ပြည်သူများကို ဖမ်းဆီးလာသည့်ကား ကြားဖြတ်တိုက်ခိုက်ပြည်သူများကို ကယ်ထုတ်ပြီး ဒုတပ်ရင်းမှူး အပါ၃ ဦး

သထုံတွင် ပြည်သူများကို ဖမ်းဆီးလာသည့်ကား ကြားဖြတ်တိုက်ခိုက်ပြည်သူများကို ကယ်ထုတ်ပြီး ဒုတပ်ရင်းမှူး ချစ်ဝင်းသူ အပါအဝင် ၃ ဦးသေဆုံး

သထုံအမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို သထုံ PDFက တိုက်ခိုက်မှု ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင်စစ်သား ၃ ဦးသေဆုံး၊ ဗိုလ်မှူးချစ်ဝင်းသူ ဖမ်းဆီးလာသော ပြည်သူများကို ကယ်ထုတ်ပြီး လက်နက်များ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ပြည်သူများကို ဖမ်းဆီးလာသော သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ် ရင်း မှူး ဗိုလ်မှူးချစ်ဝင်းသူနှင့်အဖွဲ့ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ ) က တိုက်ခိုက်ရာ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင်စစ်သား ၃ ဦးသေဆုံးပြီး ဖမ်းဆီးခံထားရသော ပြည်သူများကို ကယ်ထုတ်နိုင်ကြောင်း၊ လက်နက်များ သိမ်းဆည်းရမိကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ပြည်သူများကို မတရားဖမ်းဆီးလာသော စစ် ကားကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တားဆီးပစ် ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်သား ၃ သုံးဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ၎င်းကားပေါ်မှ လက်နက် ၃ လက်၊ ငွေသား ၂၃ သိန်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအပြီးတွင် ဗိုလ်မှူးချစ်ဝင်းသူနှင့်အဖွဲ့က မတရားဖမ်းဆီးလာသော ပြည်သူများကို ကယ်ထုတ် နိုင်ခဲ့ကြောင်း၊ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး

သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူ များကို မတရားဖမ်းဆီးခဲ့သူဖြစ်ကြောင်း၊ ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များကို PDF ဟု အမှုဆင် မတရားဖမ်းဆီးခဲ့သူလည်းဖြစ်ပြီး ကားမှောင်ခိုလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း သိရှိရသည်။

Zawgyi(version)

သထုံတြင္ ျပည္သူမ်ားကို ဖမ္းဆီးလာသည့္ကား ၾကားျဖတ္တိုက္ခိုက္ျပည္သူမ်ားကို ကယ္ထုတ္ၿပီး ဒုတပ္ရင္းမႉး ခ်စ္ဝင္းသူ အပါအဝင္ ၃ ဦးေသဆုံး

သထုံအမွတ္ ၉ ေလ့က်င့္ေရးတပ္မွ ဒုတပ္ရင္းမႉးႏွင့္အဖြဲ႕ကို သထုံ PDFက တိုက္ခိုက္မႈ ဗိုလ္မႉးခ်စ္ဝင္းသူ အပါအဝင္စစ္သား ၃ ဦးေသဆုံး၊ ဗိုလ္မႉးခ်စ္ဝင္းသူ ဖမ္းဆီးလာေသာ ျပည္သူမ်ားကို ကယ္ထုတ္ၿပီး လက္နက္မ်ား သိမ္းဆည္းရမိ

ရန္ကုန္၊ နိုဝင္ဘာ ၁၀

ျပည္သူမ်ားကို ဖမ္းဆီးလာေသာ သထုံၿမိဳ႕နယ္ အမွတ္ ၉ ေလ့က်င့္ေရးတပ္မွ ဒုတပ္ ရင္း မႉး ဗိုလ္မႉးခ်စ္ဝင္းသူႏွင့္အဖြဲ႕ကို သထုံျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (ပကဖ ) က တိုက္ခိုက္ရာ ဗိုလ္မႉးခ်စ္ဝင္းသူ အပါအဝင္စစ္သား ၃ ဦးေသဆုံးၿပီး ဖမ္းဆီးခံထားရေသာ ျပည္သူမ်ားကို ကယ္ထုတ္နိုင္ေၾကာင္း၊ လက္နက္မ်ား သိမ္းဆည္းရမိေၾကာင္း သထုံၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ယေန႕ နံနက္ ၅ နာရီ ၃၀ မိနစ္အခ်ိန္ ျပည္သူမ်ားကို မတရားဖမ္းဆီးလာေသာ စစ္ ကားကို သထုံျပည္သူ႕ကာကြယ္ေရးအဖြဲ႕ (ပကဖ)က တားဆီးပစ္ ခတ္ခဲ့ေၾကာင္း၊ ထိုပစ္ခတ္မႈတြင္ စစ္တပ္ဘက္မွ ဗိုလ္မႉးခ်စ္ဝင္းသူ အပါအဝင္ စစ္သား ၃ သုံးဦး ေသဆုံးၿပီး ၁ ဦးဒဏ္ရာရကာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း၊ ၎ကားေပၚမွ လက္နက္ ၃ လက္၊ ေငြသား ၂၃ သိန္း သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။

တိုက္ခိုက္မႈအၿပီးတြင္ ဗိုလ္မႉးခ်စ္ဝင္းသူႏွင့္အဖြဲ႕က မတရားဖမ္းဆီးလာေသာ ျပည္သူမ်ားကို ကယ္ထုတ္ နိုင္ခဲ့ေၾကာင္း၊ ဗိုလ္မႉး ခ်စ္ဝင္းသူသည္ ထုံးဘိုေလးေက်း႐ြာ မီးရွို႔မႈတြင္ အဓိကပါဝင္သူျဖစ္ၿပီး

သထုံၿမိဳ႕တြင္း တက္ႂကြလႈပ္ရွားသူ မ်ားကို မတရားဖမ္းဆီးခဲ့သူျဖစ္ေၾကာင္း၊ ဝီေယာ္ေက်း႐ြာ ေရတံခြန္လာေသာ လူငယ္မ်ားကို PDF ဟု အမႈဆင္ မတရားဖမ္းဆီးခဲ့သူလည္းျဖစ္ၿပီး ကားေမွာင္ခိုလုပ္ငန္းလုပ္ကိုင္သူျဖစ္ေၾကာင္း သိရွိရသည္။