ပါဆယ်ဗုံးပေးသည်ကို လက်ဆောင်ဟုထင်ကာ ယူပြီးဖွင့်ကြည့်သည့် တရားသူကြီး ဗုံးထိေ-သဆုံး
CJ Platform
ကောလင်းမြို့နယ် မြို့နယ်တရားရုံးတွင် ယနေ့ နံနက်ပိုင်းက တရားသူကြီးကို လာပို့သည့် လက်ဆောင်အထုပ်မှ ဗုံးထပေါက်၍ မြို့နယ်တရားသူကြီးသေဆုံးသွားသည်ဟု ကနဦးသတင်းများအရ သိရသည်။
မြို့နယ်တရားသူကြီးကို မြစ်ကြီးနားမှ အသိမိတ်ဆွေတစ်ဦးက လက်ဆောင်ပေးပို့သည့်အထုပ်ကို ယူဆောင်၍ ဖွင့်ကြည့်စဉ် ဗုံးထပေါက်ကွဲခဲ့ပြီး သေဆုံးသွားတာဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။
“သူက လက်ဆောင်မထင်ဘူး ပိုက်ဆံကို ပါဆယ်နဲ့ပို့ ပေးတယ်ထင်ပြီး ဖွင့်ကြည့်တာ အဲ့မှာထပေါက်တာ ပွဲချင်းပြီးသေတယ် ဝန်ထမ်းတစ်ဦးဒဏ်ရာရတယ်”ဟု ပြောသည်။
ဗုံးပေါက်ကွဲ၍ သေဆုံးသူမှာ မြို့နယ်တရားသူကြီးဦးဘရန်ဆိုင်းဖြစ်ပြီး တရားရေးဝန်ထမ်းတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦး CJ Platform ကို ပြောသည်။
“သိရမှာလေဗျာ လောဘဇောတက်ပြီး ဆိုင်ကယ်နဲ့ပါဆယ်လာပို့တာကို သူတပည့်နဲ့ ဖွင့်ကြည့်တာ အဲ့မှာဗုံးပေါက်တာဆိုင်ကယ်သမားက ပေးပြီးကတည်းက ပြန်သွားပြီ”ဟုပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များသည် ကောလင်းတရားရုံးနှင့်အနီးတဝိုက်တွင် လုံခြုံရေး ယူထားသည်ဟု မြို့ခံတွေဆီက သိရသည်။
🖋ကိုပေါက်
Zawgyi(version)
ပါဆယ္ဗုံးေပးသည္ကို လက္ေဆာင္ဟုထင္ကာ ယူၿပီးဖြင့္ၾကည့္သည့္ တရားသူႀကီး ဗုံးထိေ-သဆုံး
CJ Platform
ေကာလင္းၿမိဳ႕နယ္ ၿမိဳ႕နယ္တရား႐ုံးတြင္ ယေန႕ နံနက္ပိုင္းက တရားသူႀကီးကို လာပို႔သည့္ လက္ေဆာင္အထုပ္မွ ဗုံးထေပါက္၍ ၿမိဳ႕နယ္တရားသူႀကီးေသဆုံးသြားသည္ဟု ကနဦးသတင္းမ်ားအရ သိရသည္။
ၿမိဳ႕နယ္တရားသူႀကီးကို ျမစ္ႀကီးနားမွ အသိမိတ္ေဆြတစ္ဦးက လက္ေဆာင္ေပးပို႔သည့္အထုပ္ကို ယူေဆာင္၍ ဖြင့္ၾကည့္စဥ္ ဗုံးထေပါက္ကြဲခဲ့ၿပီး ေသဆုံးသြားတာျဖစ္သည္ဟု တရား႐ုံးႏွင့္ နီးစပ္သူတစ္ဦးက CJ Platform ကို ေျပာသည္။
သူက လက္ေဆာင္မထင္ဘူး ပိုက္ဆံကို ပါဆယ္နဲ႕ပို႔ ေပးတယ္ထင္ၿပီး ဖြင့္ၾကည့္တာ အဲ့မွာထေပါက္တာ ပြဲခ်င္းၿပီးေသတယ္ ဝန္ထမ္းတစ္ဦးဒဏ္ရာရတယ္ဟု ေျပာသည္။
ဗုံးေပါက္ကြဲ၍ ေသဆုံးသူမွာ ၿမိဳ႕နယ္တရားသူႀကီးဦးဘရန္ဆိုင္းျဖစ္ၿပီး တရားေရးဝန္ထမ္းတစ္ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု အမည္မေဖာ္လိုသူတစ္ဦး CJ Platform ကို ေျပာသည္။
သိရမွာေလဗ်ာ ေလာဘေဇာတက္ၿပီး ဆိုင္ကယ္နဲ႕ပါဆယ္လာပို႔တာကို သူတပည့္နဲ႕ ဖြင့္ၾကည့္တာ အဲ့မွာဗုံးေပါက္တာဆိုင္ကယ္သမားက ေပးၿပီးကတည္းက ျပန္သြားၿပီဟုေျပာသည္။
လက္ရွိအေျခအေနတြင္ စစ္ေကာင္စီတပ္မ်ားသည္ ေကာလင္းတရား႐ုံးႏွင့္အနီးတဝိုက္တြင္ လုံၿခဳံေရး ယူထားသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။
ကိုေပါက္