မုံရွာမြို့နယ်၊ လယ်ဇင်ရွာမှာ ဒလန်ဆိုသူ လမ်းပြလို့ ပြည်သူတစ်ဦးကို စကစ က ပစ်သတ်…see more

မုံရွာမြို့နယ်၊ လယ်ဇင်ရွာမှာ ဒလန်ဆိုသူ လမ်းပြလို့ ပြည်သူတစ်ဦးကို စကစ က ပစ်သတ်

ဩဂုတ်၂၆၊ ၂၀၂၂

ဒီနေ့မနက် ၆ နာရီမှာ မုံရွာမြို့နယ်၊ လယ်ဇင်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အား ၅၀ ခန့်နဲ့ သေနတ်တွေပစ်ဖောက်ဝင်ရောက်ခဲ့တာကြောင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေသူ ၆ ဦးက ကြောက် လန့်ပြီးပြေးလွှားခဲ့ရာ ထိုလူ ၆ ဦးထဲမှာ တစ်ဦးကို PDF ဟုဆိုစွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက”ပစ်သတ်ခံခဲ့ရာက ဦးအောင်ချစ်လို့ခေါ်တယ်။ မုံရွာထွေအုပ်က လက်သပ်မွေးထားတဲ့ ဒလန်အကြီးစား ဆန်းထွန်းဦးက လက်ညိုးထိုးပြီး ပစ်သတ်ခိုင်းတာ၊ ဦးအောင်ချစ်ကို အဲဒါ PDF ဆိုပြီး အတိအကျညွန်ပြခဲ့တာ၊ အဲဒါကြောင့်ဦးအောင်ချစ်ကို ရွေးပစ်ခဲ့တာ” လို့ ပြောပါတယ်။

မနေ့က လယ်ဇင်ရွာထဲက ဒလန်အမျိုးသမီးဖမ်းဆီးခေါ်ဆောင် သုတ်သင်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် လယ်ဇင် ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာလို့လည်းပြောပါတယ်။

“မနေ့က ရှင်းလင်းခံရတဲ့ အမျိုးသမီးက ဒလန်အကြီးစား ဆန်းထွန်းဝင်းရဲ့ ညီမတော်တယ်။ ဒါကြောင့် သူကိုယ်တိုင် လမ်းပြအဖြစ်လိုက်လာပြီး စစ်ကောင်စီတပ်တွေကို ဦးဆောင်လာတာ” လို့ပြောပါတယ်။

စစ်ကောင်စီက အခုလိုဝင်ရောက်လာတာကြောင့် ဒေသခံ ထောင်ကျော်က ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံက ပြောပါတယ်။

Photo…ဇန်နဝါရီလက စစ်ကောင်စီတပ်တွေက လယ်ဇင်ရွာကို ဝင်ရောက်မီးရှို့စဉ် ပုံအဟောင်း

Zawgyi(version)

မုံ႐ြာၿမိဳ႕နယ္၊ လယ္ဇင္႐ြာမွာ ဒလန္ဆိုသူ လမ္းျပလို႔ ျပည္သူတစ္ဦးကို စကစ က ပစ္သတ္

ဩဂုတ္၂၆၊ ၂၀၂၂

ဒီေန႕မနက္ ၆ နာရီမွာ မုံ႐ြာၿမိဳ႕နယ္၊ လယ္ဇင္႐ြာကို စစ္ေကာင္စီတပ္ဖြဲ႕ေတြက အင္အား ၅၀ ခန႔္နဲ႕ ေသနတ္ေတြပစ္ေဖာက္ဝင္ေရာက္ခဲ့တာေၾကာင့္ လက္ဖက္ရည္ဆိုင္မွာ ထိုင္ေနသူ ၆ ဦးက ေၾကာက္ လန႔္ၿပီးေျပးလႊားခဲ့ရာ ထိုလူ ၆ ဦးထဲမွာ တစ္ဦးကို PDF ဟုဆိုစြပ္စြဲကာ ပစ္ခတ္သတ္ျဖတ္ခဲ့တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ေဒသခံတစ္ဦးကပစ္သတ္ခံခဲ့ရာက ဦးေအာင္ခ်စ္လို႔ေခၚတယ္။ မုံ႐ြာေထြအုပ္က လက္သပ္ေမြးထားတဲ့ ဒလန္အႀကီးစား ဆန္းထြန္းဦးက လက္ညိုးထိုးၿပီး ပစ္သတ္ခိုင္းတာ၊ ဦးေအာင္ခ်စ္ကို အဲဒါ PDF ဆိုၿပီး အတိအက်ၫြန္ျပခဲ့တာ၊ အဲဒါေၾကာင့္ဦးေအာင္ခ်စ္ကို ေ႐ြးပစ္ခဲ့တာ လို႔ ေျပာပါတယ္။

မေန႕က လယ္ဇင္႐ြာထဲက ဒလန္အမ်ိဳးသမီးဖမ္းဆီးေခၚေဆာင္ သုတ္သင္ခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ လယ္ဇင္ ႐ြာထဲကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္စီးနင္းတာလို႔လည္းေျပာပါတယ္။

မေန႕က ရွင္းလင္းခံရတဲ့ အမ်ိဳးသမီးက ဒလန္အႀကီးစား ဆန္းထြန္းဝင္းရဲ႕ ညီမေတာ္တယ္။ ဒါေၾကာင့္ သူကိုယ္တိုင္ လမ္းျပအျဖစ္လိုက္လာၿပီး စစ္ေကာင္စီတပ္ေတြကို ဦးေဆာင္လာတာ လို႔ေျပာပါတယ္။

စစ္ေကာင္စီက အခုလိုဝင္ေရာက္လာတာေၾကာင့္ ေဒသခံ ေထာင္ေက်ာ္က ထြက္ေျပးတိမ္းေရွာင္ေနရ တယ္လို႔လည္း ေဒသခံက ေျပာပါတယ္။

Photo…ဇန္နဝါရီလက စစ္ေကာင္စီတပ္ေတြက လယ္ဇင္႐ြာကို ဝင္ေရာက္မီးရွို႔စဥ္ ပုံအေဟာင္း