ရင်ပေါင်တိုင်ရွာကနေ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၀ ဦး သတင်းအစအန ပျောက်နေပြီ၊သေ…see more

ရင်ပေါင်တိုင်ရွာကနေ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၀ ဦး သတင်းအစအန ပျောက်နေပြီ၊သေလားရှင်လားမသိရသေး

ဩဂုတ် ၂၅၊ ၂၀၂၂

ရင်ပေါင်တိုင်ရွာကို ဩဂုတ် ၁၁ ရက်နေ့ ဝင်ရောက်စီစနင်းစဉ်က ရွာထဲမှာရှိနေတဲ့ ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂ ပတ်ကြာသည်အထိ ပြန်လည်လွှတ်ပေးခြင် မရှိတဲ့အပြင် သူတို့ဘယ်ကိုရောက်နေလဲဆိုတဲ့ သတင်းအစအနတောင် မရသေးဘူးလို့ ဒေသခံပြည်သူ တစ်ဦးကပြောပါတယ်။

ဒေသခံပြည်သူတစ်ဦးက “ ၁၃ ရက်လောက်က သတင်းအချက်အလက် တစ်ချို့ရလိုက်တယ်။ အဲဒီနောက်တော့ ဘာဆိုဘာမှ မကြားရတော့ဘူး။ ဘယ်ရောက်နေလဲ သေလားရှင်လားဆိုတာကို မိသားစုတွေက သိချင်နေတာပေါ့။ စိတ်တွေလည်း ပူနေကြတယ်” လို့ပြောပါတယ်။

ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းစဉ်မှာ အနီးအနားရွာက ဈေးလာဝယ်သူ တစ်ချို့လည်း ဖမ်းဆီးခံရတာ ရှိတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

“သူတို့ကို စဖမ်းတုန်းက ၂၄ ယောက်ရှိတယ်၊ ပစ္စည်းတွေသယ်ဖို့ ဖမ်းသွားတာ၊ သူတို့ကို လူသားဒိုင်းအဖြစ်နဲ့ စစ်ကြောင်းမှာ အသုံးပြုခဲ့တယ်” လို့လည်းပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ၁၈ ရက်မှာ ကပိုင်ရွာထဲဝင်ရောက်ကာ မီးရှို့ခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ ၅ ဦး ကိုလည်း သိတ်ဖြတ်ခဲ့ပါတယ်။ ဝင်းကုန်းရွာ အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၆၀ ကျော် ဦးချစ်ဝင်းလက်နက်ကြီး ကျည် ထိမှန်သေဆုံးခဲ့ပါတယ်။

Zawgyi(version)

ရင္ေပါင္တိုင္႐ြာကေန ဖမ္းဆီးေခၚေဆာင္ခံရသူ ၂၀ ဦး သတင္းအစအန ေပ်ာက္ေန

ဩဂုတ္ ၂၅၊ ၂၀၂၂

ရင္ေပါင္တိုင္႐ြာကို ဩဂုတ္ ၁၁ ရက္ေန႕ ဝင္ေရာက္စီစနင္းစဥ္က ႐ြာထဲမွာရွိေနတဲ့ ျပည္သူ ၂၀ ေက်ာ္ကို လူသားဒိုင္းအျဖစ္အသုံးျပဳဖို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ၂ ပတ္ၾကာသည္အထိ ျပန္လည္လႊတ္ေပးျခင္ မရွိတဲ့အျပင္ သူတို႔ဘယ္ကိုေရာက္ေနလဲဆိုတဲ့ သတင္းအစအနေတာင္ မရေသးဘူးလို႔ ေဒသခံျပည္သူ တစ္ဦးကေျပာပါတယ္။

ေဒသခံျပည္သူတစ္ဦးက ၁၃ ရက္ေလာက္က သတင္းအခ်က္အလက္ တစ္ခ်ိဳ႕ရလိုက္တယ္။ အဲဒီေနာက္ေတာ့ ဘာဆိုဘာမွ မၾကားရေတာ့ဘူး။ ဘယ္ေရာက္ေနလဲ ေသလားရွင္လားဆိုတာကို မိသားစုေတြက သိခ်င္ေနတာေပါ့။ စိတ္ေတြလည္း ပူေနၾကတယ္ လို႔ေျပာပါတယ္။

ရင္ေပါင္တိုင္႐ြာကို စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္စီးနင္းစဥ္မွာ အနီးအနား႐ြာက ေဈးလာဝယ္သူ တစ္ခ်ိဳ႕လည္း ဖမ္းဆီးခံရတာ ရွိတယ္လို႔လည္း ေဒသခံက ဆက္ေျပာပါတယ္။

သူတို႔ကို စဖမ္းတုန္းက ၂၄ ေယာက္ရွိတယ္၊ ပစၥည္းေတြသယ္ဖို႔ ဖမ္းသြားတာ၊ သူတို႔ကို လူသားဒိုင္းအျဖစ္နဲ႕ စစ္ေၾကာင္းမွာ အသုံးျပဳခဲ့တယ္ လို႔လည္းေျပာပါတယ္။

အဲဒီစစ္ေၾကာင္းဟာ ၁၈ ရက္မွာ ကပိုင္႐ြာထဲဝင္ေရာက္ကာ မီးရွို႔ခဲ့တဲ့အျပင္ အျပစ္မဲ့ ျပည္သူ ၅ ဦး ကိုလည္း သိတ္ျဖတ္ခဲ့ပါတယ္။ ဝင္းကုန္း႐ြာ အတြင္း လက္နက္ႀကီးနဲ႕ ပစ္ခတ္တာေၾကာင့္ အသက္ ၆၀ ေက်ာ္ ဦးခ်စ္ဝင္းလက္နက္ႀကီး က်ည္ ထိမွန္ေသဆုံးခဲ့ပါတယ္။