မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများအပေါ် ထောင်တွင်းဖိနှိပ်မှု အလွန်ဆိုးရွားလာ၍ အစာငတ်ခံ ဆန္ဒပြ
မုံရွာအကျဉ်းထောင်၌ အကျဉ်းသူအကျဉ်းသားများ၏ အခြေခံသုံးပစ္စည်းများကို ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့မှုကြောင့် မကျေနပ်၍ နိုင်ငံရေးအကျဉ်းသားများက ဦးဆောင်ပြီး အစာငတ်ခံဆန္ဒပြခဲ့ကြောင်း တရားရေး ဝန်ထမ်းတစ်ဦးထံမှ သိရပါသည်။
“ဒီနေ့ နေ့လည် ထောင်ပိုင်ပြောတာက စစ်တပ်ကရှာဖွေရေးလုပ်တာကို အကျဉ်းသားတွေက မကျေနပ်လို့ ဆန္ဒပြတာ အခုညှိနှိုင်းပေးလို့ ပြေလည်သွားပြီလို့ ပြောသံကြားတယ်” ဟု ၎င်းကဆိုပါတယ်။
မုံရွာအကျဉ်းထောင်ကို 4.8.2022 သောကြာနေ့နံနက်ပိုင်းက စစ်တပ်၊ ရဲ၊ အကျဉ်းဦးစီးပေါင်း၍ အထူးရှာဖွေရေးပြုလုပ်ကာ အကျဉ်းသူ/သား များ၏ အဝတ်အစား၊ စောင်၊ ဖိနပ်၊ အခြေခံကျန်းမာရေးဆေးဝါးများနှင့် တရားဝင်ဆက်သွယ်ထားသော မိသားစုထံ ပေးစာနှင့် ဓာတ်ပုံများကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပါသည်။
“အဲ့နေ့က ကျနော်တို့ စစ်တပ်၊ ရဲနှင့်ပူးပါင်းပြီး ရှာဖွေရေးလုပ်ရတယ်၊ စစ်တပ်ကခိုင်းတာလို့ ထောင်ပိုင်ကပြောပါတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ပစ္စည်းဆွဲချခဲ့ရတယ်” ဟု အကျဉ်းဦးစီးဝန်ထမ်းမှာ ပြောပါတယ်။
အဆိုပါဖြစ်စဉ်ကို မကျေနပ်၍ နိုင်ငံရေးအကျဉ်းသားများမှ ဦးဆောင်ပြီး အချက် (၉) ချက်တောင်းဆိုကာ အစာငတ်ခံဆန္ဒပြခဲ့ပါသည်။ အစာငတ်ခံဆန္ဒပြပွဲကို (HS) ကျောင်းသားသစ္စာမှ အကျဉ်းသား(၄)ဦးက ရေမှလွဲ၍ မည်သည့်အစာ ကိုမှမစားဘဲ ဦးဆောင်ဆန္ဒပြပြီး ကျန်နိုင်ငံရေးအကျဉ်းသား(၆၀၀) ကျော်က ထောင်မှ ကျွေးတာကို မစားဘဲ မိမိကိုယ်ပိုင်အစားအသောက်များကိုသာ စားပြီး (Semi hunger strike) တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။
“အခုလိုဖြစ်တော့ ကျနော်တို့ ဌာနကပဲ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးရပါတယ်။ အခုတော့ပြေလည်သွားပါပြီ။ စစ်တပ်ကယူသွားတဲ့ ပစ္စည်းတွေအတွက်တော့ ကျနော်တို့ဌာနကပဲ စိုက် လျော်ပေးရမှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အကျဉ်းဦးစီးဌာနမှ အရာရှိငယ်တစ်ဦးမှ ပြောပါတယ်
ယင်း ဆန္ဒပြပွဲကို (၂) ရက်အကြာတွင် အကျဉ်းဦးစီးဌာန၏ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှု ရရှိခဲ့ကြောင်းသိရပါသည်။
#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
#မုံရွာ_အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ
Zawgyi(version)
မုံ႐ြာအက်ဥ္းေထာင္တြင္ နိုင္ငံေရးအက်ဥ္းသားမ်ားအေပၚ ေထာင္တြင္းဖိႏွိပ္မႈ အလြန္ဆိုး႐ြားလာ၍ အစာငတ္ခံ ဆႏၵျပ
မုံ႐ြာအက်ဥ္းေထာင္၌ အက်ဥ္းသူအက်ဥ္းသားမ်ား၏ အေျခခံသုံးပစၥည္းမ်ားကို ရွာေဖြသိမ္းဆည္းမႈမ်ား ျပဳလုပ္ခဲ့မႈေၾကာင့္ မေက်နပ္၍ နိုင္ငံေရးအက်ဥ္းသားမ်ားက ဦးေဆာင္ၿပီး အစာငတ္ခံဆႏၵျပခဲ့ေၾကာင္း တရားေရး ဝန္ထမ္းတစ္ဦးထံမွ သိရပါသည္။
“ဒီေန႕ ေန႕လည္ ေထာင္ပိုင္ေျပာတာက စစ္တပ္ကရွာေဖြေရးလုပ္တာကို အက်ဥ္းသားေတြက မေက်နပ္လို႔ ဆႏၵျပတာ အခုညွိႏွိုင္းေပးလို႔ ေျပလည္သြားၿပီလို႔ ေျပာသံၾကားတယ္” ဟု ၎ကဆိုပါတယ္။
မုံ႐ြာအက်ဥ္းေထာင္ကို 4.8.2022 ေသာၾကာေန႕နံနက္ပိုင္းက စစ္တပ္၊ ရဲ၊ အက်ဥ္းဦးစီးေပါင္း၍ အထူးရွာေဖြေရးျပဳလုပ္ကာ အက်ဥ္းသူ/သား မ်ား၏ အဝတ္အစား၊ ေစာင္၊ ဖိနပ္၊ အေျခခံက်န္းမာေရးေဆးဝါးမ်ားႏွင့္ တရားဝင္ဆက္သြယ္ထားေသာ မိသားစုထံ ေပးစာႏွင့္ ဓာတ္ပုံမ်ားကို သိမ္းဆည္းခဲ့ျခင္းျဖစ္ပါသည္။
“အဲ့ေန႕က က်ေနာ္တို႔ စစ္တပ္၊ ရဲႏွင့္ပူးပါင္းၿပီး ရွာေဖြေရးလုပ္ရတယ္၊ စစ္တပ္ကခိုင္းတာလို႔ ေထာင္ပိုင္ကေျပာပါတယ္။ အဲဒါနဲ႕ က်ေနာ္တို႔လည္း ပစၥည္းဆြဲခ်ခဲ့ရတယ္” ဟု အက်ဥ္းဦးစီးဝန္ထမ္းမွာ ေျပာပါတယ္။
အဆိုပါျဖစ္စဥ္ကို မေက်နပ္၍ နိုင္ငံေရးအက်ဥ္းသားမ်ားမွ ဦးေဆာင္ၿပီး အခ်က္ (၉) ခ်က္ေတာင္းဆိုကာ အစာငတ္ခံဆႏၵျပခဲ့ပါသည္။ အစာငတ္ခံဆႏၵျပပြဲကို (HS) ေက်ာင္းသားသစၥာမွ အက်ဥ္းသား(၄)ဦးက ေရမွလြဲ၍ မည္သည့္အစာ ကိုမွမစားဘဲ ဦးေဆာင္ဆႏၵျပၿပီး က်န္နိုင္ငံေရးအက်ဥ္းသား(၆၀၀) ေက်ာ္က ေထာင္မွ ေကြၽးတာကို မစားဘဲ မိမိကိုယ္ပိုင္အစားအေသာက္မ်ားကိုသာ စားၿပီး (Semi hunger strike) တစ္ၿပိဳင္တည္း ျပဳလုပ္ခဲ့ၾကေၾကာင္း သိရပါသည္။
“အခုလိုျဖစ္ေတာ့ က်ေနာ္တို႔ ဌာနကပဲ အဆင္ေျပေအာင္ ညွိႏွိုင္းေဆာင္႐ြက္ေပးရပါတယ္။ အခုေတာ့ေျပလည္သြားပါၿပီ။ စစ္တပ္ကယူသြားတဲ့ ပစၥည္းေတြအတြက္ေတာ့ က်ေနာ္တို႔ဌာနကပဲ စိုက္ ေလ်ာ္ေပးရမွာေပါ့” ဟု လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ အက်ဥ္းဦးစီးဌာနမွ အရာရွိငယ္တစ္ဦးမွ ေျပာပါတယ္
ယင္း ဆႏၵျပပြဲကို (၂) ရက္အၾကာတြင္ အက်ဥ္းဦးစီးဌာန၏ညွိႏွိုင္းေပးမႈေၾကာင့္ ေျပလည္မႈ ရရွိခဲ့ေၾကာင္းသိရပါသည္။
#မုံ႐ြာလူထုသပိတ္တိုက္ပြဲဦးေဆာင္ေကာ္မတီ
#မုံ႐ြာ_အျမင့္လမ္းသပိတ္ဦးေဆာင္ေကာ္မတီ