တန်ဆောင်းမုန်းလပြည့်ည ပံ့သကူကောက်ရာမှ တစ်ဦးကားတိုက်​ေသဆုံးကာ တစ်ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်တွင် တန် ဆောင်မုန်းလပြည့်ည ပံ့သကူကောက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ (၈) ရက် ၊ တန်ဆောင်မုန်းလပြည့်ညတွင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ပံ့သကူပစ်ခြင်း၊ ပံ့သကူကောက်ခြင်းများ ပြုလုပ်ခဲ့ကြခြင်း ဖြစ် သည်။

ယင်းကဲ့သို့ ပံ့သကူပစ်ခြင်း၊ ပံ့သကူ ကောက်ခြင်း ပြုလုပ်ကြရာမှ နိုဝင်ဘာ (၇) ရက် ညဦးပိုင်းတွင် ရွှေပြည်သာမြို့ နယ် မြင်းလှည်းဂိတ်အနီး၌ လမ်းပေါ်တွင် ပံ့သကူပြေးကောက်သူများအား ကားဖြင့် တိုက်မိသဖြင့် တစ်ဦးသေ ဆုံးကာ တစ်ဦးခြေတောက်တွင် ဒဏ်ရာရခဲ့ကြောင်း ရွှေလက်လူမှုကူညီရေးအသင်းက သတင်း ထုတ်ပြန်ထား သည်။

” တစ်မြို့လုံးနီးပါးပါပဲ။ တချို့ကလည်း ဟေးလားဝါး လား အပျော်ပေါ့။ တချို့ကလည်း တကယ်ကြပ်တည်းလို့ ရှာကြတဲ့ သူတွေပေါ့။ မြင်းလှည်းဂိတ်မှာ လမ်းပေါ် ပြေးကောက်ရင်း ကားတိုက်ပြီး တစ်ယောက်သေတယ် ။ တစ်ယောက်က ခြေတောက်ကွဲသွားလို့ ငါးချက်လောက် ချုပ်လိုက်ရတယ် ” ဟု လူမှုကူညီရေးအသင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တန်ဆောင်မုန်းလပြည့်ညတွင် ပံ့သကူပစ်ခြင်းနှင့် ပံ့သကူကောက်ခြင်းအပါအဝင် ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး ရိုးရာ ယဉ်ကျေးမှုအဖြစ် လုပ် ဆောင်ကြခြင်းဖြစ်ကာ ယဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုများလည်း နှစ်စဉ်ဖြ စ်ပွားလျက်ရှိနေခြင်း ဖြစ်သည်။

” ရိုးရာယဉ်ကျေးမှုဆိုပေမဲ့ အရင်က ပံ့သ ကူဆိုတာနဲ့ မတူဘူးလေ။ အခုက ကားပေါ်ကနေ လမ်းပေါ် လျှောက်ကျဲနေတာများတယ် ။ တကယ်ဆို ပံ့သကူ ပစ်တာက မမြင်ကွယ်ရာ လမ်းကြိုလမ်းကြား၊ ‌လမ်းဘေး တစ်နေရာရာ ပစ်ထားခဲ့ရတာ။ နောက်မှ တွေ့တဲ့သူက ကောက်သွားပေါ့။ ဒါမျိုးပဲ ဖြစ်ရမှာ၊အခုက‌ လမ်းပေါ်မှာ တရုန်းရုန်းနဲ့ သရုပ်ပျက်တာပေါ့။ ဖြစ်ရင် သူလည်းမကောင်းဘူး။ ကို ယ်လည်းမကောင်းဘူးပေါ့” ဟု အဆိုပါ လူမှုကူညီရေးအ သင်းမှ တာဝန်ရှိသူက ၎င်း၏ အမြင်ကို သုံးသပ်ပြ သ ည်။

ယမန်နေ့ နိုဝင်ဘာ (၇) ရက် ညပိုင်းတွင် ရန်ကုန်တိုင်းအတွင်း ရွှေပြည်သာမြို့နယ်အပါအဝင် မရမ်းကုန်းမြို့နယ်တွင် အလားတူ ယဉ်မတော် တဆမှုများ ဖြစ်ပွားခဲ့ခြင်းများ ရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

Zawgyi(version)

ရန္ကုန္တိုင္းေဒသႀကီး ၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ တန္ ေဆာင္မုန္းလျပည့္ည ပံ့သကူေကာက္ရာမွ ယာဥ္တိုက္မႈ ျဖစ္ပြားကာ တစ္ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာရသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

နိုဝင္ဘာ (၈) ရက္ ၊ တန္ေဆာင္မုန္းလျပည့္ညတြင္ ရန္ကုန္ၿမိဳ႕ေနရာအႏွံ႕အျပားတြင္ ပံ့သကူပစ္ျခင္း၊ ပံ့သကူေကာက္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္ သည္။

ယင္းကဲ့သို႔ ပံ့သကူပစ္ျခင္း၊ ပံ့သကူ ေကာက္ျခင္း ျပဳလုပ္ၾကရာမွ နိုဝင္ဘာ (၇) ရက္ ညဦးပိုင္းတြင္ ေ႐ႊျပည္သာၿမိဳ႕ နယ္ ျမင္းလွည္းဂိတ္အနီး၌ လမ္းေပၚတြင္ ပံ့သကူေျပးေကာက္သူမ်ားအား ကားျဖင့္ တိုက္မိသျဖင့္ တစ္ဦးေသ ဆုံးကာ တစ္ဦးေျခေတာက္တြင္ ဒဏ္ရာရခဲ့ေၾကာင္း ေ႐ႊလက္လူမႈကူညီေရးအသင္းက သတင္း ထုတ္ျပန္ထား သည္။

တစ္ၿမိဳ႕လုံးနီးပါးပါပဲ။ တခ်ိဳ႕ကလည္း ေဟးလားဝါး လား အေပ်ာ္ေပါ့။ တခ်ိဳ႕ကလည္း တကယ္ၾကပ္တည္းလို႔ ရွာၾကတဲ့ သူေတြေပါ့။ ျမင္းလွည္းဂိတ္မွာ လမ္းေပၚ ေျပးေကာက္ရင္း ကားတိုက္ၿပီး တစ္ေယာက္ေသတယ္ ။ တစ္ေယာက္က ေျခေတာက္ကြဲသြားလို႔ ငါးခ်က္ေလာက္ ခ်ဳပ္လိုက္ရတယ္ ဟု လူမႈကူညီေရးအသင္း တစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

တန္ေဆာင္မုန္းလျပည့္ညတြင္ ပံ့သကူပစ္ျခင္းႏွင့္ ပံ့သကူေကာက္ျခင္းအပါအဝင္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို ႏွစ္စဥ္ႏွစ္တိုင္း က်င္းပေလ့ရွိၿပီး ရိုးရာ ယဥ္ေက်းမႈအျဖစ္ လုပ္ ေဆာင္ၾကျခင္းျဖစ္ကာ ယဥ္တိုက္မႈမ်ား၊ ခိုက္ရန္ျဖစ္ပြားမႈမ်ားေၾကာင့္ ေသဆုံးဒဏ္ရာရရွိမႈမ်ားလည္း ႏွစ္စဥ္ျဖ စ္ပြားလ်က္ရွိေနျခင္း ျဖစ္သည္။

ရိုးရာယဥ္ေက်းမႈဆိုေပမဲ့ အရင္က ပံ့သ ကူဆိုတာနဲ႕ မတူဘူးေလ။ အခုက ကားေပၚကေန လမ္းေပၚ ေလွ်ာက္က်ဲေနတာမ်ားတယ္ ။ တကယ္ဆို ပံ့သကူ ပစ္တာက မျမင္ကြယ္ရာ လမ္းႀကိဳလမ္းၾကား၊ လမ္းေဘး တစ္ေနရာရာ ပစ္ထားခဲ့ရတာ။ ေနာက္မွ ေတြ႕တဲ့သူက ေကာက္သြားေပါ့။ ဒါမ်ိဳးပဲ ျဖစ္ရမွာ၊အခုက လမ္းေပၚမွာ တ႐ုန္း႐ုန္းနဲ႕ သ႐ုပ္ပ်က္တာေပါ့။ ျဖစ္ရင္ သူလည္းမေကာင္းဘူး။ ကို ယ္လည္းမေကာင္းဘူးေပါ့ ဟု အဆိုပါ လူမႈကူညီေရးအ သင္းမွ တာဝန္ရွိသူက ၎၏ အျမင္ကို သုံးသပ္ျပ သ ည္။

ယမန္ေန႕ နိုဝင္ဘာ (၇) ရက္ ညပိုင္းတြင္ ရန္ကုန္တိုင္းအတြင္း ေ႐ႊျပည္သာၿမိဳ႕နယ္အပါအဝင္ မရမ္းကုန္းၿမိဳ႕နယ္တြင္ အလားတူ ယဥ္မေတာ္ တဆမႈမ်ား ျဖစ္ပြားခဲ့ျခင္းမ်ား ရွိခဲ့ေၾကာင္း ေျမျပင္သတင္းမ်ားအရ သိရသည္။