စစ်တပ်ရိက္ခာသယ်သင်္ဘောကိုမြောင်PDFကသိမ်းလိုက်ပြီးဆန်များကို ပြည်သူများသို့ဝေငှပေး ✊🏻

ဆန်အိတ် ၁၅၀၀၀ ​ကျော်ပါ​သောစစ်​ကောင်စီသင်္ဘာကိုPDF ကဖမ်းဆီးပြီးစစ်​ဘေး​ရှောင်ပြည်သူများကို​ပေး​ဝေ၊ စစ်တပ်ကလိုက်လာ၍ဆန်အိတ် ၄၀၀သာသယ်လိုက်ရ

▪︎”ဒီကောင်(စစ်​ကောင်စီတပ်)တွေ ထွက်လာပြီဆိုတဲ့သတင်းရတော့ပြည်သူတွေထိမှာစိုးလို့ ပြန်ခိုင်းလိုက်တယ်။ ပထမတော့သင်္ဘာပါမီးရှို့မလို့။မသယ်နိုင်တာတွေ အကုန်မီးရှို့ဖို့စဥ်းစားတယ်။ သင်္ဘာပေါ်မှာက ရေနံပေပါတွေ၊ ဆီပေပါတွေပါနေတော့မီးလောင်ရင် မြစ်ကမ်းဘေးရွာတွေပါ ထိကုန်မှာမို့လို့လက်လျှော့လိုက်ရတယ်” -ကိုနွေဦး

အိုက်မောင်/People’s Spring

ဆန်အိတ် ၁၅၀၀၀ ​ကျော်ပါ​သောစစ်ကောင်စီရိက္ခာတင်သင်္ဘာတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချင်းတွင်းမြစ်အတွင်း ယ​နေ့ဖမ်းဆီးပြီး စစ်ဘေးရှောင်ပြည်သူများကိုဆန်အိတ်များပေးဝေခဲ့သည်။

မန္တလေးမှထွက်ခွာလာပြီးဆန်အိတ် ၁၅၀၀၀ ကျော်တင်ဆောင်လာသောသင်္ဘာကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ (CDSOM)ကယနေ့(နိုဝင်ဘာ ၆ရက်) နေ့လယ် နှစ်နာရီတွင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“စစ်ခွေးသင်္ဘာကို တိုက်ဖို့စောင့်နေတာ။စစ်ခွေးသင်္ဘာမရောက်လာခင် ရေစကြိုဖက်ကနေ သတင်းပို့လာတာက စစ်ခွေးရိက္ခာတင်သင်္ဘာတစ်စီးလာနေပြီလို့။ ဒါကြောင့်တားဆီးဖမ်းလိုက်ပြီး ဆန်အိတ်တွေလာသယ်ဖို့ ပြည်သူတွေကိုကြေငြာလိုက်တာ”ဟုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံကိုနွေဦးကပြောသည်။

စစ်ကောင်စီရိက္ခာတင်သင်္ဘာကို ချင်းတွင်းမြစ်ဆိပ်တစ်ခုဖြစ်သော နနွင်းကိုင်းဆိပ်တွင် ကပ်ခိုင်းပြီးဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ပြည်သူများဆန်အိတ်များသယ်နေစဥ်ညနေသုံးနာရီခန့်တွင်စစ်ကောင်စီကရေကြောင်းမှရောကုန်းကြောင်းမှပါ နနွင်းကိုင်းဆိပ်သို့ ဦးတည်လာနေ၍ဆန်အိတ်သယ်ယူခြင်းရပ်လိုက်ရသည်။ တစ်နာရီခန့်အတွင်း ဆန်အိတ်လေး၄၀၀ ခန့်သာသယ်ယူနိုင်ခဲ့သည်ဟု ကိုနွေဦးကပြောသည်။

“ဒီကောင်တွေ ထွက်လာပြီဆိုတဲ့သတင်းရတော့ပြည်သူတွေထိမှာစိုးလို့ ပြန်ခိုင်းလိုက်တယ်။ ပထမတော့သင်္ဘာပါမီးရှို့မလို့။မသယ်နိုင်တာတွေ အကုန်မီးရှို့ဖို့စဥ်းစားတယ်။ သင်္ဘာပေါ်မှာက ရေနံပေပါတွေ၊ ဆီပေပါတွေပါနေတော့မီးလောင်ရင် မြစ်ကမ်းဘေးရွာတွေပါ ထိကုန်မှာမို့လို့လက်လျှော့လိုက်
ရတယ်”ဟု ကိုနွေဦးက People’s Spring သို့ပြောသည်။

အထက်ပါသင်္ဘာသည် စစ်ကောင်စီက ချောဆွဲခံထားရသည့်သင်္ဘာဖြစ်သည်။အောက်တိုဘာလ ကုန်ခန့်က မန္တလေးဆိပ်ကမ်းတွင် ကမ်းကပ်ထားစဥ် စစ်ကောင်စီက ချောဆွဲပြီး ဆန်အိတ်များပို့ဆောင်ခိုင်းခြင်းဟု သဘောဝန်ထမ်းများက ပြည်သူ့ကာကွယ်ရေးရဲဘော်များထံ ထွက်ဆိုခဲ့သည်။

“အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒုက္ခပေါင်းစုံရင်ဆီးခံစားခဲ့ရသောပြည်သူများအား စိတ်ကြိုက်ယူဆောင်ခွင့်ပြုခဲ့သည်။ ပြည်သူများအဆင်ပြေလျှင် ကျွန်ုပ်တို့ကာကွယ်ရေးအဖွဲ့များမှာပီတိဖြစ်နေကြရပါသည်။ထို့အတွက် ကျွန်ုပ်တို့ကာကွယ်ရေးအဖွဲ့များမှ လုံခြုံရေးအပြည့်ဖြင့်စောင့်ရှောက်ပေးခြင်းဖြင့် ပြည်သူ့ကာကွယ်ရေးများပီပီ ပြည်သူများအတွက်အလုပ်အကျွေးပြုနိုင်ခဲ့ပါသည်” ဟုမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

(စစ်​ကောင်စီရိက္ခာတင် သင်္ဘာမှ ဆန်များကို PDFများကပြည်သူများကို​ပေး​ဝေ​နေစဥ် ။ ။ဓါတ်ပုံ-CDSOM)

Zawgyi(version)

ဆန္အိတ္ ၁၅၀၀၀ ေက်ာ္ပါေသာစစ္ေကာင္စီသဘၤာကိုPDF ကဖမ္းဆီးၿပီးစစ္ေဘးေရွာင္ျပည္သူမ်ားကိုေပးေဝ၊ စစ္တပ္ကလိုက္လာ၍ဆန္အိတ္ ၄၀၀သာသယ္လိုက္ရ

ဒီေကာင္(စစ္ေကာင္စီတပ္)ေတြ ထြက္လာၿပီဆိုတဲ့သတင္းရေတာ့ျပည္သူေတြထိမွာစိုးလို႔ ျပန္ခိုင္းလိုက္တယ္။ ပထမေတာ့သဘၤာပါမီးရွို႔မလို႔။မသယ္နိုင္တာေတြ အကုန္မီးရွို႔ဖို႔စဥ္းစားတယ္။ သဘၤာေပၚမွာက ေရနံေပပါေတြ၊ ဆီေပပါေတြပါေနေတာ့မီးေလာင္ရင္ ျမစ္ကမ္းေဘး႐ြာေတြပါ ထိကုန္မွာမို႔လို႔လက္ေလွ်ာ့လိုက္ရတယ္ -ကိုႏြေဦး

အိုက္ေမာင္/Peoples Spring

ဆန္အိတ္ ၁၅၀၀၀ ေက်ာ္ပါေသာစစ္ေကာင္စီရိကၡာတင္သဘၤာတစ္စီးကို ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕က ခ်င္းတြင္းျမစ္အတြင္း ယေန႕ဖမ္းဆီးၿပီး စစ္ေဘးေရွာင္ျပည္သူမ်ားကိုဆန္အိတ္မ်ားေပးေဝခဲ့သည္။

မႏၱေလးမွထြက္ခြာလာၿပီးဆန္အိတ္ ၁၅၀၀၀ ေက်ာ္တင္ေဆာင္လာေသာသဘၤာကို ေျမာင္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ (CDSOM)ကယေန႕(နိုဝင္ဘာ ၆ရက္) ေန႕လယ္ ႏွစ္နာရီတြင္ဖမ္းဆီးလိုက္ျခင္းျဖစ္သည္။

စစ္ေခြးသဘၤာကို တိုက္ဖို႔ေစာင့္ေနတာ။စစ္ေခြးသဘၤာမေရာက္လာခင္ ေရစႀကိဳဖက္ကေန သတင္းပို႔လာတာက စစ္ေခြးရိကၡာတင္သဘၤာတစ္စီးလာေနၿပီလို႔။ ဒါေၾကာင့္တားဆီးဖမ္းလိုက္ၿပီး ဆန္အိတ္ေတြလာသယ္ဖို႔ ျပည္သူေတြကိုေၾကျငာလိုက္တာဟုေျမာင္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ တာဝန္ခံကိုႏြေဦးကေျပာသည္။

စစ္ေကာင္စီရိကၡာတင္သဘၤာကို ခ်င္းတြင္းျမစ္ဆိပ္တစ္ခုျဖစ္ေသာ နႏြင္းကိုင္းဆိပ္တြင္ ကပ္ခိုင္းၿပီးဖမ္းဆီးလိုက္ျခင္းျဖစ္သည္။ ျပည္သူမ်ားဆန္အိတ္မ်ားသယ္ေနစဥ္ညေနသုံးနာရီခန့္တြင္စစ္ေကာင္စီကေရေၾကာင္းမွေရာကုန္းေၾကာင္းမွပါ နႏြင္းကိုင္းဆိပ္သို႔ ဦးတည္လာေန၍ဆန္အိတ္သယ္ယူျခင္းရပ္လိုက္ရသည္။ တစ္နာရီခန့္အတြင္း ဆန္အိတ္ေလး၄၀၀ ခန့္သာသယ္ယူနိုင္ခဲ့သည္ဟု ကိုႏြေဦးကေျပာသည္။

ဒီေကာင္ေတြ ထြက္လာၿပီဆိုတဲ့သတင္းရေတာ့ျပည္သူေတြထိမွာစိုးလို႔ ျပန္ခိုင္းလိုက္တယ္။ ပထမေတာ့သဘၤာပါမီးရွို႔မလို႔။မသယ္နိုင္တာေတြ အကုန္မီးရွို႔ဖို႔စဥ္းစားတယ္။ သဘၤာေပၚမွာက ေရနံေပပါေတြ၊ ဆီေပပါေတြပါေနေတာ့မီးေလာင္ရင္ ျမစ္ကမ္းေဘး႐ြာေတြပါ ထိကုန္မွာမို႔လို႔လက္ေလွ်ာ့လိုက္
ရတယ္ဟု ကိုႏြေဦးက Peoples Spring သို႔ေျပာသည္။

အထက္ပါသဘၤာသည္ စစ္ေကာင္စီက ေခ်ာဆြဲခံထားရသည့္သဘၤာျဖစ္သည္။ေအာက္တိုဘာလ ကုန္ခန့္က မႏၱေလးဆိပ္ကမ္းတြင္ ကမ္းကပ္ထားစဥ္ စစ္ေကာင္စီက ေခ်ာဆြဲၿပီး ဆန္အိတ္မ်ားပို႔ေဆာင္ခိုင္းျခင္းဟု သေဘာဝန္ထမ္းမ်ားက ျပည္သူ႕ကာကြယ္ေရးရဲေဘာ္မ်ားထံ ထြက္ဆိုခဲ့သည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ဥပေဒမဲ့ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈေၾကာင့္ ဒုကၡေပါင္းစုံရင္ဆီးခံစားခဲ့ရေသာျပည္သူမ်ားအား စိတ္ႀကိဳက္ယူေဆာင္ခြင့္ျပဳခဲ့သည္။ ျပည္သူမ်ားအဆင္ေျပလွ်င္ ကျွန်ုပ်တို့ကာကွယ်ရေးအဖွဲ့များမှာပီတိဖြစ်နေကြရပါသည်။ထို့အတွက် ကျွန်ုပ်တို့ကာကွယ်ရေးအဖွဲ့များမှ လုံၿခဳံေရးအျပည့္ျဖင့္ေစာင့္ေရွာက္ေပးျခင္းျဖင့္ ျပည္သူ႕ကာကြယ္ေရးမ်ားပီပီ ျပည္သူမ်ားအတြက္အလုပ္အေကြၽးျပဳနိုင္ခဲ့ပါသည္ ဟုေျမာင္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးႏွင့္လုံၿခဳံေရးတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

(စစ္ေကာင္စီရိကၡာတင္ သဘၤာမွ ဆန္မ်ားကို PDFမ်ားကျပည္သူမ်ားကိုေပးေဝေနစဥ္ ။ ။ဓါတ္ပုံ-CDSOM)