မုံရွာ-မန္တလေးလမ်းပိုင်းအပါအဝင် လမ်းပိုင်းနှစ်ခုကို ဖြတ်သန်းခွင့်ယာယီပိတ်…see more

ချောင်းဦးရှိ လမ်းပိုင်းနှစ်ခုကို ဖြတ်သန်းခွင့်ယာယီပိတ်

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေးလမ်းပိုင်းအပါအဝင် လမ်းပိုင်းနှစ်ခုကို ယနေ့ညပိုင်းမှစတင်ကာ လမ်းအသုံးပြုခွင့်ယာယီပိတ်သိမ်းထားကြောင်း ချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

မုံရွာ-ချောင်းဦးလမ်းပိုင်းနှင့် မုံရွာ-အမြင့်လမ်းပိုင်းများကို လမ်းအသုံးပြုခွင့် ယာယီပိတ်သိမ်းကြောင်း ချောင်းဦး PDFက ယနေ့သြဂုတ်လ၂၁ရက် ည ၉ နာရီခွဲခန့်တွင်ထုတ်ပြန်ကြေညာသည်။

ထိုလမ်းပိုင်းများကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ချောင်းဦး PDFက အသိပေးသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏
ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြား ပေးကြပါရန် ချောင်းဦး PDFက မေတ္တာရပ်ခံသည်။

ထိုလမ်းပိုင်းများအပါအဝင်မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားလာသ​ည့်အခါတိုင်း ဒေသတွင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Zawgyi(version)






