ဝင်ကြည်ရင်ကြက်သိန်းမွှေးညှင်းထသွားစေမဲ့ ရေစကြိုPDF တွေဝိုင်းသမလို့ စစ်ခွေး၂၁ သေ(ရုပ်သံ)

ရေစကြိုနယ်မှာ ဖက်ဆစ်တပ်ကို PDF(၂၆)ဖွဲ့ ပေါင်းပြီး တိုက်ခိုက်၊
ဖက်ဆစ်တပ်သား (၂၁)ယောက် သေဟုဆို၊

MFP ၊ သြဂုတ် – ၂၆

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသ မင်းရွာကျေးရွာထဲ စီးနင်းအထိုင်ချကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး မဟာမိတ် (၂၆)ဖွဲ့ ပေါင်းပြီး တိုက်ခိုက်ရာ ဖက်ဆစ်တပ်သား (၂၁)ယောက် သေတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

မင်းရွာကျေးရွာထဲ တစ်လကျော်ကြာ စီးနင်းအထိုင်ချနေပြီး ရေလည်ကျွန်းဒေသ ရွာနှစ်ရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ ဖက်ဆစ်တပ်ကို သြဂုတ်(၂၄)ရက် မနက်ပိုင်းက ရွာနားအထိ ကပ်ကာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကာ မိနစ်(၂၀)ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး ဖက်ဆစ်တပ်သား (၂၁)ယောက် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မဟာမိတ် တပ်ဖွဲ့တွေဘက်က ပြည်သူ့ရဲဘော် ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ သူတို့ဘက်က ပြန်လည် ပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် ကျနော်တို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”လို့ ရေစကြို ပကဖ ရဲဘော်ဝေကြီးက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ရေစကြို (ပကဖ)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၁ (27 Revolution Force၊ Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force ၊ မြင်းခြံခရိုင် တပ်ရင်း – ၂ (PDF-Taloke)၊ MGN Tiger၊ MGN Ranger၊ Myingyan Twenty One Guerilla Force၊ မြင်းခြံခရိုင် တပ်ရင်း – ၃ (မြေလတ် PDFT) ၊ TTA ပြောက်ကျားတပ်၊ 7 People’s Defense Force၊ စတဲ့ မဟာမိတ် (၂၆)ဖွဲ့ ပါဝင်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

မင်းရွာထဲ စီးနင်းအထိုင်ချနေတဲ့ ဖက်ဆစ်တပ်တွေ တိုက်ခိုက်ခံနေရချိန် ဖက်ဆစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်တစ်စီးနဲ့ လေကြောင်းပစ်ကူပေးဖို့ ရောက်လာပေမယ့် တော်လှန်ရေး ရဲဘော်တွေ အလျှင်အမြန် ပြန်ဆုတ်နိုင်ခဲ့တာကြောင့် လေကြောင်းက ပစ်ခတ်ချိန်မရလိုက်ဘဲ ပြန်လှည့်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖက်ဆစ်တပ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ရေလည်ကျွန်းဒေသထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး မင်းရွာကျေးရွာမှာ အထိုင်ချကာ အနီးဝန်းကျင် ကျေးရွာတွေ ဖြစ်တဲ့ လှေခုတ်ရွာနှင့် ငတရော်ရွာတွေကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ (၇၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ရဲဘော်ဝေကြီးက ရှင်းပြပါတယ်။

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)

ေရစႀကိဳနယ္မွာ ဖက္ဆစ္တပ္ကို PDF(၂၆)ဖြဲ႕ ေပါင္းၿပီး တိုက္ခိုက္၊
ဖက္ဆစ္တပ္သား (၂၁)ေယာက္ ေသဟုဆို၊

MFP ၊ ၾသဂုတ္ – ၂၆

မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္ ေရလည္ကြၽန္းေဒသ မင္း႐ြာေက်း႐ြာထဲ စီးနင္းအထိုင္ခ်ကာ ႐ြာလုံးကြၽတ္ မီးရွို႔ဖ်က္ဆီး ေသာင္းက်န္းေနတဲ့ ဖက္ဆစ္တပ္ကို ေဒသကာကြယ္ေရး မဟာမိတ္ (၂၆)ဖြဲ႕ ေပါင္းၿပီး တိုက္ခိုက္ရာ ဖက္ဆစ္တပ္သား (၂၁)ေယာက္ ေသတယ္လို႔ ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ – ပကဖ က သတင္း ထုတ္ျပန္ပါတယ္။

မင္း႐ြာေက်း႐ြာထဲ တစ္လေက်ာ္ၾကာ စီးနင္းအထိုင္ခ်ေနၿပီး ေရလည္ကြၽန္းေဒသ ႐ြာႏွစ္႐ြာကို ႐ြာလုံးကြၽတ္ မီးရွို႔ခဲ့တဲ့ ဖက္ဆစ္တပ္ကို ၾသဂုတ္(၂၄)ရက္ မနက္ပိုင္းက ႐ြာနားအထိ ကပ္ကာ အနီးကပ္ ပစ္ခတ္ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႕ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္ခဲ့ကာ မိနစ္(၂၀)ေက်ာ္ တိုက္ပြဲျဖစ္ခဲ့ၿပီး ဖက္ဆစ္တပ္သား (၂၁)ေယာက္ ရွင္းလင္းနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

“က်ေနာ္တို႔ မဟာမိတ္ တပ္ဖြဲ႕ေတြဘက္က ျပည္သူ႕ရဲေဘာ္ ေျခာက္ဦး ထိခိုက္ဒဏ္ရာ ရခဲ့ေပမယ့္ စိုးရိမ္ရတဲ့ အေျခအေနေတာ့ မဟုတ္ပါဘူး။ သူတို႔ဘက္က ျပန္လည္ ပစ္ခတ္တာေတြ ရွိခဲ့ေပမယ့္ က်ေနာ္တို႔ ေအာင္ျမင္စြာ ဆုတ္ခြာနိုင္ခဲ့ပါတယ္”လို႔ ေရစႀကိဳ ပကဖ ရဲေဘာ္ေဝႀကီးက MFP ကို ေျပာပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈကို ေရစႀကိဳ (ပကဖ)၊ Phoenix အထူးေျပာက္က်ားတပ္ဖြဲ႕၊ ျမင္းၿခံခရိုင္တပ္ရင္း – ၁ (27 Revolution Force၊ Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force ၊ ျမင္းၿခံခရိုင္ တပ္ရင္း – ၂ (PDF-Taloke)၊ MGN Tiger၊ MGN Ranger၊ Myingyan Twenty One Guerilla Force၊ ျမင္းၿခံခရိုင္ တပ္ရင္း – ၃ (ေျမလတ္ PDFT) ၊ TTA ေျပာက္က်ားတပ္၊ 7 People’s Defense Force၊ စတဲ့ မဟာမိတ္ (၂၆)ဖြဲ႕ ပါဝင္တိုက္ခိုက္ ခဲ့တာလို႔ ဆိုပါတယ္။

မင္း႐ြာထဲ စီးနင္းအထိုင္ခ်ေနတဲ့ ဖက္ဆစ္တပ္ေတြ တိုက္ခိုက္ခံေနရခ်ိန္ ဖက္ဆစ္တပ္က ဂ်က္ဖိုက္တာ ေလယာဥ္တစ္စီးနဲ႕ ေလေၾကာင္းပစ္ကူေပးဖို႔ ေရာက္လာေပမယ့္ ေတာ္လွန္ေရး ရဲေဘာ္ေတြ အလွ်င္အျမန္ ျပန္ဆုတ္နိုင္ခဲ့တာေၾကာင့္ ေလေၾကာင္းက ပစ္ခတ္ခ်ိန္မရလိုက္ဘဲ ျပန္လွည့္သြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲ့ဒီ ဖက္ဆစ္တပ္ဟာ လြန္ခဲ့တဲ့ တစ္လေက်ာ္ကတည္းက ေရလည္ကြၽန္းေဒသထဲ စီးနင္းဝင္ေမႊ ေသာင္းက်န္းေနတာ ျဖစ္ၿပီး မင္း႐ြာေက်း႐ြာမွာ အထိုင္ခ်ကာ အနီးဝန္းက်င္ ေက်း႐ြာေတြ ျဖစ္တဲ့ ေလွခုတ္႐ြာႏွင့္ ငတေရာ္႐ြာေတြကို ႐ြာလုံးကြၽတ္ မီးရွို႔ဖ်က္ဆီးခဲ့လို႔ အိမ္ေျခ (၇၀၀)ေက်ာ္ မီးေလာင္ဆုံးရႈံးခဲ့ၿပီး ေဒသခံျပည္သူ တစ္ေသာင္းဝန္းက်င္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနၾကရတယ္လို႔ ရဲေဘာ္ေဝႀကီးက ရွင္းျပပါတယ္။