စစ်ကောင်စီစစ်ကြောင်း မီ-းရှို့ခဲ့သော နေအိမ်များတွင် ဗိုလ်မှူးအဆင့်ရှိသူ သုံးဦး၏ နေအိမ်များလည်း ပါဝင်

စစ်ကောင်စီစစ်ကြောင်း မီးရှို့ခဲ့သော နေအိမ်များတွင် ဗိုလ်မှူးအဆင့်ရှိသူ သုံးဦး၏ နေအိမ်များလည်း ပါဝင်

မြောင် – နိုဝင်ဘာ ၁၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းများက မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအဆင့်ရှိသူ သုံးဦး၏ နေအိမ်များလည်း ပါဝင်သွားကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့မှ နိုဝင်ဘာ ၉ ရက်နေ့ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့တွင် ဗိုလ်မှူးအဆင့်ရှိသူသုံးဦး၏ နေအိမ်များလည်းပါဝင်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့(CDSOM) ၏ တာဝန်ရှိသူတစ်ဦးကThe 74 Media ကိုပြောသည်။

“အဲ့ဒီရွာမှာ ဗိုလ်မှူးသုံးယောက်ရှိတယ်။ အဲ့ဒီသုံးယောက်အိမ်ပါတယ်ကြားတယ်။ ဒါပေမဲ့ နှစ်ယောက်အိမ်က သေချာတယ်။ တစ်ယောက်အိမ်က ဟုတ်မဟုတ်။ ပါမပါ သေချာစုံစမ်းရဦးမယ်။ လူနေတယ် အမျိုးတွေ၊ သူ့မိသားစုတွေနေတာ။ သူ့တို့မိသားစုဆိုတာ အမေတွေဘာတွေပေါ့နော်” ဟုပြောသည်။

နနွင်းကိုင်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးသုံးဦး၏ အိမ်မီးရှို့ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ပြီး အဆိုပါသုံးဦးသည် ရန်ကုန်မြို့၊ နေပြည်တော် နှင့် စစ်ကိုင်းမြို့နယ်ရှိ အုန်းတောကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း နနွင်းကိုင်းကျေးရွာမှ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“နနွင်းကိုင်း(ရွာ)မှာ ဗိုလ်မှူးသုံးအိမ်ပါသွားတယ်။ သုံးယောက်နာမည်က ကောင်းကောင်းမမှတ်မိတော့ဘူး။ မိသားစုဝင်တစ်ဦးက သူ့သားရဲ့ ဗိုလ်မှူးရဲ့ဓာတ်ပုံတွေထုတ်ပြပြီး ရှိခိုးပြီးတောင်းပန်တာကို ရှို့သွားတာ။ အကုန်လုံးက ဗိုလ်မှူးအဆင့်ရှိသူတွေပဲ။ ကျန်တဲ့ နှစ်အိမ်ကတော့ တောင်းပန်တာဘာညာ မကြားဘူး။ ပြည်သူတွေနဲ့ အတူထွက်ပြေးကြတာ” ဟုပြောသည်။

မြောင်မြို့နယ် ကျောက်ရစ်အထိုင်တပ်စခန်း နှင့် ရေစကြိုမြို့နယ်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါဗိုလ်မှူးသုံးဦး၏ နနွင်းကိုင်းကျေးရွာအပါအဝင် ရွှေတစ်ချောင်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ မြစ်သာကျေးရွာနှင့် သုခဒီပကျေးရွာ ငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့နယ်ရှိ ရွှေတစ်ချောင်းကျေးရွာကိုလည်း ယနေ့ နေ့လယ် တစ်နာရီခန့်က ထပ်မံဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ ငါးရွာအပါအဝင် အခြားကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာကို အောက်တိုဘာ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ ငါးထောင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ရွာရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်သည်။

Zawgyi(version)

စစ္ေကာင္စီစစ္ေၾကာင္း မီးရွို႔ခဲ့ေသာ ေနအိမ္မ်ားတြင္ ဗိုလ္မႉးအဆင့္ရွိသူ သုံးဦး၏ ေနအိမ္မ်ားလည္း ပါဝင္

ေျမာင္ – နိုဝင္ဘာ ၁၀၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီစစ္ေၾကာင္းမ်ားက မီးရွို႔ဖ်က္ဆီးခဲ့သည့္ ေက်းရြာမ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဗိုလ္မႉးအဆင့္ရွိသူ သုံးဦး၏ ေနအိမ္မ်ားလည္း ပါဝင္သြားေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ နိုဝင္ဘာ ၇ ရက္ေန႔မွ နိုဝင္ဘာ ၉ ရက္ေန႔ထိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေျမာင္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ ငါးရြာကို မီးရွို႔ဖ်က္ဆီးခဲ့တြင္ ဗိုလ္မႉးအဆင့္ရွိသူသုံးဦး၏ ေနအိမ္မ်ားလည္းပါဝင္ခဲ့ေၾကာင္း ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံေရးတပ္ဖြဲ႕(CDSOM) ၏ တာဝန္ရွိသူတစ္ဦးကThe 74 Media ကိုေျပာသည္။

“အဲ့ဒီရြာမွာ ဗိုလ္မႉးသုံးေယာက္ရွိတယ္။ အဲ့ဒီသုံးေယာက္အိမ္ပါတယ္ၾကားတယ္။ ဒါေပမဲ့ ႏွစ္ေယာက္အိမ္က ေသခ်ာတယ္။ တစ္ေယာက္အိမ္က ဟုတ္မဟုတ္။ ပါမပါ ေသခ်ာစုံစမ္းရဦးမယ္။ လူေနတယ္ အမ်ိဳးေတြ၊ သူ႔မိသားစုေတြေနတာ။ သူ႔တို႔မိသားစုဆိုတာ အေမေတြဘာေတြေပါ့ေနာ္” ဟုေျပာသည္။

နႏြင္းကိုင္းေက်းရြာမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဗိုလ္မႉးသုံးဦး၏ အိမ္မီးရွို႔ဖ်က္ဆီးခံလိုက္ရျခင္းျဖစ္ၿပီး အဆိုပါသုံးဦးသည္ ရန္ကုန္ၿမိဳ႕၊ ေနျပည္ေတာ္ ႏွင့္ စစ္ကိုင္းၿမိဳ႕နယ္ရွိ အုန္းေတာေက်းရြာတြင္ တာဝန္ထမ္းေဆာင္ေနသူမ်ားျဖစ္ေၾကာင္း နႏြင္းကိုင္းေက်းရြာမွ ေဒသခံတစ္ဦးက The 74 Media ကိုေျပာသည္။

“နႏြင္းကိုင္း(ရြာ)မွာ ဗိုလ္မႉးသုံးအိမ္ပါသြားတယ္။ သုံးေယာက္နာမည္က ေကာင္းေကာင္းမမွတ္မိေတာ့ဘူး။ မိသားစုဝင္တစ္ဦးက သူ႔သားရဲ့ ဗိုလ္မႉးရဲ့ဓာတ္ပုံေတြထုတ္ျပၿပီး ရွိခိုးၿပီးေတာင္းပန္တာကို ရွို႔သြားတာ။ အကုန္လုံးက ဗိုလ္မႉးအဆင့္ရွိသူေတြပဲ။ က်န္တဲ့ ႏွစ္အိမ္ကေတာ့ ေတာင္းပန္တာဘာညာ မၾကားဘူး။ ျပည္သူေတြနဲ႔ အတူထြက္ေျပးၾကတာ” ဟုေျပာသည္။

ေျမာင္ၿမိဳ႕နယ္ ေက်ာက္ရစ္အထိုင္တပ္စခန္း ႏွင့္ ေရစႀကိဳၿမိဳ႕နယ္မွ စစ္ေၾကာင္းထိုးလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ အဆိုပါဗိုလ္မႉးသုံးဦး၏ နႏြင္းကိုင္းေက်းရြာအပါအဝင္ ေရႊတစ္ေခ်ာင္းေက်းရြာ၊ ဆူးေလကုန္းေက်းရြာ၊ ျမစ္သာေက်းရြာႏွင့္ သုခဒီပေက်းရြာ ငါးရြာကို မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္းသိရသည္။

စစ္ေကာင္စီစစ္ေၾကာင္းသည္ ေျမာင္ၿမိဳ႕နယ္ရွိ ေရႊတစ္ေခ်ာင္းေက်းရြာကိုလည္း ယေန႔ ေန႔လယ္ တစ္နာရီခန႔္က ထပ္မံဝင္ေရာက္ကာ မီးရွို႔ဖ်က္ဆီးေနေၾကာင္းေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားထံမွသိရသည္။

မီးရွို႔ဖ်က္ဆီးခံရသည့္ ေက်းရြာ ငါးရြာအပါအဝင္ အျခားေက်းရြာမ်ားမွ ေဒသခံျပည္သူ တစ္ေသာင္းေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း သိရသည္။

အလားတူ ေျမာင္ၿမိဳ႕နယ္၊ ပရိမၼေက်းရြာကို ေအာက္တိုဘာ ၂၈ ရက္ေန႔က စစ္ေကာင္စီတပ္က ေလေၾကာင္းျဖင့္ တိုက္ခိုက္ခဲ့ေသာေၾကာင့္ ေဒသခံျပည္သူ ငါးေထာင္ခန႔္ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္တြင္ ၂၀၁၄ သန္းေခါင္စာရင္းအရ ေက်းရြာအုပ္စုေပါင္း ၄၈ ရြာရွိၿပီး လူဦးေရ တစ္သိန္းေက်ာ္ခန႔္ ေနထိုင္သည္။