CDM တွေကို ဖိနှိပ်နေတဲ့ ပခုက္ကူ ချည်မျှင်စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦးကို ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့်…see more

CDM တွေကို ဖိနှိပ်နေတဲ့ ပခုက္ကူ ချည်မျှင်စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦးကို ဖမ်းဆီး၊
ပြန်လည်ခုခံလို့ ပစ်ခတ်ရာက လင်မယားနှစ်ယောက်လုံး သေ၊

MFP ၊ သြဂုတ် – ၂၆

CDM ဝန်ထမ်းတွေကို ခြမိးခြောက်တာ၊ ရန်ပြုဖိနှိပ်တာနှင့် နှင်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပခုက္ကူမြို့၊ အမှတ်(၅)ချည်မျှင်နှင့်အထည် စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦး ကို ဝင်ရောက် ဖမ်းဆီးရာမှာ ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဗိုလ်မှူးအောင်ဇော်ဦးနှင့် ဇနီးဖြစ်သူ သေဆုံးတယ်လို့ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Young Force က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၂၆)ရက် မနက်(၆)နာရီက မကွေးတိုင်း ပခုက္ကူမြို့၊ မြို့သစ်ရှိ အမှတ်(၅)ချည်မျှင်နှင့်အထည် စက်ရုံက ဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဖမ်းဆီးရာတွင် အညံ့မခံဘဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မျာအား MA(1)ဟု ယူဆရသော လက်နက်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပါသည်။ လ/န ချ အဖမ်းခံရန် အော်ပြောသောလည်း ဆက်လက် ပစ်ခတ်သောကြောင့် မိမိတို့တပ်ဖွဲ့များမှ ပစ်ခတ်ရာ အမျိုးသမီးမှာ နေရာတွင် သေဆုံးပြီး ဗိုလ်မှူး အောင်ဇော်ဦး လည်း ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံမှာဘဲ သေသွားကြောင်း ကနဦးသိရှိရပါသည်” လို့ Young Force က ဖော်ပြပါတယ်။

ပခုက္ကူ မြို့ထဲကနေ ဖက်ဆစ်တပ်တွေ စစ်ကူလာလို့ ပြန်လည်ဆုတ်ခွာခဲ့ပြီး အဲ့ဒီအချိန် ဗိုလ်မှူးအောင်ဇော်ဦးက ခုခံပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆက်စပ်ပစ္စည်းအနေဖြင့် Laptop တစ်လုံး၊ လူကြီးခရီးစဉ် မှတ်စု စာအုပ်တစ်အုပ်၊ ကားတစ်စီးအား သိမ်းဆည်းရရှိခဲ့ပါသည်။ ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များပါ ရရှိထားပြီး အရေးယူမှုများ လုပ်ဆောင်သွားပါမည်။ ကျန်ရှိသည့် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိပါ။ CDM များအား စက်ရုံမှ နှင်ထုတ်ခြင်း၊ ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းများအထိ နာမည်ဆိုးဖြင့် ကျော်ကြားသူလည်း ဖြစ်ပါတယ်” လို့ Young Force က ဖော်ပြပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force ၊ Defense Team Pakokku (DTP)နှင့် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၁၈)ရက်ကလည်း ပခုက္ကူမြို စက်မှုဇုန်၊ (၆)လမ်းထဲမှာ အထိုင်ချ တပ်စွဲနေပြီး ပြည်သူတွေကို လက်နက်ပြ ဆက်ကြေးတောင်းနေတဲ့ ဖက်ဆစ်တပ်ကို ဒေသ ကာကွယ်ရေး တပ်ဖွဲဝင်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် သေတယ်လို့ Young Force တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

Zawgyi(version)

CDM ေတြကို ဖိႏွိပ္ေနတဲ့ ပခုကၠဴ ခ်ည္မွ်င္စက္႐ုံက ဗိုလ္မႉး ေအာင္ေဇာ္ဦးကို ဖမ္းဆီး၊
ျပန္လည္ခုခံလို႔ ပစ္ခတ္ရာက လင္မယားႏွစ္ေယာက္လုံး ေသ၊

MFP ၊ ၾသဂုတ္ – ၂၆

CDM ဝန္ထမ္းေတြကို ျခမိးေျခာက္တာ၊ ရန္ျပဳဖိႏွိပ္တာႏွင့္ ႏွင္ထုတ္တာေတြ လုပ္ေဆာင္ေနတယ္လို႔ နာမည္ဆိုးနဲ႕ ေက်ာ္ၾကားတဲ့ ပခုကၠဴၿမိဳ႕၊ အမွတ္(၅)ခ်ည္မွ်င္ႏွင့္အထည္ စက္႐ုံက ဗိုလ္မႉး ေအာင္ေဇာ္ဦး ကို ဝင္ေရာက္ ဖမ္းဆီးရာမွာ ျပန္လည္ခုခံတဲ့အတြက္ ပစ္ခတ္ဖမ္းဆီးခဲ့ၿပီး ဗိုလ္မႉးေအာင္ေဇာ္ဦးႏွင့္ ဇနီးျဖစ္သူ ေသဆုံးတယ္လို႔ ပခုကၠဴၿမိဳ႕ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ – Young Force က သတင္း ထုတ္ျပန္ပါတယ္။

ဒီေန႕ ၾသဂုတ္(၂၆)ရက္ မနက္(၆)နာရီက မေကြးတိုင္း ပခုကၠဴၿမိဳ႕၊ ၿမိဳ႕သစ္ရွိ အမွတ္(၅)ခ်ည္မွ်င္ႏွင့္အထည္ စက္႐ုံက ဗိုလ္မႉး ေအာင္ေဇာ္ဦးအား ဝင္ေရာက္ဖမ္းဆီးခဲ့တာလို႔ ဆိုပါတယ္။

ဖမ္းဆီးရာတြင္ အညံ့မခံဘဲ ျပည္သူ႕ကာကြယ္ေရး တပ္ဖြဲ႕မ်ာအား MA(1)ဟု ယူဆရေသာ လက္နက္ျဖင့္ ျပန္လည္ ပစ္ခတ္ခဲ့ပါသည္။ လ/န ခ် အဖမ္းခံရန္ ေအာ္ေျပာေသာလည္း ဆက္လက္ ပစ္ခတ္ေသာေၾကာင့္ မိမိတို႔တပ္ဖြဲ႕မ်ားမွ ပစ္ခတ္ရာ အမ်ိဳးသမီးမွာ ေနရာတြင္ ေသဆုံးၿပီး ဗိုလ္မႉး ေအာင္ေဇာ္ဦး လည္း ဒဏ္ရာမ်ားရရွိၿပီး ေဆး႐ုံသို႔ ပို႔ေဆာင္ရာတြင္ ေဆး႐ုံမွာဘဲ ေသသြားေၾကာင္း ကနဦးသိရွိရပါသည္ လို႔ Young Force က ေဖာ္ျပပါတယ္။

ပခုကၠဴ ၿမိဳ႕ထဲကေန ဖက္ဆစ္တပ္ေတြ စစ္ကူလာလို႔ ျပန္လည္ဆုတ္ခြာခဲ့ၿပီး အဲ့ဒီအခ်ိန္ ဗိုလ္မႉးေအာင္ေဇာ္ဦးက ခုခံပစ္ခတ္ေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဆက္စပ္ပစၥည္းအေနျဖင့္ Laptop တစ္လုံး၊ လူႀကီးခရီးစဥ္ မွတ္စု စာအုပ္တစ္အုပ္၊ ကားတစ္စီးအား သိမ္းဆည္းရရွိခဲ့ပါသည္။ ျပည္သူ႕စစ္ေခါင္းေဆာင္မ်ား၏ အခ်က္အလက္မ်ားပါ ရရွိထားၿပီး အေရးယူမႈမ်ား လုပ္ေဆာင္သြားပါမည္။ က်န္ရွိသည့္ မည္သည့္တစ္ဦးတစ္ေယာက္ကိုမွ် ဖမ္းဆီးခဲ့ျခင္းမရွိပါ။ CDM မ်ားအား စက္႐ုံမွ ႏွင္ထုတ္ျခင္း၊ ကိုယ္ထိလက္ေရာက္ ျပဳလုပ္ျခင္းမ်ားအထိ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသူလည္း ျဖစ္ပါတယ္ လို႔ Young Force က ေဖာ္ျပပါတယ္။

အဲ့ဒီ စစ္ဆင္ေရးကို ပခုကၠဴၿမိဳ႕ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕- Young Force ၊ Defense Team Pakokku (DTP)ႏွင့္ မဟာမိတ္တပ္ဖြဲ႕ေတြ ပူးေပါင္း လုပ္ေဆာင္ခဲ့တာလို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္(၁၈)ရက္ကလည္း ပခုကၠဴၿမိဳ စက္မႈဇုန္၊ (၆)လမ္းထဲမွာ အထိုင္ခ် တပ္စြဲေနၿပီး ျပည္သူေတြကို လက္နက္ျပ ဆက္ေၾကးေတာင္းေနတဲ့ ဖက္ဆစ္တပ္ကို ေဒသ ကာကြယ္ေရး တပ္ဖြဲဝင္ေတြက စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ စကစ ေျခာက္ေယာက္ ေသတယ္လို႔ Young Force တပ္ဖြဲ႕က သတင္း ထုတ္ျပန္ထားပါတယ္။