ဝင်ကြည့်ရင် ကြက်သိန်းမွှေးညှင်းထသွားစေမဲ့ PDF တွေဗျင်းလိုက်လို့ စစ်ခွေး(၄၀)ကျော်သေခဲ့တဲ့(ရုပ်သံ)

ယင်းမာပင်မှာ၆ရက်ဆက်တိုက်ပွဲပြင်းထန်၊စစ်ကောင်စီတပ်သား(၄၀)သေတယ်လို့သိရ

လူငယ့်ခေတ်
ဩဂုတ် ၂၆

ဩဂုတ်လ ၁၉ရက်နေ့ကနေ ၂၄ရက်နေ့အထိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အပြင်းအထန်ဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား(၄၀)နီးပါး သေခဲ့ကြောင်း YinmarbinLocalPDF(YMB LPDF)တပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်၊ ကပိုင်၊သီးကုံး စတဲ့ရွာတွေမှာ အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီအင်အား (၂၀၀)နီးပါး နဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း ၄၀ နီးပါး သေခဲ့တာလို့ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေဘက်က ရဲဘော်နှစ်ဦး ကျည်ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာတွေရခဲ့ပြီး ဒရုန်းနှစ်စီးပျက်စီးခဲ့တယ်လို့လဲ YMB LPDFတပ်ဖွဲ့က ဆိုပါတယ်။

ဩဂုတ်လ၂၅ရက်နေ့ မှာလဲ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့လဲ သိရပါတယ်။

#လူငယ့်ခေတ်
#lungekhit
Video-YinmarbinLocalPDF

ရုပ်သံကြည့်ရန်👇👇👇

Zawgyi(version)


လူငယ့်ခေတ်
ဩဂုတ် ၂၆





#လူငယ့်ခေတ်
#lungekhit