ပျော်ရွင်ခြင်းတွေနဲ့ ပြည့်စုံခဲ့တဲ့ အိမ်..။ ရယ်မောခြင်းတွေနဲ့ တည်ရှိခဲ့တဲ့ အိမ်..။ငြိမ်းချမ်းမှုတွေ ပေးခဲ့တဲ့ အိမ်..။ မိုးဒဏ် လေဒဏ်ကို အန်တုလို့ အေးချမ်းမှုကိုပေးခဲ့တဲ့ အိမ်..။အသိုက်စုံလင်စွာနဲ့ လက်ရေတပြင်ကြီး တူတူလွေးခဲ့ကြတဲ့အိမ်…။
သူတို့သားကြီးကြွလာရင် မရှိ၊ ရှိတာလေးနဲ့ ချက်ကပ်နေတဲ့အိမ်..။ သူ့သားကြီးကို ကြည့်လို့မဝတဲ့မျက်နှာအစုံနဲ့ ကြည့်နေတဲ့ မိဘအိမ်..။အိမ်.. အိမ်.. အိမ်တဲ့..။ အခုတော့ နားခိုစရာမရှိတဲ့ ငှက်ပမာ တောင်ပြေးလိုက်.. မြောက်ပြေးလိုက်ရနဲ့..။ ဟိုကကျွေးတာစားလိုက်.. ဒီကပေးတာနဲ့ နေလိုက်နဲ့. ကျီးလန့်စာ စားနေရပြီး ဘဝကိုရုန်းနေကြရတဲ့ဘဝတွေ..။ နေရေးထက် ရှင်ရေးကို ဦးစားပေးရတဲ့ဘဝတွေ..။
သူတို့ပြောဆိုကြတဲ့ ကြေကွဲဝမ်းနည်းဖွယ်စကားလုံးတွေကို ရင်ဘက်ကြီးနဲ့ခံစားပြီး နားထောင်ရင်း စို့တတ်လာတဲ့ မျက်ဝန်းထဲကအရည်ကို မမြင်စေချင်လို့ အားမာန်တင်းထားတဲ့ မျက်နှာအစုံပြရတာ ဘဝမှာ ရင်အနာရဆုံးပါပဲ။
ဘယ်လောက်ပဲ အသည်းမာတယ်ပဲပြောပြော မျက်ရည်တော့ ကျခွင့်ရှိတယ်မဟုတ်လား..။
Zawgyi(version)
ေပ်ာ္႐ြင္ျခင္းေတြနဲ႕ ျပည့္စုံခဲ့တဲ့ အိမ္..။ ရယ္ေမာျခင္းေတြနဲ႕ တည္ရွိခဲ့တဲ့ အိမ္..။ၿငိမ္းခ်မ္းမႈေတြ ေပးခဲ့တဲ့ အိမ္..။ မိုးဒဏ္ ေလဒဏ္ကို အန္တုလို႔ ေအးခ်မ္းမႈကိုေပးခဲ့တဲ့ အိမ္..။အသိုက္စုံလင္စြာနဲ႕ လက္ေရတျပင္ႀကီး တူတူေလြးခဲ့ၾကတဲ့အိမ္။
သူတို႔သားႀကီးႂကြလာရင္ မရွိ၊ ရွိတာေလးနဲ႕ ခ်က္ကပ္ေနတဲ့အိမ္..။ သူ႕သားႀကီးကို ၾကည့္လို႔မဝတဲ့မ်က္ႏွာအစုံနဲ႕ ၾကည့္ေနတဲ့ မိဘအိမ္..။အိမ္.. အိမ္.. အိမ္တဲ့..။ အခုေတာ့ နားခိုစရာမရွိတဲ့ ငွက္ပမာ ေတာင္ေျပးလိုက္.. ေျမာက္ေျပးလိုက္ရနဲ႕..။ ဟိုကေကြၽးတာစားလိုက္.. ဒီကေပးတာနဲ႕ ေနလိုက္နဲ႕. က်ီးလန့္စာ စားေနရၿပီး ဘဝကို႐ုန္းေနၾကရတဲ့ဘဝေတြ..။ ေနေရးထက္ ရွင္ေရးကို ဦးစားေပးရတဲ့ဘဝေတြ..။
သူတို႔ေျပာဆိုၾကတဲ့ ေၾကကြဲဝမ္းနည္းဖြယ္စကားလုံးေတြကို ရင္ဘက္ႀကီးနဲ႕ခံစားၿပီး နားေထာင္ရင္း စို႔တတ္လာတဲ့ မ်က္ဝန္းထဲကအရည္ကို မျမင္ေစခ်င္လို႔ အားမာန္တင္းထားတဲ့ မ်က္ႏွာအစုံျပရတာ ဘဝမွာ ရင္အနာရဆုံးပါပဲ။
ဘယ္ေလာက္ပဲ အသည္းမာတယ္ပဲေျပာေျပာ မ်က္ရည္ေတာ့ က်ခြင့္ရွိတယ္မဟုတ္လား..။