မအလ ဗေဒင်ယတြာရူးချက် နှစ်ပေါင်း(၁၆၃)နှစ်သက်တမ်းရှိတဲ့နန်းမြို့ရိုးတောင်မချန်ဘူး

နှစ်ပေါင်း (၁၅၀) ကျော် သက်တမ်းရှိ မန္တလေး နန်းမြို့ရိုးကို ထင်တိုင်းကျဲ ဖြိုဖျက် ပြုပြင်နေ

ယခင် စစ်အစိုးရတွေက ပုဂံဒေသ ဘုရားတွေကို ပြုပြင်ခဲ့သလို လက်ရှိ အာဏာသိမ်း စကစ ကလည်း နှစ်ပေါင်း (၁၅၀) ကျော် သက်တမ်းရှိ မန္တလေး နန်းမြို့ရိုးကို သြဂုတ်လ (၂၀) ရက်က စတင်ပြီး ထင်တိုင်းကျဲ ပြုပြင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စကစ က မန္တလေး နန်းမြို့ရဲ့ တောင်ဘက်နှင့် အရှေ့ဘက်ခြမ်းလို့ ယူဆရတဲ့ နေရာတွေက နန်းမြို့ရိုး ပြအိုးတွေကို တူးဖော်ဖြိုဖျက် ပြုပြင်နေတာ ဖြစ်ပါတယ်။

“နန်းမြို့ရိုး တည်ဆောက်စဉ်က ပြအိုးတအိုးတိုင်းမှာ ရွှေအစစ်၊ ကျောက်မျက်ရတနာ အစစ်တွေမြှုပ်ပြီး တည်တာဆိုတဲ့ ယုံတမ်းစကားတွေ ရှိတော့ အဲ့တာတွေ ရှိမယ်ထင်ပြီး တူးတာ ဖြစ်မယ်” လို့ မန္တလေး မြို့ခံ တစ်ဦးက မှတ်ချက်ပြုပါတယ်။

(၁၆၃) နှစ် သက်တမ်းရှိပြီးဖြစ်တဲ့ မန္တလေးနန်းမြို့ရိုးကို ကြံ့ခိုင်မှုရှိစေဖို့ ပြုပြင်ထိန်းသိမ်းတာလို့ စစ်လော်ဘီတွေကတော့ သတင်းဖြန့်ပါတယ်။

နန်းမြို့ရိုး ပြုပြင်ဖို့ မောင်ကို ဦးဆောင်တဲ့အဖွဲ့က အနီးကပ်ကြီးကြပ်ပြီး စကစ သစ္စာခံ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက အင်ဂျင်နီယာတွေ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီက စကစ သစ္စာခံတွေရဲ့ အကြံပြုချက်တွေအတိုင်း လုပ်ဆောင်တာလို့လည်း စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

မန္တလေးနန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းဖို့ နှစ်စဉ် ရန်ပုံငွေချထားပေးနေပြီး ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်မှာ ပျက်စီးနေတဲ့ ပြာသာဒ်လတ်နှင့် ပြကလေးပြာသာဒ်တွေကို ပြုပြင်မှာလို့လည်း စစ်လော်ဘီတွေက ဆိုပါတယ်။

လက်ရှိမှာ မန္တလေးနန်းမြို့ရိုး ပတ်လည်မှာ ဘုံခုနှစ်ဆင့်၊ ဘုံငါးဆင့် ပြာသာဒ်ကြီး (၁၂) ဆောင်နှင့် ပြာသာဒ်ငယ် (၃၂) ဆောင် ရှိတယ်လို့ ဆိုပါတယ်။

ပုံတွေကတော့ စကစ က မန္တလေး နန်းမြို့ရိုး ပြအိုး၊ ပြဿဒ်တွေကို ပြုပြင်မယ်ဆိုပြီး ဖြိုဖျက်နေတဲ့ ပုံတွေ ဖြစ်ပါတယ်။

Zawgyi(version)

ႏွစ္ေပါင္း (၁၅၀) ေက်ာ္ သက္တမ္းရွိ မႏၱေလး နန္းၿမိဳ႕ရိုးကို ထင္တိုင္းက်ဲ ၿဖိဳဖ်က္ ျပဳျပင္ေန

ယခင္ စစ္အစိုးရေတြက ပုဂံေဒသ ဘုရားေတြကို ျပဳျပင္ခဲ့သလို လက္ရွိ အာဏာသိမ္း စကစ ကလည္း ႏွစ္ေပါင္း (၁၅၀) ေက်ာ္ သက္တမ္းရွိ မႏၱေလး နန္းၿမိဳ႕ရိုးကို ၾသဂုတ္လ (၂၀) ရက္က စတင္ၿပီး ထင္တိုင္းက်ဲ ျပဳျပင္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

စကစ က မႏၱေလး နန္းၿမိဳ႕ရဲ႕ ေတာင္ဘက္ႏွင့္ အေရွ႕ဘက္ျခမ္းလို႔ ယူဆရတဲ့ ေနရာေတြက နန္းၿမိဳ႕ရိုး ျပအိုးေတြကို တူးေဖာ္ၿဖိဳဖ်က္ ျပဳျပင္ေနတာ ျဖစ္ပါတယ္။

နန္းၿမိဳ႕ရိုး တည္ေဆာက္စဥ္က ျပအိုးတအိုးတိုင္းမွာ ေ႐ႊအစစ္၊ ေက်ာက္မ်က္ရတနာ အစစ္ေတြျမႇုပ္ၿပီး တည္တာဆိုတဲ့ ယုံတမ္းစကားေတြ ရွိေတာ့ အဲ့တာေတြ ရွိမယ္ထင္ၿပီး တူးတာ ျဖစ္မယ္ လို႔ မႏၱေလး ၿမိဳ႕ခံ တစ္ဦးက မွတ္ခ်က္ျပဳပါတယ္။

(၁၆၃) ႏွစ္ သက္တမ္းရွိၿပီးျဖစ္တဲ့ မႏၱေလးနန္းၿမိဳ႕ရိုးကို ႀကံ့ခိုင္မႈရွိေစဖို႔ ျပဳျပင္ထိန္းသိမ္းတာလို႔ စစ္ေလာ္ဘီေတြကေတာ့ သတင္းျဖန႔္ပါတယ္။

နန္းၿမိဳ႕ရိုး ျပဳျပင္ဖို႔ ေမာင္ကို ဦးေဆာင္တဲ့အဖြဲ႕က အနီးကပ္ႀကီးၾကပ္ၿပီး စကစ သစၥာခံ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနက အင္ဂ်င္နီယာေတြ၊ ျမန္မာနိုင္ငံ အင္ဂ်င္နီယာအသင္းႏွင့္ ျမန္မာနိုင္ငံ ေျမငလ်င္ေကာ္မတီက စကစ သစၥာခံေတြရဲ႕ အႀကံျပဳခ်က္ေတြအတိုင္း လုပ္ေဆာင္တာလို႔လည္း စစ္ေလာ္ဘီေတြက သတင္းျဖန႔္ပါတယ္။

မႏၱေလးနန္းၿမိဳ႕ရိုး ျပဳျပင္ထိန္းသိမ္းဖို႔ ႏွစ္စဥ္ ရန္ပုံေငြခ်ထားေပးေနၿပီး ယခု ၂၀၂၂ -၂၀၂၃ ဘ႑ာႏွစ္မွာ ပ်က္စီးေနတဲ့ ျပာသာဒ္လတ္ႏွင့္ ျပကေလးျပာသာဒ္ေတြကို ျပဳျပင္မွာလို႔လည္း စစ္ေလာ္ဘီေတြက ဆိုပါတယ္။

လက္ရွိမွာ မႏၱေလးနန္းၿမိဳ႕ရိုး ပတ္လည္မွာ ဘုံခုႏွစ္ဆင့္၊ ဘုံငါးဆင့္ ျပာသာဒ္ႀကီး (၁၂) ေဆာင္ႏွင့္ ျပာသာဒ္ငယ္ (၃၂) ေဆာင္ ရွိတယ္လို႔ ဆိုပါတယ္။

ပုံေတြကေတာ့ စကစ က မႏၱေလး နန္းၿမိဳ႕ရိုး ျပအိုး၊ ျပႆဒ္ေတြကို ျပဳျပင္မယ္ဆိုၿပီး ၿဖိဳဖ်က္ေနတဲ့ ပုံေတြ ျဖစ္ပါတယ္။