနစ္အခ်ိန္ ၿမိဳင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၊ တပ္ရင္း-၁ က ေပါက္ၿမိဳ႕ေပၚတရား႐ုံးတြင္ အခ်ဳပ္သားမ်ားကို ႐ုံးထုတ္လာစဥ္ အခ်ဳပ္ကားေဘးရွိ ရဲမ်ားကို လက္ပစ္ဗုံးျဖင့္ တိုက္ခိုက္ရာ ရဲ ၁ ဦး ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ဗိုလ္လကၤ်ာတို႔အဖြဲ႕က လုပ္တာပါ။ အဲဒီေန႔က တိုက္ခိုက္မႈက ၁ ေယာက္ေသပါတယ္။ ၂ ဦး ဒဏ္ရာရပါတယ္။ ဒါေတာင္ ေသနတ္က်ည္ညႇပ္သြားလို႔ပါ” ဟု ၿမိဳင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။
အလားတူ နိုဝင္ဘာလ ၁၁ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္ ၿမိဳင္ၿမိဳ႕နယ္၊ ဗဟင္းရဲစခန္း လုံျခဳံေရးဂိတ္ရွိ ရဲ ၄ ဦးကို တိုက္မိုင္း ၃ လုံးျဖင့္ ေဖာက္ခြဲတိုက္ခိက္ရာ ရဲ ၂ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရရွိေၾကာင္း၊ရဲတစ္ဦးမွာ ေၾကာက္အား လန႔္အားျဖင့္ ရမ္းသမ္းပစ္ခတ္ၿပီး စခန္းထဲဝင္ေျပးသြားေၾကာင္း ၊ အဆိုပါ တိုက္ခိုက္မႈကို ရပ္ေက်း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ က ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- မႏၲေလးတြင္ ယခုရက္ပိုင္းအတြင္း ဗုံးခြဲတိုက္ခိုက္ခံရေသာ အခ်ဳပ္ကားတစ္စီး။